Saturday, August 23, 2014

ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ

ခြေထောက် ကြွက်တက်ခြင်းနှင့် ဖြေရှင်းနည်းများ ခြေထောက်ကြွက် တက်ခြင်း ဆိုတာကို လူတိုင်း မကြုံဖူးပေမယ့် ကြားတော့ ကြားဖူးကြမှပါ။ ကြွက်တက်ခြင်း ဖြစ်တတ်တဲ့ အကြောင်းရင်းတွေနဲ့ ဖြေရှင်း နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကြွက်တက်ခြင်းဆိုတာ ဘာလဲ
ခြေသလုံးနေရာနဲ့ ဒူးခေါင်းရဲ့ အနောက်ဘက်နေရာက ကြွက်သားတွေ တအား နာကျင်လာတတ်တဲ့ ခံစားမှုမျိုးပါ။ တစ်ခါတလေ ခြေဖဝါးနေရာက ကြွက်သားတွေမှာလည်း ဖြစ်တတ်ပါတယ်။ အချိန်အားဖြင့် စက္ကန့်ပိုင်းနဲ့ မိနစ်အနည်းငယ်လောက် ကြာတတ်ပြီး တချို့တွေမှာ ၁၀ မိနစ်လောက် ဖြစ်တတ်ပါတယ်။ တချို့တွေမှာ ကြွက်တက်တာဟာ တစ်နေ့တာ လှုပ်ရှားမှုပြီးလို့ ညအိပ်ရာဝင်ချိန်ကျမှ ဖြစ်တတ်ပါတယ်။ အိပ်စက်ချိန်ကို အနှောင့်အယှက်ပေးတတ်ပါတယ်။

ဘယ်လိုလူတွေမှာ ကြွက်တက်တတ်သလဲ
လူတိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေမှာ အများဆုံး ဖြစ်တတ်ပြီး ကြွက်တက်တဲ့သူ သုံးယောက်မှာ တစ်ယောက်နှုန်း ဟာ အသက် ၆၀ ဝန်းကျင်တွေမှာ အဖြစ်များပါတယ်။ ၁၀ ယောက်မှာ လေးယောက်နှုန်းဟာ တစ်ပတ်မှာ သုံးကြိမ်လောက် ကြွက်တက်တတ် ပါတယ်။

ဘယ်လိုပြဿနာတွေက ကြွက်တက်စေတာလဲ
အခြေအနေတစ်ခုကို အခြေခံပြီး ကြွက်တက်တာမျိုးတော့ မရှိတတ်ပါဘူး။ ခြေထောက် ကြွက်သားတွေဟာ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ဖို့ ခက်ခဲတဲ့ အချိန်မျိုးမှာ ရုတ်တရက် ကြွက်တက်တဲ့ အခြေအနေကို ဖြစ်စေပါတယ်။ အိပ်ပျော်နေချိန်မှာ သင့်ခြေထောက်ဟာ ကွေးတာဆန့်တာကို သင်ကိုယ်တိုင် သတိမထားမိနိုင်ပါဘဲ ကြွက်တက်တာမျိုး ဖြစ်စေပါတယ်။ ဒါက ကြွက်သားတွေ ပုံစံမကျခြင်းကြောင့်ဖြစ် တဲ့ ပြဿနာမျိုး ဖြစ် တာကြောင့် ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပေးတာမျိုးနဲ့ သက်သာစေနိုင် ပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့ ပြဿနာကတော့ တခြားကျန်းမာရေး ပြဿနာ တွေကြောင့် သောက်သုံးနေရတဲ့ ဆေးဝါး တချို့ရဲ့ ဘေးထွက် ဆိုးကျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ ကြွက် သားတွေကို အပြင်းအထန် ဖိအားပေးခံရတာမျိုး၊ ရေဓာတ်ခန်းခြောက်တာ မျိုး၊ သွေးထဲမှာ ဆားဓာတ် မညီမျှတာမျိုး၊ ကိုယ်ဝန်ဆောင်ချိန်၊ သိုင်းရွိုက်ပြဿနာ၊ ခြေထောက် အတွင်း သွေးလည်ပတ်မှု အားနည်းတာမျိုး၊ အရက်အလွန် အကျွံ သောက်တာမျိုး၊ အာရုံကြော အားနည်းတာ၊ ကျောက်ကပ်ရောဂါ ကု ဆေးဝါးတွေ သောက်သုံးနေရတာမျိုးတွေကြောင့် ကြွက်တက်တတ်ပါ တယ်။

