Tuesday, October 14, 2014

တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ


Misconception #1လွဲမှားသောအယူအဆ(၁)
Meditation is just a relaxation technique
တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း

တရားဘာဝနာကို အပန်းပြေရုံ၊ အနားယူခြင်းအဖြစ်မျှသာအားထုတ်ခြင်း မျိုးမလုပ်သင့်ပါ။ စိတ်ရောကိုယ်ပါအနားရပြီး အပန်းပြေခြင်းသည်
တရားအားထုတ်ခြင်း၏အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဝိပဿနာဘာဝနာ(Vipassana-style meditation)သည်ထိုမျှမက
ေေေ လေးနက်သောပန်းတိုင်ကိုရည်ညွန်းသော်ငြားလည်း အားထုတ်သူယောဂီများစုက အပန်းဖြေအနားယူခြင်းနည်းလမ်းတစ်ခုမျှသာယူဆလေ့ကျင့်ကြသည်။
တရားအားထုတ်နည်းအမျိုးမျိုးတို့သည် စိတ်၏အာရုံစူးစိုက်ခြင်း(သမာဓိ)ကိုအလေးအနက်ထားကြသည်။ စိတ်ကိုအာရုံတစ်ခုခုပေါ်၌သော်လည်းကောင်း၊အရူခံ(စိတ်၊ဝေဒနာ၊ဝင်သက်ထွက်သက်၊ကသိုဏ်းပရိကံ)တစ်ခုခုပေါ်၌သော်လည်းကောင်း
ငြိမ်သက်စွာတင်ထားခြင်းဖြစ်သည်။ အလေးအနက်အပြင်းအထန်လေ့ကျင့်နိုင်လျှင် ဈာန်ဟုခေါ်သော၊ပီတိသုခချမ်းသာတိုဖြင့်ပြည့်ဝသည့်အဆင့်မြင့်သမာဓိကိုရရှိနိုင်သည်။ ဈာန်သည်အာရုံတစ်ခုတည်း၌အချိန်ကြာမြင့်စွာတည်ငြိမ်နေသော(ဧကဂ္ဂထာ)စိတ်မျိုးဖြစ်သည်။
သာမာန်စိတ်တို့ထက်သာလွန်သော ပီတိချမ်းသာသုခဖြင့်ပြည့်ဝနေသောခံစားမူတစ်မျိုးဖြစ်သည်။ အားလုံးသောကမ္မဌာန်းနည်း(၄၀)သည်ထိုအဆင့်တွင်လမ်းဆုံးကြသည်။
ထိုအဆင့်သည်ပန်းတိုင်ဖြစ်ပြီး၊သင့်လည်းထိုအဆင့်သို့ရောက်ရှိပါက ဘဝတစ်ခုလုံး၏ကျန်အချိန်အားလုံးကို ထပ်ခါထပ်ခါလေ့ကျင့်နေခြင်းဖြင့်ကုန်ကောင်း
ကုန်လွန်စေလိမ့်မည်။ ဈာန်သည် ဝိပဿနာဘာဝနာမဟုတ်ပါ။ ဝိပဿနာဘာဝနာ၌သတိတရားမြဲမူလိုအပ်သည်။ သတိတရားဖြစ်ရန် သက်တောင့်သက်သာအာရုံစူးစိုက်စွမ်းရှိရမည်။
ပီတိ၊သုခနှင့်အပန်းပြေမူသည် တရားအားထုတ်ခြင်း၏ ဘေးထွက်ပစ္စည်း(by products)၊ ပန်းတိုင်၏ရှေးပြေး(precursors)
နှင့်မိမိတရားအားထုတ်နည်းမှန်မမှန်စစ်ဆေးနိုင်သည့် စံအရာမျှသာဖြစ်သင့်သည်။ သိုသော် ပီတိ၊သုခနှင့်အပန်းပြေမူတို့ကိုပန်းတိုင်အဖြစ်မသတ်မှတ်သင့်ပါ။
ဝိပဿနာဘာဝနာသည် အလွန်လေးနက်သိမ်မွေ့သော ဗုဒ္ဓဘာသာ၏ကျင့်စဉ်ဖြစ်ပြီး ကိလေသာတရားများ
မှလွတ်မြောက်ရန်၊ စင်ကြယ်ရန် နှင့် စိတ်အဆင့်ဆင့် တိုးတက်ပြောင်းလဲရန်တို့ဖြစ်သည်။
Misconception #2 လွဲမှားသောအယူအဆ(၂)
Meditation means going into a trance
အသိတရားကင်းလွတ်၊မေ့မျောနစ်မောနေရန် လွဲမှားစွာတရားအားထုတ်ခြင်း
အသိတရားမှကင်းလွတ်၊မေ့မျောသွားအောင်ပြုလုပ်နိုင်သောနည်းလမ်းများရှိကောင်းရှိနိုင်ပါသည်။ ဝိပဿနာဘာဝနာသည်
အသိတရားကင်းလွတ်၊မေ့မျောနစ်မောသွားအောင် လေ့ကျင့်ခြင်းမဟုတ်ပါ။ ဝိပဿနာဘာဝနာသည် မိမိကိုယ်ကိုအိပ်မွေ့ ချခြင့်၊စိတ်ညို့ခြင်း (hypnosis)
လည်းမဟုတ်ပါ။ မိမိစိတ်ကို အသိတရားကင်းလွတ်သွားအောင်(Black out) အားထုတ်ခြင်းလည်းမဟုတ်ပါ။ သင့်ကို
