Tuesday, July 5, 2011

ဇတ်တော်လာပဉ္စပါပီအကြောင်း

ကျနော် သူနဲ့တွေ့ပြီးကတည်းက မမြင်ရရင် မနေနိုင်၊ မတွေ့ရရင် အိပ်မပျော် ဖြစ်ခဲ့ရပါတယ်။ ဂန္တ၀င်တွေမှာ ကြားဖူးတဲ့ နာရီ ၊မိနစ် ၊ စက္ကန်နှင့်အမျှ သူ့အကြောင်းကိုပဲ တွေးနေတဲ့သူဆိုတာ ကျနော်လိုလူမျိုးဖြစ်နိုင်ပါတယ်။
ယခု ကျနော် သူ့ကိုပဲ ချစ်မိနေပါပြီ။
ကျနော်သူ့ကိုပဲ စွဲလမ်းနေပါပြီ။
တိတိကျကျ ပြောရင် သူနဲ့ “ထိ” တွေ့ပြီးကတည်းက စွဲလမ်းခဲ့တာပါ။ ထိတွေခဲ့စဉ်က အမှတ်တမဲ့ပါပဲ။
သူမက....ရုပ်ရည်ချောလို့လာ?
မဟုတ်ပါ။
သူမက....ပစ္စည်းဥစ္စာ ပေါလို့လား?
မဟုတ်ပါ။
သူမက....ကျနော်အပေါ် အလိုလိုက်၊ သိတတ်လွန်းလို့လား ?
မဟုတ်ပါ။
သူမကတော့ ရိုးရိုးလေးပါပဲ။ ကျနော့် အနေနဲ့ပြောတာပါ။ ပတ်ဝန်းကျင် အနေနဲ့ ပြောရင်တော့ အကြီးတန်မလေးလို့ ပြောကြမှာပါပဲ။
သူ့...ကို ကျနော် ဒီလောက်ထိအောင် ဘာလို့ စွဲစွဲလမ်းလမ်း ချစ်ခဲ့ရသလဲဆိုတာ ကျနော်ဖြစ်စဉ်ကို အရှက်မရှိ ဝန်ခံရပါစေ...

ကျနော်က တိုင်ပြည်အုပ်ချုပ်နေတဲ့ ဘုရင်မင်းတစ်ယောက်ပါပဲ။ တစ်နေ့ ကျနော်ကိုယ်တိုင် တစ်ယောက်တည်း တိုင်သူပြည်သားများ ငါ့အပေါ် ဘယ်လိုမြင်သလဲ၊ ပျော်ရွှင်မှုများ ရှိကြရဲ့လား စုံစမ်းချင်လို့ အရပ်သားယောင် ဆောင်ကာ ကျေးရွာတွေမှာ လှည့်လယ် စုံစမ်းနေတဲ့အချိန်ပါ။ တစ်နေ့မှာ ကလေးတွေလမ်းမပေါ်မှာ ကစားနေတာတွေ့ရပါတယ်။ ကျနော်က သြော်... ကလေးတွေက ကစားတော့လည်း စကား တောင်ပြော၊ မြောက်ပြော ပြောတတ်တာမို့ ငါ့အကြောင်းများ ပြောလေမလား စသည်ဖြင့် မယောင်မလည် ကလေးတွေနဲ့အတူ ဝင်ရောက် ပြေးလွှား ဆော့ကစားရင်းက သူမနဲ့စတွေခဲ့တာပါပဲ။
အတိအကျ ပြောမယ်ဆိုရင်တော့ ပြေးလွားဆော့ကစားရင်းက သူမလက်ကို အမှတ်အမဲ့ ကျနော့်လက်နဲ့ထိမိတဲ့ အချိန်မှစ၍ စွဲစွဲလမ်းလမ်းဖြစ်ခဲ့တာပါပဲ။