ဘယ်လို ကုသမှု ပေးနိုင်မလဲ
အကြောတွေကို ဆန့်ထုတ်ပေးတဲ့ လေ့ကျင့်မှုမျိုးနဲ့ နှိပ်နယ်ပေးတာမျိုးတွေ က ခြေထောက် ကြွက်တက်တာကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး သက်သာစေနိုင်ပါတယ်။ နာကျင်မှုကတော့ ကြွက်တတ်တာ သက်သာ သွားပေမယ့် ကျန်နေတတ်ပါတယ်။ နာကျင်မှုကို သက်သာစေဖို့ ပါရာစီ တမောလို ဆေးမျိုးတွေ သောက်ပေးနိုင်ပြီး ကြွက်တက်တာ သက်သာပြီးလို့ ၂၄ နာရီကြာမှ နာကျင်မှု သက်သာသွားနိုင်ပါတယ်။ ရေဓာတ်ခန်းခြောက် မှုကြောင့် ကြွက်တက်တာမျိုးဆိုရင်တော့ လုံလောက်တဲ့ ရေပမာဏ သောက်ပေးဖို့ လိုပါတယ်။ ဆေးဝါးကုသမှုတွေ လိုအပ်ရင်တော့ လေးပတ်ကနေ ခြောက်ပတ်အထိ သောက်သုံးပေးဖို့ လိုပါတယ်။ ကြွက် တက်တာကို သက်သာစေဖို့ မဂ္ဂနီဆီယမ်၊ ဗီတာမင်ဘီကွန်ပေါင်း၊ ဗီတာမင်အီး၊ diltiazem, naftidrofuryl, orphenadrine နဲ့ verapamil ပါဝင်တဲ့ ဆေးတွေကို မှီဝဲပေးသင့်ပါတယ်။

ဘယ်လိုကာကွယ်တားဆီးမလဲ
တစ်ခါတလေ ကြွက်တက်တာမျိုးကတော့ ဖော်ပြပါ နည်းလမ်းလေးတွေ နဲ့ ဖြေရှင်းပေးနိုင်ပြီး ကြိမ်ဖန်များစွာ ကြွက်တက်ခြင်းအတွက် ဆိုရင်တော့ ကုသနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေရမှာ ဖြစ်ပါတယ်။သင့်မှာ လက်ရှိသောက် သုံးနေရတဲ့ ဆေးဝါးတွေရှိရင် အဲ့ဒီဆေးဝါးရဲ့ ဘေးထွက်ဆိုးကျိုးကို သိဖို့ ဆရာဝန်ကို အမြန်ဆုံး ပြသကာ မေးမြန်းဆွေးနွေးပါ။ ဆေးဝါးသောက်နေ ရသူ မဟုတ်ဘူး ဆိုရင်လည်း တခြားကျန်းမာရေး ပြဿနာ ရှိ၊ မရှိ ဆွေးနွေး တိုင်ပင်ပါ။ ကြွက်တက်ခြင်း သက်သာစေမည့် နည်းလမ်းများ

ဆွဲဆန့်လေ့ကျင့်ခန်းတွေက ကြွက်တက်တာကို ကုသနိုင်တဲ့ နည်းလမ်း မဟုတ်ပေမယ့် သက်သာစေနိုင်တဲ့ နည်းလမ်းတွေထဲက တစ်ခုပါပဲ။ လေ့လာမှုတွေအရ သတ်မှတ်မထားပေမယ့် ဆရာဝန် အများစုကတော့ လမ်းညွှန်လေ့ ရှိကြပါတယ်။ ကြွက်သားတွေကို အထောက်အကူပြုစေမယ့် ဆွဲဆန့်လေ့ကျင့်ခန်းတွေကို တစ်နေ့ ငါးမိနစ်၊ သုံးကြိမ်လောက် ပြုလုပ်ပေးပါ။ အိပ်ရာမဝင်ခင်မှာ ပြုလုပ်ပေးရင် ပိုကောင်းပါတယ်။ နံရံမှာ လက်ထောက်ထားပြီး မတ်တတ်ရပ်နေကာ ခြေထောက်တွေကိုနောက်ပြန်ဆန့်တန်းတင်တဲ့ လေ့ကျင့်မှုမျိုးကို ကြွက်တက်တာ သက်သာစေဖို့ ပြုလုပ်ပေးနိုင်ပါတယ်။