သင်ခံစားမူကင်းသည့်ဟင်းသီးဟင်းရွက်အဖြစ်ရောက်အောင်ကြိုးစားနေတာမျိုးမဖြစ်သင့်ပါ။ ထိုသို့မဖြစ်အောင်ကြိုးစားခြင်းကသာနည်းမှန်ဖြစ်သည်။
တရားဘာဝနာပွားများခြင်းဖြင့် သင်ခံစားမှု၏ အပြောင်းအလဲခြင်းများကို တစ်ထက်တစ်စပိုပြီးနားလည်လက်ခံနိုင်လိမ့်မည်ဖြစ်သည်။ သင့်ကိုသင်
ပို၍တိကျရှင်းလင်းပြတ်သားစွာလက်ခံနိုင်ရန်သင်ယူအားထုတ်သင့်သည်။ တရားဘာဝနာအားထုတ်ရန်ကြိုးစားသင်ယူခြင်းဖြင့် ကမ္မဌာန်းအာရုံ၌နစ်မျောနေသော
စိတ်အဆင့်များဖြစ်ပေါ်လာမည်။ အသိတရားကင်းလွတ်ခြင်းမျိုးမဟုတ်ပါ။ အသိကင်းနေ သည့်အခိုက် (In hypnotic trance) တစ်စုံတစ်ယောက်က
ယောဂီ၏စိတ်ကိုလာရောက်ထိန်းချုပ်နေခြင်းဖြစ်ပြီး၊ အဆင့်မြင့်သမာဓိရရှိ(ဈာန်ဝင်စား) နေသည့်ယောဂီသည် မိမိ၏ကိုယ်ပိုင်သတိရားအောက်တွင်ရူမှတ်နေခြင်းဖြစ်သည်။
အသိကင်းနေခြင်းသည် စိတ်၏အပေါ်ယံဖြစ်စဉ်မျှသာဖြစ်ပြီး ဝိပဿနာဘာဝနာမဟုတ်ပါ။ အဆင့်မြင့်သမာဓိ(ဈာန်)သည် သတိတရားမြရန်အတွက် အထူးလိုအပ်သောအဆင့်တစ်ခုဖြစ်သည်။
ဝိပဿနာဘာဝနာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ သတိတရားမြဲရန်လေ့ကျင်ပျိုးထောင်ခြင်း(the cultivation of mindfulness or awareness)
ဖြစ်သည်။သင်တရားအားထုတ်နေစဉ် ဘာကိုမျှ မသိ၊မကြားဘဲ အသိကင်းမဲ့နေခဲ့လျှင် သင်သည် ဝိပဿနာဘာဝနာကိုပွားများနေခြင်းမဟုတ်ပါ။
Misconception #3 လွဲမှားသောအယူအဆ(၃)
Meditation is a mysterious practice which cannot be understood
တရားအားထုတ်ခြင်းကို နားမလည်နိုင်သည့် ဂန္ဓာရီဆန်ဆန်ကျင့်စဉ်အဖြစ်လွဲမှားစွာလက်ခံခြင်း
တရားအားထုတ်ခြင်းသည် အဆင့်အမျိုးမျိုးသော သိစိတ်များ(levels of consciousness)
နှင့်သက်ဆိုင်ပြီး၊သရုပ်ဖော်ပြောဆိုနိုင်ရန်အတွက် အလွန်ခက်ခဲနက်နဲသည်။ အချို့သောအချက်အလက်များကိုစကားလုံးများဖြင့်ဖော်ပြပြောဆိုရန်ခက်ခဲသည်ဆိုသော်လည်း
လုံးဝနားမလည်နိုင်သောကိစ္စမျိုးတော့မဟုတ်ပါ။ စကားလုံးများဖြင့်ဖော်ပြမူကို ကျော်လွန်၍ နားလည်နိုင်စွမ်းဖြစ်သည်။ သင့်မည်ကဲ့သိုလမ်းလျှောက်ရမည်ကိုနားလည်သော်လည်း
သင့်၏နာဗ်ကြောများနှင့်ကြွက်သားများက မည်ကဲ့သိုလှုပ်ရှားလုပ်ဆောင်ပေးကြသည်ကို အစီစဉ်တကျ အတိအကျဖော်ပြရန်အတွက်မဖြစ်နိုင်ပါ။ သိုသော် သင်လမ်းကောင်းကောင်းလျှောက်နိုင်သည်။
ထိုအတူ ကိုယ်တိုင်လက်တွေ့ တရားဘာဝနာပွားများခြင်းဖြင့်နားလည်နိုင်ပါသည်။ စိတ္တဇဆန်သည်ဝေါဟာရများဖြင့်လေ့လာသင်ယူရန်မဖြစ်နိုင်သည့်အရာမျိုးမဟုတ်ပါ။ လက်တွေ့ လေ့ကျင့်ခံစားနိုင်ပါသည်။
တရားဘာဝနာပွားများရုံဖြင့် ကြိုတင်တွက်ဆခန့်မှန်းထားသောရလဒ်များ အလိုလျှောက်ရရှိလိမ့်မည်ဟု လှေနံဓားထစ်မမှတ်သားသင့်ပါ။ ဘာဝနာလုပ်ငန်းသည် လုပ်တိုင်းဖြစ်သည့် ပုံသေနည်း(formula)လည်းမဟုတ်ပါ။ဘယ်တရားထိုင်ချိန်၌(session)မှာဘာတွေဖြစ်လာလိမ့်မည်ဆိုသောကြိုတင်ခန့်မှန်းချက်များ မည်သည့်အခါမျှ မမှန်နိုင်ပါ။ တရားထိုင်ချိန်တိုင်း၌ စုံစမ်းမူများ(investigation)၊လက်တွေ့ စမ်းသပ်မူများ(experiment)နှင့်စွန့်စားခန်းများ(adventure)ဖြစ်နေလိမ့်မည်။ယခင်တရားအချိန်များမှာရရှိခဲ့သည့်ခံစားချက်များ၊ သင်ခန့်မှန်းထားသည့်အတိုင်း
