Wednesday, May 2, 2012

CDMA 800MHZ ဖုန်းကို EVDO Modem အနေနဲ့သုံးပြီး computer တွင် Internet အသုံးပြုနည်း




ဒီအကြောင်းအရာလေးက ကြာပါပြီ။ MPT က CDMA 800 MHZ ဖုန်းတွေကို အင်တာနက် အသုံးပြုခွင့်ပေးခဲ့တာလဲ ကြာပြီဆိုတော့ Out of Date ပေါ့ဗျာ။ ဒါပေမဲ့လည်း အခု MPT က CDMA တွေ ထပ်ထပ်ချပေးနေဦးမှာဆိုတော့လဲ မသိ့သေးတဲ့ သူတွေအတွက်တော့ အသုံးဝင်မှာပါ။ တော်တော်များများ လည်း ဒီနည်းကို သိ့ပြီးဖြစ်မှာပါ။ ကျွန်တော့်ကို အစ်မ တစ်ယောက် မေးလို့ တစ်ခြား မသိ့သေးတဲ့သူတွေပါ အဆင်ပြေအောင် တင်ပေးလိုက်တာပါ။
CDMA 800 MHz Mobile ဖုန်းကို modem အနေနဲ့သုံးပြီး အင်တာနက် အသုံးပြုမယ်ဆိုရင် Windows XP နဲ့အထက် windows 7 အထိ Support လုပ်ပါတယ်။
ပထမဆုံး လုပ်ရမှာက ဖုန်းကို computer နဲ့ ချိတ်ပြီး အသုံးပြုရမှာဖြစ်တဲ့အတွက် Driver သွင်းပေးရပါလိမ့်မယ်။ စက်ဝယ်စဉ်ကတည်းက ပါလာတဲ့ Driver နဲ့ PC Suite ကို Computer မှာ install လုပ်ပါ။ အဲဒီမှာ Dial ဆိုတဲ့ Software လေးကိုပါ ထည့်သွင်းပေးမယ်ဆို ပိုပြီး မြန်ဆန်လွယ်ကူစေပါတယ်။ တစ်ချို့ Sim Card ထည့်သုံးရတဲ့ Modem တွေကို အသုံးပြုမယ်ဆိုရင်လည်း ဒီအဆင့်တွေအတိုင်း အသုံးပြုနိုင်ပါတယ်။
Software Install လုပ်တာ အရမ်းကို လွယ်ကူတဲ့အတွက် ပုံတွေနဲ့ မပြတော့ပါဘူး။
Driver နဲ့ Software တွေပါတဲ့ အခွေကို CD (or) DVD Rom ထဲကိုထည့်ပါ။ ပြီးရင် Driver နဲ့ PC Suite ကိုရွှေးချယ်ပြီး install ပြုလုပ်ပေးလိုက်ပါ။  အဲဒီမှာ ရွှေးချယ်တဲ့နေရာမှာ OS Version (Windows XP / Windwos 7) နှင့် bits (32 bits / 64 bits) တို့ကို ရွှေးချယ်ပေးရပါမယ်။ သာမာန် computer တွေတော်တော်များများကတော့ 32 bits version တွေပဲ များပါတယ်။
Driver Install လုပ်ပြီးသွားပြီဆိုရင်တော့ phone ရဲ့ USB Cable ကိုအသုံးပြုပြီး Computer နှင့်ချိတ်ဆက်ပေးလိုက်ပါ။
နောက်တစ်ခု Phone ထဲမှာ Modem Mode ကို ရွှေးချယ်ထားပေးဖို့ လိုအပ်ပါတယ်။ Menu > Setting > Connectivity Setting > Phone Mode (Handset ကို moden mode ထားပေးပါ)
ကွန်ပျူတာမှာ internet သုံးလို့ရဖို့အတွက် Computer ထဲမှာ Dial Up Connection တစ်ခု တည်ဆောက်ပေးရပါမယ်။
ကွန်ပျူတာထဲမှာ Start Menu ထဲက Control Panel ထဲကိုဝင်ပါ။ ပြီးရင် Network and Internet ထဲကိုဝင်ပါ။ အဲဒီထဲကမှ Network and Sharing Center ထဲကို ထပ်ဝင်ပါ။ တစ်ကယ်လို့ Control Panel ထဲက View By မှာ Category မဟုတ်ခဲ့ဘူးဆိုရင်တော့ Network and Sharing Center ထဲကို တန်းဝင်လိုက်ပါ။