ကြွက်တက်ခြင်း သက်သာစေမည့် အိပ်စက်မှုပုံစံ
သင့်အိပ်စက်မှုပုံစံကလည်း ကြွက်တက်တာကို သက်သာစေဖို့ ကူညီနိုင်ပါတယ်။ - ခြေထောက်အောက်ထဲမှာ ခေါင်းအုံးတစ်လုံးခုထားပြီး သင့်ရင်ဘတ်နေ ရာထက် အနည်းငယ် မြင့်နေအောင် အိပ်ပါ။ - ခြေထောက်ကို ကွေးကောက်နေတာမျိုး မဖြစ်စေဘဲ သေချာ ဆန့်တန်းပြီး အိပ်ပါ။

သင့်ခြေချောင်းတွေနဲ့ ခြေထောက်တစ်ခုလုံးကို စောင်နဲ့ သေချာလုံခြုံနွေးထွေးအောင် ထားပြီး အိပ်စက်ဖို့ လိုပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit : By Good Health

လိုချင်တာ အကုန်နီးပါးရနိုင်မဲ့ 

အဘိဓာန်များ
ဓာတ်ပုံနည်းပညာ 
 MP3
      MP3 ဖိုင်ထဲမှာ ဓာတ်ပုံထည့်သုံးနိုင်တဲ့ MP3tag လေ့လာရန် 

Portable
ဖိုင်တွဲကြီးကြီးများပို့ရန်
အင်တာနက်ကြည့်ရန် web browserများ
ကျော်မယ်ခွမယ်

Hardware ကိုစစ်တဲ့ software
Antivirus Software များ 

ဒေါင်းကြမယ်ဟေ့ ကောင်းကောင်း

Wireless Router ချိတ်ဆက်ပုံ

           လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း လုပ်ဆောင်သည်
(၁)ချိန်ဆက်မည့် Wireless Router ရှိ WLAN ပေါက်တွင် အင်တာနက် ရရှိသည့်  cable ကြိုး ကို တပ်ဆင်
ပြီး WNAM ပေါက်တွင်  Desktop computer တစ်လုံး၌ တပ်ဆင်လေ၏။
(၂)ထို့ နောက် Internet Explore ကို ဖွင့် ၍ 192.168.1.1 ကို ရိုက်ဖွင့် လေ၏။
(၃)ဘောက် တစ်ခု ကျလာလျှင်  user=admin နဲ့ password=admin ကိုရိုက်ဖွင့် လေ၏။
(၄)TP Link ထဲသို့  ရောက် ပါက Quick Start ကို နှိပ်ပါ။Next ကိုနှိပ်ပါ။
(၅)Static IP ကို ရွေးပြီး Next ကိုနှိပ်ပါ။
(၆)IP Address. Subnet Mask,Default Gateway ,Primary DNS,Secondary DNS တို့ ကို ဖြည့် ပါ။ဥမ
မာ(165.116.1.125၊255.255.255.0၊165.116.1.158၊203.81.64.20၊203.81.64.21 )စသဖြင့်  အင်တာ
နက်သုံးစွဲ၍ ရနေသော IP များကို ထည့် ပါ။
(၇)နောက်တစ်ဆင့် ရောက်ပါက Next။
(၈)Wireless Network Name တွင် မိမိနှစ်သက်ရာ အမည်ပေးပြီး Next  လုပ်ပါ။ဥပမာ(MMT Cyber Cafe)
(၉)finesh လုပ်ပါ။Reboot လုပ်ပါ။
(wireless router ၏လုပ်ငန်းစဉ် များဖြစ်သည်)
ထို့ နောက် Internet Explore တွင် Internet Option ကို ဖွင့် ၍ connection tab မှ Lan setting ကိုဖွင့် ပါ။
Proxy sever တွင်  address ထည့် ပါ။ဥပမာ(ygncache.mpt.net.mm :8080)
၎င်းနောက် Mu Network Place တွင် Internet Protocol(TCP.IP)၍ obtain an IP address automatically
ကိုရွေး၍ အိုကေ လုပ်ပါ။
www.google.com ကိုဖွင့် ကြည့် ပါ ။ရပါက wireless လုပ်ငန်းစဉ်ပြီးပြီဖြစ်၏။တစ်ခြား Laptop တစ်လုံးတွင်
wireless ဖွင့် ၍ No Proxy နဲ့  Obtain an IP address automatically လုပ်ပြီး လှမ်းသုံးနိုင်ပြီ။

မိမိ ၏ Wireless Network ကို တစ်ခြား သူများကို မသုံးစေလိုပါက select wireless security တွင် WPA2-PSK-
Personal(Recommended)အောက်၍ password ပေး၍ သုံးနိုင်သည်။

credit to မောင်စေတနာ

Tuesday, August 19, 2014

About Blur - A Launcher Replacement




Welcome to Blur, our launcher replacement!