ရရှိခဲ့ပါက သင့်တရားအလုပ်တွင်တိုးတက်မူရှိကြောင်း ဖော်ပြချက်(indicator)ဖြစ်သည်။ ထိုဖော်ပြချက်အရ သင်သည် ဘာဝနာပန်းတိုင်သို့သွားရာလမ်းကြောင်းမှန်ပေါ်တွင်ရောက်ရှိနေပြီဖြစ်သည်။
Misconception #4 လွဲမှားသောအယူအဆ(၄)
The purpose of meditation is to become a psychic superman
အဘိဥာဏ်ရ စူပါမန်းဖြစ်ရန် ရည်ရွယ်၍ တရားအားထုတ်ခြင်း
တရားအားထုတ်ခြင်းရည်ရွယ်ချက်မှာ သတိတရားစွဲမြဲမူ၌တိုးတက်ရန်(To Develop Awareness)ဖြစ်သည်။
မိမိစိတ်ဘာဖြစ်နေသည်ကိုစောင့်ဖတ်ခြင်းသည်လည်းအဓိကမဟုတ်ပါ။ ကောင်းကင်၌ပျံနိုင်ခြင်းသည်တရားအားထုတ်ခြင်း၏ပန်းတိုင်မဟုတ်ပါ။ ပန်းတိုင်အစစ်မှာ ကိလေသာတို့မှ
လွတ်မြောက်ရန်ဖြစ်သည်။အဘိဥာဏ်စွမ်းအားနှင့်တရားအားထုတ်ခြင်းတို့မှာအပြန်အလှန်ခက်ခဲနက်နဲစွာစပ်ဆက်နေကြသည်။
တရားအားထုတ်ခါစယောဂီများသည် အဘိဥာဏ်ကိစ္စများကို တွေးမိကောင်း တွေးမိပေလိမ့်မည်။ အချို့သောယောဂီများလွန်ခဲ့သည့်ဘဝဟောင်းများကိုမှတ်မိကောင်းမှတ်မိပေလိမ့်မည်။
ထိုကဲ့သို့မှတ်မိခြင်းမျိုးကို ကောင်းစွာဖွံဖြိုးပြီး စိတ်ချရသော အဘိဥာဏ်၏အစွမ်းဟုမခေါ်ဆိုနိုင်ပါ။အလွန့်အလွန်ရေးပါသောအရာအဖြစ်လည်းမသတ်မှတ်သင့်ပါ။
ထိုအဘိဥာဏ်ကိစ္စများကြောင့် ငြိကပ်တတ်သောတဏှာကို ဖြစ်ပေါ်စေတတ်သောကြောင့်အားထုတ်ခါစယောဂီများအတွက်
အလွန်အန္တရာယ်များလှသည်။လမ်းမှန်ပေါ်မှလွင့်စင်သွားအောင်ဖျားယောင်းတတ်သောထောင်ချောက်များ (ဥပက္ကိလေသာ ၁၁ပါး)
ဖြစ်သည်။ အဘိဥာဏ်ကိစ္စကို အလေးမပြုမိအောင်ကြိုးစားခြင်းသည် နည်းကောင်းတစ်ခုဖြစ်သည်။အဘိဥာဏ်အစွမ်းများရသည်ဖြစ်စေ၊မရသည်ဖြစ်စေ မည်မျှမထူးခြားပါ။
ယောဂီ၏တရားထိုင်သက်တမ်းတစ်လျှောက်တွင် အဘိဥာဏ်အစွမ်းများရရန် သီးသန့်လေ့ကျင့်ခန်းများ အားထုတ်ကောင်းအားထုတ်ခဲ့မည်။ အဘိဥာဏ်အစွမ်းရရန်
အလွန်ပင်ခဲယဉ်းသည်။အလွန်အဆင့်မြင့်သည့်၊ဈာန်ဆိုက်သောသမာဓိကို လေ့ကျင့်အောင်မြင်ခဲ့ပြီးသူ
(ကသိုဏ်၁၀ပါး၌ စတုတ္ထဈာန်ရောက်အောင် ဝသီဘော်၅တန်ဖြင့်ကျွမ်းကျင်စွာအားထုတ်နိုင်သူ)သာ
အန္တရာယ်နည်းပါးစွာ အလွန်ခက်ခဲသောအဘိဥာဏ်အစွမ်းကိုရရှိရန် လေ့ကျင့်နိုင်သည်။ ဝေနေယျသတ္တဝါများခြေချွတ်ရန်ရည်ရွယ်၍
အဘိဥာဏ်အစွမ်းများရရန် အားထုတ်သင့်သည်။
ဆယ်စုနှစ်ပေါင်းများစွာ အဆက်မပြတ် အားထုတ်ရန်လိုအပ်သည်။ မိမိနှင့်သင့်လျှော်သည်လုပ်ငန်းခွင်ကို(သတိတရားစွဲမြဲရန်) ဇောက်ချပြီး
ဥပက္ကိလေသာ ၁၁ပါး တို့မှလွန်မြောက်အောင်ကြိုးစားပါလေ။
Misconception #5 လွဲမှားသောအယူအဆ(၅)
Meditation is dangerous and a prudent person should avoid it
တရားအားထုတ်ခြင်းအန္တရာယ်များသောကြောင့် ဆင်ခြင်တွေးခေါ်တတ်သူများရှောင်ကြဉ်သင့်သည်။

အရာရာတိုင်း၌ အန္တရာယ်ရှိသည်။လမ်းဖြစ်ကူးနေစဉ်ဘတ်စ်ကားဝင်တိုက်နိုင်သည်။ ရေချိုးနေစဉ်အတွင်းလည်ပင်းရိုးကျိုးနိုင်သည်။တရားထိုင်နေစဉ်အတွင်းသင့်၏အတိတ်မှမှတ်ဥာဏ်များအားလုံးမေ့ပျောက်သွားနိုင်သည်။
