Wednesday, October 15, 2014

ကုသိုလ်အာသန္နကံအကျိုးပေးပုံ

တစ်ခါတုန်းက ဒီသေခါနီးမှာ လူတစ်ယောက်ပေါ့လေ။
သားတစ်ယောက်တည်း။ တစ်ယောက်ကလည်းသမီး
တစ်ယောက်တည်း။ ကုဋေများစွာချမ်းသာတယ်။
သူတို့နှစ်ယောက်ကိုပေးစားလိုက်တာ ကုန်စရာမရှိပါ
ဘူး။ ဒါပေမယ့် သူတို့အလုပ်မလုပ်တတ်ဘူး။ မိဘတွေ
ကလည်း မလုပ်ချင်နေပစေ တို့သားသမီးတွေတစ်သက်
တော့မဆင်းရဲဘူး။ နောက်တော့မိဘတွေကွယ်လွန်သွား
တော့ အပေါင်းအသင်းတွေက လာပြီ။ သောက်ကြစား
ကြပြီ။
သူဋ္ဌေးသားဘက်ကပါတဲ့ပစ္စည်းလဲကုန်ရော။ သူဋ္ဌေး
သမီးဘက်ကပါတဲ့ပစ္စည်းတွေ ဆက်ပြီးစားကြသောက်
ကြတယ်။ ကုန်ရော။ နောက်ဆုံးအိမ်တောင်နေစရာမရှိ
ဘူး။ ဒါနဲ့သမီးခင်ပွန်း ရောက်တတ်ရာရာသွားရောက်
တောင်းရမ်းစား။ သချို င်္င်းဇရပ်ထဲမှာသွားအိပ်ကြတုန်း
ဓါးပြတစ်စု အဲဒီဇရပ်လာပြီးတော့တိုင်ပင်ကြတယ်။
ဓါးပြတိုက်ရအောင်။ ဒီတော့ခုနကလူတွေနဲ့တွေ့တော့
ဟာ ငါ့လူဒီလိုခြောက်ကပ်ကပ်နဲ့တော့ တောင်းရမ်း
စားသောက်ပြီးတော့မနေပါနဲ့။ တို့အဖွဲ့ထဲလိုက်ပါကွာ။
ပြောတော့။ သူကလည်း ပစ္စည်းမရှိတော့ ပစ္စည်းလို
ချင်တော့ ကျုပ်က ဘာမှမလုပ်တတ်ဘူးဗျ။ တို့ခိုင်း
တာလုပ်ပေါ့ကွ။ အေးကောင်းပြီဆိုပြီးတော့ သူတို့
အိမ်တစ်အိမ် ဓါးပြတိုက်ရော။
မင်းဒီနားကစောင့်နေ။ မင်းဆီလာရင် ဒီတုတ် ဒီတင်းပုတ်
နဲ့သာချ။ ကောင်းပြီ လာရင် ဒီတင်းပုတ်နဲ့ချရမှာပဲ။ ဒီပြင့်
သူဘာမှမလုပ်တတ်ဘူးကိုး။ ဟိုက ဓါးပြတွေကအိမ်တွင်း
လည်းဝင်ရော အိမ်ရှင်တွေနိုးတော့ ဟဲ့ ဓါးပြဟဲ့ ဓါးပြဟဲ့
လို့ဆိုတော့ ဟိုလူတွေကပါးတာကိုး။ လှည့်ပတ်ပြီးတော့
ပြေးလိုက်တာ။ ဟိုလူတွေကိုမမိဘူး။ သူ့မိနေတာပေါ့။
တင်းပုတ်ကြီးနဲ့။ ဟာ ဒီဓါးပြတစ်ယောက်တွေ့ပါပြီဆို
ပြီး ရှင်ဘုရင်အပ်။ ရှင်ဘုရင်ဆိုသတ်ဖို့ပဲကိုး။ ဓါးပြကို
သတ်စေ။
အေး မနက်ဖြန်တော့ သတ်ဖို့ရန်သုဿန်ထုတ်သွားရော၊
ထုတ်သွားတော့ သူဋ္ဌေးဘ၀တုန်းက ပျော်ပါးနေကျဖြစ်
တဲ့ အမျိုးသမီးက၊ ဒီအမျိုးသမီးက သူ့အိမ်အထက်ကနေ
ကြည့်တယ်။ ဟယ်ဟိုဟာ အရင်တုန်းကငါနဲ့ပျော်ပါးဖူး
တဲ့လူ၊ ဒါနဲ့ သူဘယ်လိုဖြစ်တုန်းဆိုတာ စုံစမ်းတော့သိ
ရော။ ဒါဖြင့် ရှင်ဒီလူကိုမသတ်ခင် ဒီမုန့်ကလေးနဲ့ဒီရေ
ကလေး ကျွေးပါရစေဦးနော်။ သတ်မယ့်လူတွေကို
တံစိုးလက်ဆောင်ပေးပြီးတော့ ဒါလေးပေးလိုက်တယ်။
ရှေးတုန်းကသူပျော်ပါးနေတဲ့ပြည့်တန်ဆာဆိုပေမယ့်
