Thursday, November 20, 2014

အကုသိုလ်ကို ရှောင်ကြဉ်ခြင်းဖြင့် ကုသိုလ်ဖြစ်ပါသလား။


မေး။ ။ ကုသိုလ် အကုသိုလ်အရာမှာ အကုသိုလ်
ကံကို မလုပ်ရုံမျှဖြင့် ကုသိုလ်ဖြစ်ပါသလား။
ဥပမာ အသက်သတ်ခြင်းဆိုတဲ့ အကုသိုလ်ကို
ကျူးလွန်ခြင်းမှရှောင်ကြဉ်ခြင်းအားဖြင့်ကုသိုလ်
ဖြစ်ပါသလား။

ဖြေ။ ။ ဒါက သိမ်မွေ့တယ်။
သူ့အသက်သတ်ဖို့လို့ ရှေ့ရောက်လာတယ်။
သတ်မယ်လို့လည်းစိတ်ကတော့ ကူးထား
တယ်။ နောက်တော့ တစ်စုံတစ်ခုသောအဖြစ်
ကြောင့် မသတ်တော့ပါဘူးလို့ရှောင်လိုက်ရင်
အဲဒီရှောင်တဲ့စိတ်က ကုသိုလ် ၀ိရတီ။ ၀ိရတီ
စေတနာပါနေတဲ့ ကုသိုလ်စိတ်ဖြစ်တယ်။
ရှောင်တာနဲ့ကိုဖြစ်တာဘဲ။
ဘုန်းကြီးတို့ဥပုသ်သည်တွေမှာ ဥပုသ်မှ
ကုသိုလ်တွေဖြစ်နေတယ်ဆိုတဲ့ဥစ္စာရှောင်
နေတာပါဘဲ။ သဘာဝကတော့နဂိုတုန်းက
ဗုဒ္ဓမြတ်စွာရဲ့တရားတော်အရ ညစာမစား
ပါဘူးလို့ရှောင်နေတာဖြစ်တော့ ညစာစား
ချင်လိုက်တာ။ စားချင်ပေမယ့်လို့ သီလ
ပျက်မှာစိုးလို့ သူကရှောင်တယ်။ ရှောင်တဲ့
ဝိရတီစေတသိက်ဖြစ်တာပါဘဲ။ အဲဒီဟာ
ကုသိုလ်ခေါ်တာ။
အရှင်ဇနကာဘိဝံသ
သိပ္ပံအမြင်နှင့်ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ

No comments:

Post a Comment