ကြိုးစားပြီးမေ့ဖြစ်ထားသောကြောက်စရာကောင်းသည့်အတိတ်ကအဖြစ်အပျက်များ တရားအားထုတ်နေစဉ် ပြန်လည်ပေါ်လာနိုင်သည်။
လုံးဝအန္တရာယ်မရှိသည့်အရာဆိုတာ မရှိနိုင်ပါ။အရာရာတိုင်းသည်အန္တရာယ်ရှိသည့်အတွက်အချိန်ပြည့်ခေါင်းမူးခြုံ၍နေရမည်ဟုလည်း မဆိုလိုပါ။ စစ်မှန်သောရှင်သန်ရပ်တည်ခြင်းမဟုတ်ပါ။
အသက်မသေခင်ဘဝဆုံးနေခြင်းသာဖြစ်သည်။ ဘယ်အန္တရာယ်နှင့်တွေဘို့ ဘယ်လောက်ဖြစ်နိုင်ခြေများသည်။ ဘယ်လိုအန္တရာယ်မျိုးနှင့်ကြုံတွေ့ နိုင်သည်။ကြုံတွေ့ ခဲ့သော် မည်သို့ရင်ဆိုင်ရမည်ဆိုတာပြင်ဆင်ထားသင့်သည်။
လက်စွဲစာအုပ်များ၏ရည်ရွယ်ချက်မှာထိုစိန်ခေါ်မူများကို ကျော်လွှားလွန်မြောက်ရန်ဖြစ်သည်။ ဝိပဿနာဘာဝနာ၏ရည်ရွယ်ချက်မှာ သတိတရားစွဲမြဲမူတိုးတက်ရန်(develop awareness)ဖြစ်သည်။
ဝိပဿနာဘာဝနာသည်အန္တရယ်မရှိပါ။ ဝိပဿနာဘာဝနာသည် အန္တရယ်များကိုကျော်လွှားရန်အတွက်သာဖြစ်သည်။သတိတရားလက်ကိုင်ထားခြင်းဖြင့်အန္တရယ်များမှလုံခြုံစေသည်။ တရားဘာဝနာကို စနစ်တကျလေ့ကျင့်အားထုတ်ခြင်းဖြင့်သိမ်မွေ့ စွာတဖြည်းဖြည်းတိုးတက်လာပေလိမ့်မည်။ဖြေးဖြေးနှင့်မှန်မှန်လေ့ကျင့်လျှင် သင့်၏တရားအားထုတ်မှုသည် သဘာဝအတိုင်းတိုးတက်လာပါလိမ့်မည်။ မည်သည့်အရာကိုမျှအတင်းအကြပ်အပြုလုပ်သင့်ပါ။
အချိန်ပြည့်တရားစခန်းတွင် ကျွှမ်းကျင်သောအရည်အခြင်းရှိသည့်ကမ္မဌာန်းဆရာကောင်းနှင့်လေ့ကျင့်သင်ကြားပါက အလွန်လျှင်မြန်စွာတိုးတက်အောင်မြင်လာလိမ့်မည်။ လွယ်ရာကစပြီး ဖြေးဖြေးမှန်မှန်လေ့ကျင့်ပါကအားလုံးပြီးမြောက်အောင်မြင်လိမ့်မည်။
Misconception #6 လွဲမှားသောအယူအဆ (၆)
Meditation is for saints and holy men, not for regular people
တရားအားထုတ်ခြင်း ရဟန်းသံဃာများအတွက်သာဖြစ်ပြီး သာမာန်လူများနှင့်မဆိုင်ပါ။
အမေရိကန်မှနာမည်ကြီးရုပ်ရှင်သရုပ်ဆောင်များနှင့်ဘတ်စကက်ဘောချန်ပီယံများကို သာမာန်လူတို့ထက်စွမ်းဆောင်ရည်မြင့်မားသူများအဖြစ် လက်ခံထားသကဲ့သို့ ရဟန်းတော်များသည်
ရိုသေမြတ်နိုးဖွယ်ရာဂုဏ်တို့ဖြင့်ပြည်စုံသောကြောင့် ရဟန်းတော်များသာ ကမ္မဌာန်းတရားနှင့်ဝိပဿနာဘာဝနာတို့ကို အားထုတ်ရမည်ဟု အာရှဒေသ၌ ကျယ်ကျယ်ပြန့်ပြန့်လက်ခံယူဆထားကြသည်။
ထိုသူများသည် စွမ်းနိုင်သူများဖြစ်ကြပြီး ရှားပါးသော အရည်အချင်းများပိုင်ဆိုင်ကြသည်။ မြင့်မြတ်သောရသေ့၊ရဟန်းများအားလုံးနီးပါး တရားဘာဝနာပွားကြသည်။ သိုသော် ထိုသူများသည်
ရသေ့၊ရဟန်းများဖြစ်သောကြောင့်တရားအားထုတ်ခြင်းမဟုတ်ကြပါ။ သံသယာဘေးကိုကြောက်ရွှံ့ ၍ တရားဘာဝနာ၌ မွေလျော်သောကြောင့်သာ ရသေ့၊ရဟန်းများအဖြစ်သတ်မှတ်ခေါ်ဆိုခံရခြင်းဖြစ်သည်။
တရားဘာဝနာပွားများခြင်းကသာ စင်ကြယ်မြင့်မြတ်သူ အဖြစ်သို့ရောက်စေခြင်းဖြစ်သည်။ ရသေ့၊ရဟန်းမဖြစ်ခင်ကတည်းက တရားအားထုတ်ကြသူများဖြစ်သည်။
လုံးဝဖြူစင်သည့် သီလအကျင့်ရှိသူသာတရားအားထုတ်သင့်သည်ဟု ယောဂီအများစုက လွဲမှားစွာ နားလည်လက်ခံထားကြသည်။ ထိုနည်းသည် အလုပ်ဖြစ်နိုင်သောနည်းတစ်ခုမဟုတ်ပါ။ သီလမြဲရန်အတွက်
စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မူ(mental control) သည် အနိမ့်ဆုံးအခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်။ အခြေခံ ၅ပါးသီလ(သို့) ၈ပါးသီလ တို့ကို မစောင့်စည်းနိုင်၊
ဖြူစင်စွာမလိုက်နာနိုင်လျှင် သမာဓိထူထောင်ရန်မဖြစ်နိုင်ပါ။ ဗုဒ္ဓနည်းအရတရားဘာဝနာပွားများရန် သီလ၊သမာဓိ၊ပညာသည် အခြေခံအုပ်မြစ်ဖြစ်သည်။ ကျင့်စဉ်နက်ရှိုင်းလာလေလေ
ထိုသိက္ခာသုံးပါးမှာပို၍ဖွံဖြိုးလာလေလေဖြစ်သည်။ သိက္ခာသုံးပါး(သီလ၊သမာဓိ၊ပညာ)သည် အပြန်အလှန် ဆက်စပ်နေသောကြောင့် တစ်ချိန်မှာတစ်ခုချင်းစီဖွံ့ ဖြိုးရန်လေ့ကျင့်ခြင်းထက်
တစ်ပြိုင်နက်ဖွံ့ ဖြိုးရန်လေ့ကျင့်ခြင်းကပို၍မှန်ကန်သည်။ သီလအကျင့်(လုံးဝ)ပြည့်စုံအောင်မြင်ပေါက်မြောက်အောင် စောင့်ဆိုင်းနေသောယောဂီလောင်းသည် မည်သည့်အခါမှမျှ
စတင်တရားအားထုတ်ဖြစ်လိမ့်မည်မဟုတ်ပေ။ ထိုယောဂီလောင်းသည် ရေချိုးရန်အတွက် သမုဒ္ဒရာကြီးတစ်ခုလုံးငြိမ်သက်လုံးဝငြိမ်သက်သွားအောင် စောင့်နေသူနှင့်တူသည်။
သီလအဆင့်အမျိုးမျိုးရှိပါသည်။ အခြေခံအဆင့်သီလမှာ တစ်စုံတစ်ယောက်ကချမှတ်ပေးသော စည်းမျဉ်းစည်းကမ်း၊ဥပဒေ (rules and regulations )
ဖြစ်သည်။ သင့်နိုင်ငံ၏ဥပဒေ(သို့)သင့်ကျောင်းစည်းကမ်း(သို့)သင့်ဖခင့်ချမှတ်ထားလိုက်နာရန်အချက်များဖြစ်သည်။ မည်သူကချမှတ်သည်ဖြစ်စေ ထိုဥပဒေ၊စည်းကမ်းတို့ကိုသိနားလည်ပြီးလိုက်နာရန်ဖြစ်သည်။
ထိုဥပဒေ၊စည်းကမ်းတို့မှာ ရှင်းလင်းလွယ်ကူ၍ တိကျပြတ်သားပြီး၊ စည်းကမ်းတစ်ခုချိုးဖောက်တိုင်း တစ်ချက်အရိုက်ခံရလျှင်ဆိုလျှင် ချန်ပင်ဇီမျောက်တစ်ကောင်ပင်လိုက်နာလိမ့်သည်။ ထိုအခြေခံအဆင့်သီလ၌
တရားဘာဝနာအားထုတ်ခြင်းမလိုအပ်ပါ။ ဥပဒေ၊စည်းကမ်းနှင့် ရိုက်မည့်ဒုတ်(အပြစ်ဒဏ်)တို့သာလိုအပ်သည်။ ဒုတိယအဆင့်သီလမှာ စောင့်ကြည့်နေသည့်သူ၊ ရိုက်မည့်ဒုတ်မရှိပဲ အထက်ပါစည်းကမ်းအားလုံးကို
လိုလိုလားလားလိုက်နာခြင်းဖြစ်သည်။ ထိုစည့်ကမ်းများကိုသင့်၏အဇ္ဈတသန္တာန်မှ သိစိတ်ဖြင့်ကော၊မသိစိတ်ဖြင့်ပါ ပင်ကိုယ်သဘောအတိုင်းလက်ခံလိုက်နာခြင်းဖြစ်သည်။
စည်းကမ်းတစ်ခုချိုးဖောက်တိုင်းလည်းသင့်ကိုယ်သင်အပြစ်ပေးပါလိမ့်မည်။ ထိုအဆင့်သို့ရောက်ရန် အနည်းငယ်မျှသော စိတ်ထိန်းချုပ်မှုလိုအပ်သည်။
သင်ပရမ်းပတာလုပ်ကိုင်တတ်လျှင်၊ သင်၏အသွင်အပြင်အမူအရာမှာလည်းပရမ်းပတာဖြစ်နေလိမ့်မည်။ စိတ်ဓါတ်အဆင့်အတန်းမြင့်မားလာခြင်းသည်
စိတ်ပရမ်းပတာဖြစ်မှုကိုနည်းပါးစေသည်။
တတိယအဆင့်သီလကို ကိုယ်ကျင့်တရား(ethics)လို ခေါ်ဆိုရမှာပါ။
အမြင့်ဆုံးသောအဆင့်ဖြစ်ပြီး လုံးဝကွာခြားသောအဆင့်တစ်ခုကိုရောက်ရှိခဲ့ပြီဖြစ်သည်။ ကိုယ်ကျင့်တရားမည်သည် အာဏာပိုင်(သို့ )ခိုင်းစေသူမှချမှတ်သော စည်မျဉ်းစည်းကမ်းများ
မျက်စေ့ပိတ်၊နားပိတ်ကိုလိုက်နာခြင်းမျိုးမဟုတ်ပါ။ ထိုအဆင့်၌ အခြေအနေ၊အချိန်အခါနှင့်ကိုက်ညီမည့် အပြုအမူကို ကိုယ်တိုင်ရွှေးချယ်နိုင်စွမ်းရှိနေပြီဖြစ်သည်။
အမှန်တကယ်ဥာဏ်ရည်မြင့်မားစွာဖြင့် အခြေအနေအားလုံးအတွက် အကောင်းဆုံးနှင့်အသင့်တော်ဆုံး တုံ့ပြန်မူတို့ကို ဖန်တီးနိုင်ပြုမူနိုင်ပြီဖြစ်သည်။ထိုအပြင်