အဲဒီကမှ တစ်ဆင့် Setup a new connection or network ကိုရွေးပါ။
ပြီးရင်တော့ Set up a Dial-up connection ကိုရွေးပေးပါ။ Next  ကိုနှိပ်ပါ။
- Dial-up phone number တွင် #777 ကို ရိုက်ထည့်ပေးရပါမယ်။
- User name တွင် yourname@c800.mm ကို ရိုက်ထည့်ပါ။ ( yourname ဆိုတဲ့နေရာမှာ ခင်ဗျား ကြိုက်နှစ်သက်ရာ ထည့်နိုင်ပါတယ်)
- password တွင် လည်း ခင်ဗျား စိတ်ကြိုက် တစ်ခု ထည့်ပေးပါ။ Remember this password ကို အမှန်ခြစ် ခဲ့မယ်ဆိုရင်တော့ နောက်တစ်ခါ ၀င်တဲ့အခါတွေမှာ password ရိုက်ထည့်စရာ မလိုတော့ပါဘူး။
Connection name မှာလည်း စိတ်ကြိုက် ပေးလို့ ရပါတယ်။ ဒါပေမဲ့ တစ်ခြား Dial-Up Setting တွေနဲ့ ခွဲခြား သိ့မြင်နိုင်အောင် CDMA 800 Network လို့ထည့်ပေးထားလိုက်ပါ။ ဒါက ကျွန်တော့် Recommed ပါ။
- Allow other people to use this connection ကို ရွေးချယ်ပေးပါက တစ်ခြားမည်သည့် user account ဖြင့် login ၀င်သည်ဖြစ်စေ ဤ Dial-up setting ကို အသုံးပြုနိုင်ပါလိမ့်မယ်။
- အားလုံးထည့်ပြီးသွားပြီဆို၇င် Connect ကို Click နှိပ်ပါ။
Connection လုပ်တဲ့ ကဏ္ဍကိုရောက်သွားရင် Skip ကိုနှိပ်ပေးလိုက်ပါ။ ပြီးသွားရင် Close ကို နှိပ်ပါ။
အခု Dial Up Connection တစ်ခု လုပ်ပြီးသွားပါပြီ။ အဲဒီ Dial Up Connection လေးကို အလွယ်တစ်ကူ အသုံးပြုနိုင်ဖို့အတွက် Computer Desktop ပေါ်မှာ Shoutcut အနေနဲ့ ထားပေးလိုက်ပါ။
အပေါ်ကပြောခဲ့တဲ့ Network and Sharing Center ထဲကိုပြန်သွားလိုက်ပါ။ အဲဒီမှာ Change Adaptor Setting ထဲကို ထပ်ဝင်လိုက်ပါ။ (သို့မဟုတ်) Computer Keyboard ကနေ Windows Key + R ကိုတွဲနှိပ်ပါ။ Run Box ကျလာပါလိမ့်မယ်။ အဲဒီ Run Box ထဲမှာမှ ncpa.cpl လို့ရိုက်ထည့်ပြီး Enter key နှိပ်လိုက်မယ်ဆိုလဲ အတူတူပါပဲ။ အဲဒီထဲမှာ အစောက Creat လုပ်ခဲ့တဲ့ Dial Up Connection လေးကို မြင်ရပါလိမ့်မယ်။ အဲဒီ connecton ပေါ်မှာ Right Click နှိပ်ပြီး Create Shoutcut ကို နှိပ်ပေးလိုက်ပါ။ Windows can’t create shout here ဆိုတဲ့ warning ပေါ်လာခဲ့ရင်လည်း yes သာလုပ်ပေး လိုက်ပါ။ အဲဒါဆိုရင်တော့ ခင်ဗျားရဲ့ Computer Desktop ပေါ်မှာ ကျွန်တော်တို့ ဆောက်ခဲ့တဲ့ Dial Up Connection Shoutcut လေးကို တွေ့လာရပါလိမ့်မယ်။ 