ကျနော် ဘယ်လို...ဘယ်နှယ်... ဖြစ်သွားမှန်းမသိပါ။ ဘ၀မှာ တစ်ခါမှ မတွေ့ထိဘူးတဲ့ ခံစားမှုမျိုး ကျနော်ခံစားခဲ့ရပါတယ်။ ကျနော်က .. စိတ်မထိမ်းနိုင်တော့လို့ သူမကိုမေးပါတယ်။ “မင်းမှာ ရည်းစားများ ရှိနေပြီးလား?” လို့။ ဒါနဲ့ ပြောဖို့မေ့ကျန်သွားတယ်။ အဲဒီအချိန်က သူမဟာ(၁၅)နှစ် (၁၆ နှစ်အရွယ်ပါ။ ကလေးများနဲ့အတူ ဆော့နေတယ်လေ။ ဒီတော့ သူမက... သူမကိုယ်တိုင် .. ရည်စားရှိဖို့ လုံးဝမမျှော်မှန်းမထားတဲ့ မိန်းကလေးဆိုတော့ အံသြစွာဖြင့် ချက်ချင်းပဲ “မရှိသေးပါဘူး” အကိုကြီးလို့ ဖြေပါတယ်။
သူမဆီက အဖြေကြားတော့ ကျနော်လည်း မရှက်နိုင်တော့ပါ။ “ဒါဖြင့် အကိုကြီး ညီမလေးကို လက်ထပ်ပါရစေ” လို့ချစ်ခွင့်တောင်းလိုက်ပါတယ်။
သူမအပြေအလွှား အိမ်ပြန်ပြီး အဖေ့ထံခွင့်တောင်းပါတယ်။ ဖခင်ကလည်း သမီးရုပ်ဆိုး ဒီဘဝသတစ်သက် လင်မရတော့ဘူးလို့တွက်ထားတာ။ လပ်ထပ်မယ့်လူရှိတယ်ဆိုတော့ မငြင်းတော့ပဲ။ ကြည်ဖြူစွာပဲလက်ခံခဲ့ပါတယ်။