Blur is a custom launcher designed by Klinker Apps Inc. to bring you the most innovated experience on Android. With Blur, any developer can go in and create a "Page" for their app that can be displayed right on your homescreen, just a swipe away. Think about it like the Google Now Launcher, but instead of being limited to just Google Now on the side, you can use any app with a supported "Page"!

Out of the box, we have created pages for both of our newest apps, EvolveSMS and Talon for Twitter. We also have a Google Now style "Info Page" that other developers can plug into and create custom cards for.

To get the EvolveSMS page, just download the app: http://goo.gl/i4mzvB
To get the Talon for Twitter page, follow these steps:
1.) Download Talon for Twitter from the Play Store: http://goo.gl/Jfcpzw
2.) Download and install the Talon Launcher Page: http://goo.gl/rXRkhG

The reason you need to download the seperate launcher page app is because of system limitations preventing us from reading the correct data from the normal Talon app (since it is paid).

As I said, other devs can also create their own "pages" or "info cards" for Blur! Just search the Play Store for "Blur Launcher" and they should start to appear once developers start to make them!

To apply pages to your launcher:
1.) Long click an empty space on the homescreen, then press settings.
2.) Go to the page picker, and just hit the add button on an open page (swipe left and right to get to other pages)
3.) Next time you return to your homescreen, it will restart itself and the pages will be there!

To apply info cards to the "Info Page":
1.) Add the info page to your launcher with the above steps
2.) Go back to settings and click the card picker button
3.) Pressing the "Add Card" button on that screen will then bring up a list of all the available cards


The page and card settings are just the beginning though. Diving into the rest of the settings, you will find things like:
- Custom icon pack support
- Simple gesture support
- Dock toggle and options
- Icon scales
- Scroll effects
- Font options
- "Android L" style option
- Search bar toggle
- Grid size selection
- And many more!

A few other features that are included:
- "Ok Google" hotword detection (4.4+)
- Unread counts (Experimental)
- Ability to edit icon names and select icons individually
- Move, delete, and create "All Apps" buttons
- Hide apps
- Lock the homescreen
- Adjust orientation
- Resize any widgets
- And much more!

** Using the unread counts (Requires Android 4.3+): **
They are currently housed under the "Experimental Settings" section of the app because they are very new. You can get to this section from the 3-Dot overflow menu in settings. There you will find information about how it works and steps to getting them going.
Here are some steps to get it enabled:
1.) Install "Blur - Unread": http://goo.gl/Gi0x18
2.) Go to "Experiment Settings" and enable the "Unread Badges" setting.
3.) Click on the notification listener option and enable the "Blur - Unread" listener.
4.) Return to your homescreen, it will restart and counts will begin to appear as they come in.


Hope you enjoy our project, I know we have had a lot of fun making it!

Here are some helpful links for the project as well. Remember to check out the Settings -> Help -> Frequent Questions section first! Many of your issues will be solved or explained fairly quickly there, without worrying about waiting for us to respond!

Google+ Beta Community: http://goo.gl/bTrWIL
Twitter Support: https://twitter.com/lukeklinker (@lukeklinker)
Website: http://klinkerapps.com
Email: support@klinkerapps.com
YouTube Video: http://youtu.be/HD66-8a3J1w


