Friday, June 17, 2011

ဝန်ထမ်းဆိုတာ

အစိုးရ၀န်ထမ်းဆိုတာ
နေပြည်တော်ရှိ အစိုးရ ၀န်ထမ်းအိမ်ရာ တစ်ခုတွင် မွေးနေ့ပွဲတစ်ခု ကျင်းပနေသော အချိန်ဖြစ်သည်။ အမျိုးသမီးငယ်တစ်ဦး ဆွဲလာသော ဆွဲကြိုးကိုကြည့်ပြီး ဧည့်သည်အားလုံးက “လှလိုက်တာ၊ လှလိုက်တာ” ဟု အားလုံး ၀ိုင်းဝန်း ချီးမွမ်းနေကြသည်။ ချီးမွမ်းခံရသဖြင့် ပီတိဖြစ်မိသော အမျိုးသမီး ငယ်သည် အားပါးတရ ကြည့်ပါစေဟူသော ရည်ရွယ်ချက်ဖြင့် ဆွဲကြိုးကိုချွတ်ပေးလိုက်၏။ဆွဲကြိုးသည် တစ်လက်မှတစ်လက်သို့ ကူးသွားပြီး နောက်ဆုံးတွင် ပျောက်သွားတော့သည်။

အမျိုးသမီးကြီးတစ်ဦးက စိတ်မကောင်း ဖြစ်မိစွာဖြင့်ပြော၏။ “အချင်းချင်း ဒီလိုလုပ်တာတော့ မကောင်းပါဘူး။ ဒါကြောင့် ယူထားတာ ကိုလဲ ဘယ်သူမှမသိအောင် အခုစားပွဲပေါ်ကို ငွေဖလားတစ်လုံး တင်လိုက်မယ်။ပြီးရင်မီးခလုတ်ကို ပိတ်ပြီး တစ်ရာအထိရေမယ်။ မီးပြန်ဖွင့် လိုက်တဲ့အချိန်မှာ ဆွဲကြိုးကို ငွေဖလားထဲမှာ ပြန်တွေ့ရလိမ့်မယ်လို့ မျှော်လင့်ချင်ပါတယ်” လို့ပြောလိုက်ပါတယ်။

မီးကို ပိတ်လိုက်ပြီး တစ်ကနေ တစ်ရအထိရေတယ်။ ပြီးတော့မီးကိုပြန်ဖွင့်လိုက်တယ်။

စားပွဲပေါ်မှာ ငွေဖလားမရှိတော့...

No comments:

Post a Comment