အတ္တအကျိုးထက်အများအကျိုးကိုပေါ်မှာအခြေခံသည့်ဆုံးဖြစ်ချက်တွေကို ရဲဝံစွာချနိုင်မည်ဖြစ်သည်။ အခြေအနေတစ်ရပ်လုံး၏အကောင်းရာကောင်းကျိုးကိုသိမြင်နိုင်စွမ်းရှိပြီး
အတ္တနှင့်ပရကို ဟန်ညီညီထိန်းနိုင်မည်ဖြစ်သည်။
လောဘ၊ဒေါသနှင့်မောဟတို့ကင်းလွတ်ပြီး မိမိ၊သူတပါး အကျိုးများမည့်နည်းလမ်းများဖြင့်သာ တွေ့ ကြုံသမျှကိစ္စတို့ကို
လွန်မြောက်စေလိမ့်မည်။ ထိုကဲ့သို့ စိတ်ထားမျိုးကို တရားဘာဝနာပွားများခြင်းဖြင့်သာ ရရှိနိုင်သည်။ မည်သည့်နည်းလမ်းမျိုးနှင့်မျှ ထိုကဲ့သို့မြင့်မားမွန်မြတ်သော
စိတ်ထားမျိုးကို မရရှိနိုင်ပေ။ပြဿနာတိုင်းကိုရူထောင့်တိုင်းမှ အဆင်ပြေအောင်ကြိုးစားခြင်းသည် ဘောလုံးများစွာကိုလေထဲ၌မြောက်ကစားခြင်းနှင့်ဆင်တူပြီး
မည်သည့်ထူးချွန်ထက်မြက်မူကမစွမ်းနိုင်ပါ။ အမြဲတန်းအတွက်အလွန်ပင်ပန်းသောကိစ္စရပ်လည်းဖြစ်သည်။ တရားဘာဝနာအားထုတ်ခြင်းမှရရှိသည့် အဆင့်မြင့်သမာဓိကသာ
အမှားအယွင်းမရှိပြီးမြောက်အောင်မြင်နိုင်သည်။
Misconception #7 လွဲမှားသောအယူအဆ (၇)
Meditation is running away from reality
တရားအားထုတ်ခြင်းအမှန်တရားများမှထွက်ပြေးခြင်း
တရားအားထုတ်ခြင်းသည်အမှန်တရားနှင့်ရင်ဆိုင်ခြင်းဖြစ်သည်။ တရားအားထုတ်ခြင်းဖြင့်လည်းဘဝ၏နာကြည်းဖွယ်ရာများမှမလွတ်မြောက်သွားပါ။
ဘဝကိုနက်ရှိုင်းစွာနားလည်နိုင်ပြီး အမှန်တရားကိုရဲရဲရင်ဆိုင်နိုင်သောခွန်အားကို ရရှိနိုင်သည်။
ဝိပဿနာဘာဝနာသည် သင်မြင်တွေ့ သည်အတိုင်း ဘဝကိုလက်တွေ့ ကျကျ (ဓမ္မဓိဌာန်ကျကျ) တွေ့ ကြုံခံစားနိုင်ရန် ရည်ရွယ်သည့် အလေ့အကျင့်တစ်ခုဖြစ်သည်။
ထင်ယောင်ထင်မှားမူများကိုမောင်းထုတ်နိုင်ပြီး သင်ကိုသင်မသိမသာလိမ်ညာနေမူများမှလွတ်မြောက်စေနိုင်သည်။ အရှိကိုအရှိအတိုင်း၊ (သဘာဝကို သဘာဝအတိုင်း၊ မမြဲမူကို အမြဲသည့်အတိုင်း)
သင်ကိုသင် အမှန်အတိုင်း တွေ့ မြင်စေသည်။ သင်၏အားနည်းပျော့ညံ့မူများကို အရင်းခံကာ သင့်ကိုယ်သင်
ဟန်ဆောင်လိမ်ညာလှည့်ဖျားမူဝဲသြဃ(wheel of illusion)ထဲက မလွတ်မြောက်အောင်ချည်နှောင်ထားသည်။
ဝိပဿနာဘာဝနာသည် သင်၏ပြဿနာများကိုဖုံးကွယ်မေ့ပျောက်အောင်မစွမ်းဆောင်နိုင်ပါ။
သင်ကိုသင်အမှန်အတိုင်း အတိအကျ တွေ့ မြင်နိုင်အောင်သာလေ့ကျင့်ယူခြင်းဖြစ်သည်။
အရှိကိုအရှိအတိုင်းလုံးဝ ရူမြင်လက်ခံနိုင်မှသာ တိုးတက်သော ပြောင်းလဲမူကိုသင်ကိုယ်တိုင်ပြုလုပ်နိုင်မည်ဖြစ်သည်။
Misconception #8 လွဲမှားသောအယူအဆ (၈)
Meditation is a great way to get high
တရားအားထုတ်ခြင်းသည် ဘဝမြင့်များရန်အတွက်ကောင်းဆုံးလမ်း
တစ်ခါတစ်ရံ တရားအားထုတ်ခြင်း နှစ်သက်ဖွယ်ကောင်းသောပီတီသုခပြည့်ဝသောချမ်းသာသည့်ခံစားမူများရရှိနိုင်ပါသည်။ ထိုခံစားမူများသည်
တရားအားထုတ်ခြင်း၏ပန်းတိုင်မဟုတ်သလို အမြဲတန်းလည်းမရရှိနိုင်ပါ။ သမာဓိထူထောင်ရန်၊သတိတရားမြဲရန်စသော မှန်ကန်သည့်ရည်ရွယ်ချက်များဖြင့်အားမထုတ်ဘဲ
ထိုချမ်းသာသုခကိုတောင့်တ၍တရားဘာဝနာကိုအားထုတ်ပါက ပို၍ပင်ထိုခံစားမူများကိုရရှိရန်ခက်ခဲပေလိမ့်မည်။