တိုတိုပြောရရင်တော့ သူနဲ့ကျနော် တိုတိုကျင်းကျင်းပဲ လက်ထက်လိုက်တယ်ဆိုပါတော့။
အဲဒီအချိန်က စပြီး ကျန်နော် နေ့တိုင်း၊ ညတိုင်းလိုလို သူမထံ အရောက်သွားခဲ့ပါတယ်။ သူမရဲ့ အထိအတွေ့က သိပ်ကို ဆွဲဆောင်ခဲ့ပြီကို။ နေပူပူ၊ မိုးရွာရွာ ဘယ်လိုအခက်အခဲ ရာသိဥတု ရင်ဆိုင်ရပါစေ ကျနော် သူဆီကိုအမြဲရောက်ခဲ့ပါတယ်။ တောင်တွေ၊ တံတိုင်းတွေ ခြားစေဦးတော့ ကျန်နော် ဖြစ်တဲ့နည်းနဲ့ သူဆီိကို အရောက်သွားမှာပါပဲ။ သူမက ကျနော့်ကို ဖမ်းစားခဲ့ပြီလေ။
တစ်နေ့ကျနော် စဉ်းစားမိပါတယ်။ ငါဒီအတိုင်း နေ့တိုင်းသွားနေလို့ မဖြစ်သေးဘူး။ သူမကို နန်းတော်သို့ရောက်အောင်ခေါ်ဆောင်မှ ဖြစ်မယ်လို့အကြံဖြစ်ပါတယ်။ နောက်တနေ့ သူမ အိမ်လာတော့ နန်းတော်မှ သန်လျက်ကို ယူဆောင်လာပြီး သူမအိပ်တဲ့ ခုတင်အောက် သူမရဲ့ အိပ်ခန်းထဲမှာထားခဲ့ပါတယ်။
နောက်တနေ့ကျတော့ နန်းတွင်းမှာ သန်းလျက် ပျောက်တယ် ပျောက်တယ်နဲ့ အသဲအသန် ရှာကြတော့တာပါပဲ။ မှူးမတ်တွေ တမြို့လုံးလိုက်ရှာတာ။ မတွေ့ခဲ့ပါဘူး။ ဒါနဲ့ ကျနော်က..“မင်းတို့ အိပ်ခန်းတွေကော အကုန်လိုက်ရှာ မတွေ့လို့ ဘယ်ဖြစ်မလဲ”လို့ပြောတော့ ..။ သူမရဲ့ အိမ်ခန်း ကုတင်အောက်က သန်လျက်ကိုတွေ့ခဲ့ပါတယ်။
မှူးမတ်တွေက “တွေ့ပြီး....တွေ့ပြီး... ကလေးမ ..မင်.. ဒီသံလျက် ဘယ်ကကရသလဲ မှန်မှန်ပြော”လို့မေးတော့..။ သူမက...“ကျန်မ မဖြေတတ်ဘူး နေ့တိုင်း၊ ညတိုင်းလာတဲ့ ကျန်မယောက်ျား ပါလာတာပဲ”တဲ့။
'နင်ယောက်ျား ခိုးတာပဲ'
“မသိဘူး”
“နင့်ယောက်ျား သူ ..ဘယ်က လာတယ်ဆိုတာသိလား?”
“မပြောတတ်ဘူး”
“ဘာ အထိမ်းအမှတ် ရှိလဲ? ”
“ လက်ကို စမ်းကြည်ရင်ဖြင့် ကျမ ယောကျာ်းလက်ကို ကျမမှတ်မိပါတယ်”လို့ဖြေပါတယ်။
သူမကို နန်းတွင်းကို ခေါ်ဆောင်လာခဲ့ပါတယ်။ နန်းတွင်း လုံပေ့ဆိုတဲ့ အခန်းထဲမှာ သူမကိုထား ဘေးက အကာတွေကာပြီး သူမရဲ့.. လက်ထွက်နိုင်ရုံ အပေါက်တစ်ပေါက်ကိုပဲ ဖောက်ထားပါတယ်။ နန်တွင်းသားများနဲ့သာဆိုင်သော သန်လျက်ပြဿနာဆိုတော့ မှူးသော၊ မတ်သော၊မင်းသားသော၊ ဘာသော ညာသော မလုပ်ကြနဲ့ ဒီသူခိုးတော့ အမိဖမ်းမယ်လို့ ဆုံးဖြစ်လိုက်ကြပါတယ်.......။
ကျနော် ဣနြေ္ဒရရနဲ့ပဲ စောင့်နေပါတယ်။ သူမကတော့.. နန်းတွင်းမှာ မှူးမတ်များပေးတဲ့ လက်တွေကို တစ်ယောက်ချင်း၊ တစ်ယောက်ချင်း စမ်းတော့တာပါပဲ။ သူမကတော့စမ်းမိတဲ့လက်တိုင်းကို .သူမယောကျာ်းလက် မဟုတ်ဘူးလို့ ငြင်းပါတယ်။
သို့သော်ငြားလည်း သူမ.လက်နဲ့ အထိခံရတဲ့ နန်းတွင်းမှ ယောကျာ်းမှန်သမျှ သူမရဲ့ “အထိအတွေ့”ကို သာယာနှစ်သက်မိပြီး “သန်လျက် သူခိုးမပေါ်လျှင်၊ ငါသူခိုးလို့ ၀န်ခံပြီး သူမကို လက်ထပ်မယ့် အသီးသီးစိတ်ဆုံဖြတ်ခဲ့ကြပါတယ်တဲ့။
နောက်ဆုံး ကျနော်အလှည့်ရောက်ပါပြီ ... ကျနော်လည်း ခပ်တည်တည်နဲ့ ကျနော့် လက်ကိုပေးလိုက်ပါတယ်။ သူမက စမ်းကြည့်ပါတယ်။
“ဟော.တွေ့ပြီ....တွေ့ပြီ... ကျမယောကျာ်းလက်တဲ့”
ကျနော့် သူမကို စွဲလမ်းမိလို့ သန်လျှက်သခိုးဖြစ်ခဲ့ရပါပြီ
ဒါပေမဲ့ ကျနော်မရှက်ပါ။ အရှက်ကို .အချစ်နဲ့ပေးဆပ်ပါမယ်
အချစ်ကို ဘ၀နဲ့ပေးဆပ်ပါမယ်၊
အချစ်ကို နန်တော်နဲ့ပေဆပ်ပါမယ်၊
သူမက..ဒါဟာ ကျန်မယောကျာ်းပဲဆိုတော့ ရှင်ဘုရင်ဣနြေ္ဒ မစောင့်ထမ်းနိုင် ခပ်ပြုံပြုံပဲ အခန်းထဲမှ ထွက်လာခဲ့ပါတယ်။
ကျနော်က .. မှူးမတ်တွေကို မေးပါတယ်။
“ နေစမ်းပါဦး ...သူမ ...လက်ကို စမ်းတော့ မင်းတို့ ဘယ်လိုခံစားရသလဲ?”လို့
မှူမတ်းအားလုံးက..“သူခိုး မပေါ်ရင် ကျတော်တို့ဝန်ခံမလို့”တဲ့။
ကျနော်လည်း မရှက်ပါ။ ငါလည်း ဒီလိုပါပဲဆိုပြီး သူမနဲ့ ကျနော်ရဲ့ အချစ်ဇာတ်လမ်းကို ပြန်ပြောပြခဲ့ပါတယ်။
မှူမတ်များကတော့ အရှင်မင်းမြတ်နဲ့ ထိုက်တန်ပါတယ်တဲ့။
ကျနော်လည်း ပျော်ရွှင်စွာဖြင့်ပဲ သူမကို နန်းတော်မှခေါ်၍ မိဖုရား အဖြစ်တင်မြှောက်လိုက်ပါတယ်။
သူမကတော့ အခြားမဟုတ်ပါ။ ရုပ်ဆိုးမလေး “ပဉ္စပါပီ”ပဲဖြစ်ပါတယ်။
အလှအပသာမဟုတ် ဗောဋ္ဌဗ္ဗာရုံ အတွေ့အထိကလည်း လူတွေကို စွဲလမ်းစေတတ်ကြောင်း သိစေရန် ဇာတ်တော်လာ ပဉ္စပါပီ အကြောင်းမှိငြမ်းတင်ပြပါသည်။
ကြိုက်လားဒီပုံလေးကို...ဟီး ဟီး တော်တော်လန်းမယ့်ပုံ....ဟိ..ဟိ

No comments:

Post a Comment