** For Developers **
Extension API and example projects: https://github.com/klinker-apps/blur-launcher-apis

အသုံးအနှုန်းများ


==============
မေး။ ကျွန်တော်တို့မြန်မာတွေ အလွန်နားယဉ်နေတဲ့ သိကြားမင်း ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ.။ ပြီးတော့ နတ်သုဒ္ဓါကိုရော ဘယ်လိုခေါ်ပါသလဲ။
ဖြေ။ သိကြားမင်းကို Indra လို့ သုံးနှုန်းပါတယ်။ နတ်သုဒ္ဓါကိုတော့ Nectar လို့ခေါ်ပါတယ်။ Ambrosia လို့လည်း သုံးနှုန်းလေ့ရှိပါတယ်။ သူကတော့ မက်မုန်သီးတစ်မျိုးကိုခေါ်တဲ့ နာမည်ပေါ့။
...
မေး။ စာခြောက်ရုပ်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ ..
ပြီးတော့ လောက်စာလုံးကိုရော ဘယ်လိုသုံးနှုန်းပါသလဲ။
ဖြေ။ စာခြောက်ရုပ်ကို Scarecrow လို့ခေါ်ပါတယ် .. လောက်စာလုံး ကိုတော့ pellet လို့ခေါ်ပါတယ်။
..........................
မေး။ စက္ကူပန်းကို ဘယ်လိုခေါ်သလဲ။
ဖြေ။ Paper Flower တော့ မလုပ်နဲ့ပေါ့ဗျာ။ Bougainvillea ခေါ်ပါတယ်။
..........................
မေး။ ဘီလူးနဲ့ ဂဠုန်ကို အင်္ဂလိပ်လို ဘယ်လိုခေါ်ပါသလဲ။
ဖြေ။ ဘီလူးကို Ogre လို့ခေါ်ပါတယ် .. အိုဂါးလို့ အသံထွက်ပါတယ် (အိုပါးနှင့် မမှားစေလိုပါ) ။ ဘီလူးမကို တော့ အိုနီး .. အဲလေ Ogress အိုဂရတ်စ် လို့ခေါ်ပါသတဲ့။ ဂဠုန်ကတော့ Garuda, Garudha, Gruna စသည်ဖြင့်
ကြိုက် ရာရေးနိုင်ပါသတဲ့။
.........................
မေး။ ကျို့ထိုးတာနဲ့ လေချဉ်တက်တာကို ဘယ်လိုခေါ်ပါသလဲ။
ဖြေ။ ကျို့ထိုးတာကို ... Hiccup လို့ခေါ်ပြီး .. လေချဉ်တက်တာကို Belch လို့ခေါ်သတဲ့။ လေလည်တာကိုတော့ .. Fart လို့ခေါ်ပြီး Break wind လို့လည်းခေါ်သေးသတဲ့။
.........................
မေး။ အနိစ္စနဲ့ ဥပေက္ခာကို ဘယ်လိုခေါ်သလဲ။
ဖြေ။ အနိစ္စကို Impermanence လို့ခေါ်ပြီး ဥပက္ခာကိုတော့ Detachment သို့မဟုတ် Aloofလို့လည်းသုံးနှုန်းပါသတဲ့။
....................
မေး။ အော်ဂလီဆန်တာ နဲ့ မခံချိ မခံသာ အသည်းယားတာကို ဘယ်လိုခေါ်ပါသလဲ။
ဖြေ။ အော်ဂလီဆန်တာကို Reich လို့ခေါ်တယ် (ပျို့တက်တယ် .. အန်ချင်တယ်ပေါ့လေ)။
လက်ယားတာ အသည်းယားတာ မခံချိမခံသာ ကျလိကျလိ ဖြစ်တာတွေကို တော့ Nettle လို့သုံးပါတယ်။
.............................
မေး။ ကွမ်းယာမှာ ထည့်စားတဲ့ .. ကွမ်းသီး၊ လေးညှင်းပွင့်၊ နွယ်ချို၊ စမုံစပါး စတာတွေကို အင်္ဂလိပ်လို ဘယ်လိုခေါ်သလဲ။
ဖြေ။ ကွမ်းသီးကို Areca ၊ လေးညှင်းပွင့်ကို Clove၊ နွယ်ချိုကို Liquorice ၊ စမုံစပါးကို Dill Seed လို့ခေါ်ပါတယ်။
....................................
မေး။ လူ့ခွစာ နဲ့ သူငယ်ပြန် တာကို အင်္ဂလိပ်လိုဘယ်လိုခေါ်ပါသလဲ။
ဖြေ။ လူ့ခွာစာကို Codger လို့ခေါ်ပြီး သူငယ်ပြန်တာကို Dotard လို့ခေါ်ပါတယ်။
တာရာမင်းဝေ…

Monday, August 18, 2014

သင့်နာမည်လေးကို စစ်ကြည့်ပါ


သင်ရဲ. နာမည် မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက် ကို ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည့်လိုက်လေ။
ဥပမာ . သင့်နာမည်က Lin Lin ဆိုပါတော့ .. ဒါဆို
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ
ဒါဆို သဘောပေါက်ပြီနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ့ A ကနေ Z ထဲ က သာရှာကြည်.
ကြပေတော. ။
A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည်း သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ့သူပဲ
F = သင့်မှာ ချစ်မွေး ပါတယ်
G = သင့်ဟာ လူတွေ ကို အကဲခတ်အရမ်းတော်တယ်
H = သင့်မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်ဟာ အမြဲ တမ်း ပြုံးနေပြီး သူတပါးကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရှုစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေကို သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ့် ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင့်လင်း တဲ့သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည့်ရှိတယ်
Q = သင် ဟာ သူတော်ကောင်း ယောင်ဆောင်ထားတယ်
R = သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင့်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင့်မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ့တယ်
Z = သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။
ကဲ ဘယ်လိုလဲ ? တိုက်ဆိုင်မှုရှိမရှိ ကိုယ်ကိုတိုင်ဘဲ သိမှာပါ..
Credit -Original Writer