အညံ့စားမဟုတ်ဘူး။ အဲဒီအမျိုးသမီးပေးတာဆိုတော့
ကျေးဇူးတင်လိုက်တာ။ ရှေးတုန်းကလဲချစ်လက်စနဲ့
ဆိုတော့ ပိုချစ်လိုက်တာသိလား။
အဲဒီအချိန်မှာ ရှင်မဟာမောဂ္ဂလာန်က ဆွမ်းခံကြွလာ
တယ်။ သတ်တော့မှာ။ ရှင်မဟာမောဂ္ဂလာန်ကလည်း
အခြေအနေကိုမြင်လို့ ဆွမ်းခံကြွလာတာ။
အား ငါမစားတော့ဘူး။ ရှင်မဟာမောဂ္ဂလာန်ကိုပဲလှူ
တော့မယ်။ ငါစားလဲ မထူးတော့ဘူး။ သေတော့မှာ။
အင်မတန်သဒ္ဓါတရားကြီးနဲ့လှူလိုက်ပါရော။ ဒီအချိန်
မှာ သတ်ချလိုက်ပါရော။ သတ်လိုက်တော့ သူရုက္ခစိုး
ဖြစ်သွားတယ်။ ရုက္ခစိုးဖြစ်ပေမယ့် ဘသားက ခုနက
အမျိုးသမီးကို ရုက္ခစိုးဘ၀နဲ့စွဲတုန်းရှိသေးတယ်။
စွဲနေတော့ သူကြည့်နေတယ်။ တစ်ခါတော့ ထိုအမျိုး
သမီးက ဥယျာဉ်ထဲ သူ့အမေနဲ့လှည့်လာတော့
အမှောင်ချပြီးတော့ ခိုးတာပဲ။ ခိုးတော့ပါသွားရော။
အမေလုပ်တဲ့သူက ကျန်ရစ်။ သမီးဖြစ်သူကပါသွား
ပြီ။
လူနဲ့နတ်နဲ့ပျော်တာ ဘုန်းကြီးဒီဝတ္ထုတစ်ခုပီပီသသ
တွေ့ဖူးတယ်။ ခိုးယူတာ။ နတ်က လူ့သမီးကိုခိုးယူ
တာပျော်လို့။ နောက်တော့ ကိုဒေ၀ရယ်ပြန်ပို့ပါ
အမေမျှော်နေလိမ့်မယ်။ မျှော်တယ်။ ဟိုက အမေက
နတ်မေး ဘာမေးနဲ့။ ဒါနဲ့သူ့ကို ဟိုကဘယ်လိုဟော
ထားသလဲဆိုတော့ ဝေဠုဝန်ကျောင်းထဲလာလိမ့်
မယ်။ တွေ့လိမ့်မယ်ဆိုတော့ အမေက ဝေဠုဝန်
ကျောင်းထဲမှာ မျှော်နေတယ်။ ပရိသတ်လာပြီဆို
ကြည့်လို့။ နောက်ဝေဠုဝန်ကျောင်းထဲတရားနာ
တဲ့ပွဲမှာ ရောက်လာတယ်။ ရောက်လာတော့သူတို့
နှစ်ယောက်လဲ တရားနာလိုက်တာ တရားလဲပြီး
ရော သောတာပန်ဖြစ်သွားရော။
ဒီစွဲလမ်းမှုဆိုတာဟာ အကယ်၍ ခုနက သူဋ္ဌေး
လူဖြစ်တုန်းက မစွဲလမ်းပဲနဲ့များ အရှင်မောဂ္ဂလာန်
ကိုလှူရတဲ့ကုသိုလ်နဲ့များသေရလို့ရှိရင် အထက်
နတ်ပြည်ကို တက်သွားမှာ။ အခုတော့ အထက်
နတ်ပြည်ကို မတက်ရောက်သွားနိုင်ဘူး။ ဒီစွဲလမ်း
မှုကြောင့် လူ့နီးနီးပါးပါးရုက္ခစိုးဖြစ်လာတယ်။
ရုက္ခစိုးဖြစ်လာပြီးတော့ ခိုးတောင်ယူတာ။
ဒီတော့ လောကကြီးမှာ ဆန်းကြယ်ပုံကို မြင်လို့
ကမ္မသတ္တိလိုက်နေပုံတွေကို ဘုန်းကြီးကသိလို့
ပရိနိဗ္ဗာန်စံသည်အထိ ပါရမီပြည့်အောင် ပါရမီ
တွေအကျိုးပေးနေပါတယ်။
နားလည်လို့မို့ ဒီကမ္မသတ္တိကို ကြိုးကြိုးစားစား
သန့်သန့်ရှင်းရှင်းလုပ်ကြပါ။ ကမ္မသတ္တိဟာဒီလို
ပဲလိုက်ပါတယ်လို့ သိစေချင်တယ်။
အရှင်ဇနကာဘိဝံသ
အခြေပြုပဋ္ဌာန်းတရားတော်မှ

No comments:

Post a Comment