Wednesday, June 15, 2011

အကြံပိုင်တဲ့အဘ

အသက်ကြီးကြီး စုံတွဲတစ်တွဲဟာ လိင်ဆက်ဆံမှုပိုင်းဆိုင်ရာ အထူးကုဆရာဝန်ရဲ့ ဆေးခန်းကိုရောက်လာပါတယ်။
“ဘာများအကူအညီပေးရမလဲခင်ဗျာ”…လို့ ဆရာဝန်ကမေးတော့ အမျိုးသားဖြစ်သူက ပြန်ဖြေတယ်…
“ကျနော်တို့ကာမဆက်ဆံတာကို ကြည့်ပေးလို့ရမလား”
ဆရာဝန်အံ့သြသွားတယ်၊ ဒါပေမဲ့ ကြည့်ပေးဖို့ သဘောတူလိုက်ပါတယ်…
ဒါနဲ့ ခုနကစုံတွဲလည်း ဆရာဝန်ရဲ့ရှေ့မှာတင် ကာမဆက်ဆံကြတယ်။ အစအဆုံးကြည့်ပြီးတော့ ဆရာဝန်ကပြောတယ်… …
“အဘတို့ ကာမဆက်ဆံတာမှာ ဘာမှ အမှားမတွေ့ပါဘူး”….လို့ပြောပြီး ညဏ်ပူဇော်ခ ဒေါ်လာ၅၀ တောင်းတယ်။
အဲဒီစုံတွဲလည်း ငွေရှင်းပြီးထွက်သွားတယ်။
အဲ..နောက်မကြာခင်ထပ်ရောက်လာကြပြီး အရင်တခါလိုဘဲ လုပ်ပြန်တယ်။ ဒီတခါလဲ ဆရာဝန်က ဘာမှအမှားမတွေ့တဲ့အကြောင်းပြောပြီး ညဏ်ပူဇော်ခ ဒေါ်လာ၅၀ တောင်းပြန်တယ်။
ငွေရှင်းပြီးထွက်တော့မယ်အလုပ်မှာ စိတ်ထဲမရှင်းတာနဲ့ ဆရာဝန်ကမေးတယ်… …
“အဘတို့နှစ်ယောက်က ဘာကိုသိချင်တာလဲ”
“ဘာကိုမှ မသိချင်ပါဘူး”
“ဒါဆိုဘာလို့ဆေးခန်းလာပြတာလဲ”
“ဒီလို၊ သူလည်းအိမ်ထောင်ရှိတယ်၊ သူ့အိမ်မှာသွားပြီး လုပ်လို့မရဘူး။ အဘမှာလည်း အိမ်ထောင်ရှိတယ်၊ အဘအိမ်ခေါ်သွားပြီးတော့လည်း လုပ်လို့မရဘူး၊ အိတ်တီဝမ်းဟော်တယ် ကိုသွားရင် အခန်းခ ၁၂၀ဒေါ်လာကျတယ်၊ ဟီလ်တန်ဟော်တယ်ကိုသွားရင် အခန်းခ ၁၅၀ဒေါ်လာကျတယ်၊ ဒီမှာခေါ်ချတော့ ဆေးကုခအနေနဲ့ ၅၀ဘဲကျတယ်၊ ဆေးကုသခဆိုတော့ ကျန်းမာရေးစောင့်ရှောက်မှုရံပုံငွေဆီက ပြန်တောင်းတာ ၄၀ ပြန်ရတယ်”

No comments:

Post a Comment