အဲဒီ Dial up Connection Shoutcut လေးကို Double Click နှိပ်ပြီး ဖွင့်လိုက်ပါ။
အင်တာနက်ကို ချိတ်ဆက်တော့မယ်ဆိုရင်တော့ Dial ကို နှိပ်ပေးလိုက်ပါ။ Connect လုပ်ပြီးသွားပါက Desktopရဲ့အောက်ခြေ Takbar မှာရှိနေတဲ့ Network Icon လေးက ကြက်ခြေခတ်ပုံစံမဟုတ်တော့ဘဲ Connection လုပ်ထားတဲ့ ပုံဖြစ်နေပါလိမ့်မယ်။
အင်တာနက်ကတော့ ချိတ်ဆက်လို့ရသွားပါပြီ။ ဒါပေမဲ့ နောက်ဆုံးတစ်ခု ကျန်ပါသေးတယ်။ Internet သုံးမဲ့ web Browser မှာ proxy setting တွေ ပြင်ဆင်ပေးရဦးမှာပါ။ ကျွန်တော်တို့ တော်တော်များများကတော့ Mozilla Firefox Browser ကို အသုံးပြုကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ Mozilla Firefox ၊ Chrome ၊ Apple Safari တို့ကိုပဲ ကြိုက်ပါတယ်။ အောက်မှာ ကျွန်တော်ရေးပြထားတဲ့ထဲက မိမိ အသုံးပြုသော Browser ကို Proxy Setting ပြောင်းပေးလိုက်ပါ။ 
Internet အသုံးပြုရန်အတွက် Mozilla FireFox Proxy Setting
Tools > Options > Advanced > Network > Settings > No Proxy ကိုရွေးထားပေးပါ။
Internet အသုံးပြုရန်အတွက် Chrome Browser Proxy Setting
Options > Under the Hood > Change Proxy Setting > LAN Settings > Automatically Detect Settings ကိုရွှေးထားပြီး ကျန်တာတွေကို အမှန်ခြစ် ဖြုတ်ထားပါ။
Internet အသုံးပြုရန်အတွက် Microsoft Internet Explorer Proxy Setting
Tools > Internet Option > Connections > LAN Settings > Automatically Detect Settings ကို ရွှေးထားပြီး ကျန်တာတွေကို အမှန်ခြစ် ဖြုတ်ထားပါ။
Internet အသုံးပြု၇န်အတွက် Apple Safari Browser Proxy Setting
Options > Preferences > Advanced > Proxies > Change Settings> LAN Settings > Automatically Detect Settings ကိုရွှေးထားပြီး ကျန်တာတွေကို အမှန်ခြစ် ဖြုတ်ထားပါ။
Internet အသုံးပြုရန်အတွက် Opera Browser Proxy Setting
Settings > Preferences > Advanced > Network > Proxy Server > User Automatic Proxy Configuration ကို ရွှေးထားပေး လိုက်ပါ။
Internet အသုံးပြုရန်အတွက် Flock FireFox Proxy Setting
Tools > Options > Advanced > Network > Settings > No Proxy ကိုရွေးထားပေးပါ။ 
အိုကေသွားပါပြီ ။  Browser Address Bar မှာ Website Address တစ်ခု ရိုက်ထည့်ကြည့်လိုက်ပါ။

No comments:

Post a Comment