Wednesday, June 15, 2011

သက်တမ်း

ဖန်ဆင်းရှင်က ခွေးကိုဖန်တီးလိုက်သည်။ ခွေး၏သက်တမ်း ကို ၂၀-နှစ် ရှိစေဟု သတ်မှတ်လိုက်သည်။ ခွေးက ဆင်ခြေတက်၏။
ခွေး။ ။ ဖန်ဆင်းရှင်ခင်ဗျား။နှစ် ၂၀ တောင်ဆိုတော့ အချိန်အကြာကြီး ဟောင်နေရမှာပေါ့။ ၁၀-နှစ်ပဲ နေချင်ပါတယ်။ပိုတဲ့ ၁၀-နှစ် ပြန်ယူပေးပါလား။
ဖန်ဆင်းရှင် သဘောတူလိုက်သည်။ ထို့ နောက်မျောကို ဖန်ဆင်းပြန်၏။မျောက်၏ ဘ၀ သက်တမ်းကို နှစ် ၂၀-ဟု သတ်မှတ်ပေး လိုက် ပြန်သည်။
မျောက်။ ။ အောင်မယ်-လေးလေး။ နှစ် ၂၀-လုံးလုံး လူတွေကိုဖျော်ဖြေနေရမယ်။ သွားဖြဲပြနေရမယ်ဆိုတော့ ဘယ်ကောင်ေးတာ့မလဲ။
ဖန်ဆင်းရှင်ရယ်- ၁၀-နှစ်ပဲနေပါရစေ။ ကျန်တဲ့ ၁၀-ပြန်နှုတ်ပေးပါ။
ဖန်ဆင်းရှင် သဘောတူလိုက်ပြန်သည်။ ထို့ နောက်နွားကို ဖန်ဆင်းပြန်၏။ နွား၏သက်တမ်းကို နှစ် ၆၀ ဟု သတ်မှတ်ပြန်ရာ နွားကသနားခံသည်။
နွား။ ။ ဖန်ဆင်းရှင်ခင်ဗျ။ နွားဆိုတာ လယ်ထွန်ရမယ်။ နေဒဏ် မိုးဒဏ် ခံရမယ်။ လယ်သမား မိသားစုအတွက် နို့ ထုတ်ပေးရမယ် ဆိုတာတွေကို လိုက်နာပါ့မယ်။ ဒါပေမယ့် နှစ် ၆၀-တောင် အဲဒီလိုကြီး လုပ်နေရမယ်ဆိုတော့ နွားတောင် မဖြစ်ချင်တော့ပါဘူး။ နှစ် ၂၀-ပဲ နေပါရစေ။ ပိုတဲ့ နှစ် ၄၀- ပြန်နှုတ် ပေးပါလားနော်။့ နော့့် ။
ဖန်ဆင်းရှင် သဘောတူလိုက်ပြီးနောက် လူကို ဖန်ဆင်းလိုက်သည်။လူ့ သက်တမ်းက နှစ် ၂၀-ဟု သတ်မှတ်ပေးလိုက်သည်။လူက ဆင်ခြေ တက်သည်။
လူ။ ။ ဖန်ဆင်းရှင် အနေနဲ့ လူအဖြစ် လူအဖြစ်နှစ် ၂၀-နေရမယ်။ ဘ၀တလျှောက် အိပ်လိုက်။စားလိုက်၊ ကစားလိုက်လုပ်ရမယ်။ လက်ထပ်ရမယ်လို့ ပြဌာန်းထားတာတွေကို ကျေနပ်ပါတယ်။ လိုက်နာပါ့မယ်။ ဒါပေမယ့် သက်တမ်း ၂၀-ဆိုတာ နည်းလွန်းပါတယ်ဗျာ။ ဖန်ဆင်းရှင် ပြန်နှုတ်ပေးထားတဲ့ ခွေးဆီက ၁၀-နှစ်၊ မျောက်ဆီက ၁၀-နှစ်နဲ့ နွားဆီက နှစ်၄၀- စုစုပေါင်း နှစ်၆၀ - ကျွန်တော့်ကို ထပ်ဆောင်းပေးပါလား။ ဒါမှ နေပျော်မှာပေါ့။
ဖန်ဆင်းရျင် သဘောတူလိုက်သည်။
ထို့ ကြောင့်လူသည် ပထမနှစ် ၂၀-တွင်စားခြင်း၊အိပ်ခြင်း၊ဆော့ခြင်း၊အပျော်ရှာခြင်းတို့သာ လုပ်၏။ ဒုတိယနှစ် ၄၀-တွင် နွားကဲ့သို့ ရုန်းကန် လှုပ်ရှားရပြီး တတိယ ၁၀-နှစ်တွင်မျောက်ကဲ့သို့  မြေးများနှင့်ေ ဆာ့ရကာ နောက်ဆုံး ၁၀-နှစ်တွင် ဟောင်ဖွာဟောင်ဖွာ လုပ်ရလေ့ရှိ၏။

1 comment:

Soe Moe (သမိုင်း) said...

မှန်လိုက်လေခြင်းဗျာ...
စဉ်းစားတွေတောတာတော်တော်လေး
လန်းပါတယ်ဗျာ....

Post a Comment