စိတ်တင်းကျပ်မူများမှပြေလျော့ခြင်းဖြင့်အနားယူအပန်ပြေမူမျိုးဖြစ်ပေါ်လာသည်။ ထိုအနားယူအပန်ပြေမူမှတဆင့်ပီတိသုခများရရှိနိုင်သည်။
တရားအားထုတ်ခြင်းမှ ပီတိသုခကိုလိုက်လံရှာဖွေနေခြင်းကြောင့်မွန်းကြပ်သောစိတ်ထားမျိုးဖြစ်ပေါ်လာကာ ဘာဝနာ၏ဖြစ်စဉ်တစ်ခုလုံးကိုပျက်စီးစေသည်။
ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ချမ်းသာသုခတို့သည်မတောင့်တသည်အခိုက်အတန့်၌သာလွယ်ကူစွာရရှိနိုင်သည်။ ထိုပီတိသုခသည်ပန်းတိုင်မဟုတ်၊တစ်ခါတစ်ရံမှရလေ့ရှိသော
တရားအားထုတ်ခြင်း၏ ဘေးထွက်ပစ္စည်းမျှသာဖြစ်သည်။ အချိန်ကြာကြာနေစဉ်ရက်ဆက်တရားအားထုတ်ခြင်းဖြင့်ရွှင်လန်းဝမ်းမြောက်ခြင်းနှင့်ချမ်းသာသုခတို့မကြာခဏရရှိနိုင်သည်။
ထိုပီတိသုခအကြောင်းကို အဆင့်မြင့်ယောဂီများထံမှ တလေသံတည်း (ငြင်းချက်မရှိ)ကြားနိုင်သည်။
Misconception #9 လွဲမှားသောနားလည်မူ (၉)
Meditation is selfish
တရားအားထုတ်ခြင်းသည် တကိုယ်ကောင်းဆန်၊အတ္တကြီးခြင်းဖြစ်သည်။

တရားအားထုတ်သည့်ယောဂီများကို တကိုယ်ကောင်းဆန်သူ၊ အတ္တကြီးသူများအဖြစ် သတ်မှတ်တတ်ကြသည်။ ကူရှင်ပေါ်၌ငြိမ်သက်စွာထိုင်ပြီးတရားအားထုတ်နေသည့်ယောဂီများသည်
သွေးလှူရန်ဆေးရုံသို့သွားနေသူများလည်းမဟုတ်ပါ၊သဘာဝဘေးအန္တရယ်ဒုက္ခသည်များကိုအကူအညီပေးရန် အလုပ်ရှုပ်နေသူများလည်းမဟုတ်ကြပါ။ ဘာကြောင့်တရားအားထုတ်နေသနည်း?
ယောဂီ၏ဆန္ဒကိုဆန်းစစ်ကြည့်ပါ။ ဘာကြောင့် ယောဂီတစ်ယောက် တရားအားထုတ်နေသနည်း?။ ထိုယောဂီ၏ရည်ရွယ်ချက်မှာ ကိလေသာတရားများဖြစ်သည့် ဒေါသ၊လောဘနှင့်မောဟတို့ကို
မိမိစိတ်အစဉ်မှမောင်းထုပ်နေခြင်းဖြစ်သည်။ ကိလေသာတရားကို အပြီးသတ် မောင်းထုပ်ရန် အဖန်တလဲလဲကြိုးစားနေခြင်းဖြစ်သည်။
ထိုကိလေသာတရားများသည် အခြားသူများပေါ်တွင်ထားရှိရမည့် ဗြဟ္မာစိုရ်(မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာ)တရားများမဖြစ်ပေါ်အောင် နှောက်ယှက်ပိတ်ပင်တတ်သောကြောင့်ဖြစ်သည်။
ထိုကိလေသာတရားများကို အပြီးတိုင်မပယ်ရှားနိုင်သ၍ ယောဂီတစ်ယောက်ပြုလုပ်သည့်အများကောင်းရာကောင်းကျိုးကိစ္စများသည် (သံသရာအတွက်)
မိမိကောင်းစားရေးနှင့် မိမိ အတ္တ၏အဆွယ်အပွားမျှသာဖြစ်သည်။ "ကူညီမူ" ဆိုသည့်ခေါင်းစဉ်တတ်ပြီး တစ်စုံတစ်ယောက်(သို့) မိမိကိုယ်ကို
ထိခိုက်နစ်နာစေခြင်းသည် အလွဲမှားဆုံးကစားပွဲဖြစ်သည်။ အဆင့်မြင့်ယောဂီတစ်ယောက်၏ဘဝကိုဆန်းစစ်လျှင် အများအကျိုးအတွက်
ကိုယ့်အကျိုးစွန့်လွှတ်ရမည့် လူမူရေးပရဟိတလုပ်ငန်းများကို ဆောင်ရွက်လေ့မရှိသည်ကိုတွေ့ ရှိနိုင်သည်။
အမှန်မှာကျွန်ပ်တို့သည် ကျွန်ပ်တို့ထင်တာထက်ပို၍အတ္တကြီးကြသည်။ အကန့်အသတ်မရှိလွတ်လပ်ခွင့်ရခဲ့လျှင် အတ္တသည် အနှစ်သာရရှိသောလုပ်ငန်းကိစ္စများကို
မြောင်းထဲသို့ရောက်အောင်လုပ်နိုင်သည်။တရားဘာဝနာပွားများခြင်းဖြင့် ကျွန်ပ်တို့သည် မိမိအတ္တ၏ခိုင်းစေမူများ နှင့် နုးညံသောလှည့်ဖြားမူများကို ထင်ရှားအောင်
သတိထားလိမ့်မည်ဖြစ်သည်။ထိုအခါမှသာအမှန်တကယ်အတ္တကင်းစင်လိမ့်မည်ဖြစ်သည်။မိမိ၏အတ္တကိုသန့်စင်အောင်ကြိုးစားခြင်းသည် အတ္တကြီးသည်အလုပ်မဟုတ်ပါ။
Misconception #10 လွဲမှားသောနားလည်မူ (၁၀)
When you meditate, you sit around thinking lofty thoughts
တရားအားထုတ်ခြင်း ထိုင်၍စဉ်းစားတွေးခေါ်နေခြင်းဖြစ်သည်။
တရားဘောကို လေးလေးနက်နက် ဆင်ခြင်ကြည့်ရှုခြင်း နည်းများစွာရရှိပါသည်။ ထိုနည်းများသည် ဝိပဿနာဘာဝနာမဟုတ်ပါ။
ဝိပဿနာသည် သတိတရားမြဲအောင်လေ့ကျင့်ခြင်းဖြစ်သည်။ အရှိအတိုင်းသိအောင်လုပ်ခြင်းဖြစ်သည်။
ဝိပဿနာဘာဝနာ ရိုးရှင်းသည့်ကျင့်စဉ်တစ်ခုဖြစ်သည်။ နှစ်သက်မူ၊မနှစ်သက်မနှင့်အတွေးပုံရိပ်တို့မပါဝင်သော
ကိုယ်တွေ့ တိုက်ရိုက်ရူပွားမူဖြစ်သည်။ ဘဝ၏ ခဏတိုင်း၊ ခဏတိုင်းကို အရှိအတိုင်းဟုတ်တိုင်းမှန်စွာ(ယထာဘူတကျ)စွာ တွေမြင်အောင်အားထုတ်ခြင်းဖြစ်သည်။
Misconception #11 လွဲမှားသောနားလည်မူ (၁၁)
A couple of weeks of meditation and all my problems will go away
နှစ်ပတ်၊၁လ တရားစခန်းဝင်ရုံဖြင့် ပြဿနာအားလုံးအဆင်ပြေသွားလိမ့်မည်။
တရားအားဘာဝနာသည် အခါတည်း၊ချက်ချင်း၊အပြီးပျောက်ကင်းစေသည့် " အုံဖွ"မန်းဆေးတစ်မျိုးမဟုတ်ပါ။ ပြောင်းလဲမူကိုချက်ချင်းတွေ့ ကောင်းတွေ့ ပါလိမ့်မည်။
အနှစ်သာရရှိသည့်အကျိုးရလာဒ်ကောင်းကိုတော့နှစ်ပေါင်းများစွာကြာမှရှိနိုင်လိမ့်မည်။ ကျွန်ပ်တို့၏စကြာဝဋ္ဌာကြီးကို ဤကဲသို့ခက်ခဲမူများဖြင့်
ဖွဲ့ စည်းတည်ဆောက်ထားသည်။ တစ်နေ့တစ်ညနှင့်ရရှိနိုင်သောအရာသည် ဘာမျှတန်ဘိုးရှိမည်မဟုတ်။ တရားအားဘာဝနာပွားများခြင်းသည် အတိုင်းအတာတစ်ခုအထိ
ခက်ခဲလမ့်မည်။ နှစ်ပေါင်းများစွာ စည်းကမ်းကောင်းကောင်းနှင့် စနစ်တကျ အနစ်နာခံလေ့ကျင့်ရသည့် ကျင့်စဉ်ဖြစ်သည်။ တရားထိုင်တိုင်းရလာဒ်ကောင်းတွေရရှိနိုင်သည်။
အချို့သောရလာဒ်များသည်ဖော်ပြခြင်းငှာမစွမ်းနိုင်အောင် သိမ့်မွေ့ နက်နဲကြသည်။ ထိုရလာဒ်များသည် စိတ်၏အနက်ရှိုင်းဆုံးနေရာ၌တည်ရှိနေပြီး အချိန်အတန်ကြာမှာထွက်ပေါ်လာသည်။
ယောဂီတစ်ယောက်သည် သိသာထင်ရှားသောပြောင်းလဲမူရလာဒ်ကို တရားထိုင်တိုင်း တစ်စိုက်မတ်မတ်လိုက်လံရှာဖွေနေခဲ့လျှင် ထိုယောဂီသည်
သိမ့်မွေ့  နက်နဲသောတိုးတက်ပြောင်းလဲမူကိုလက်လွက်ဆုံးရှုံးလိမ့်မည်။ ထိုအခါ သူမှာမည်သည့်ပြောင်းလဲမူ၊တိုးတက်မူမျှမရရှိပါဆိုပြီး
စိတ်ခွန်အားတွေလျော့ကျလာပြီးလက်မြောက်အရှုံပေးမှာသေချာသည်။ သည်းခံခြင်း(ခန္တီပါရမီ)သည် အဓိကကျသည်။ တရားအားထုတ်ခြင်းမှ ဘာကိုမျှသင်ခန်းစာအဖြစ်မရရင်တောင်မှ
သည်းခံခြင်းသဘောကိုသင်ယူပြီးဖြစ်မှာသေချာသည်။ သည်းခံခြင်း ဘဝအတွက် အဖိုးတန်ဆုံးသောသင်ခန်းစာဖြစ်သည်။
ဆီလျော်အောင်ဘာသာပြန်ဆိုသူ ကောင်းထက်ညွန့်
Misconception (တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ) by Ven. Henepola Gunaratana (Ven. Henepola Gunaratana)
http://www.urbandharma.org/udharma4/mpe.html
(တရားဘာဝနာအပေါ်လွဲမှားသောနားလည်မူများ) by Kaung Htat Nyunt (ကောင်းထက်ညွန့်)

No comments:

Post a Comment