Thursday, November 20, 2014

လိုအပ်သမျှဆုတောင်းပြည့်ရန်ပွားများရမည့်တရား


အခါတစ်ပါး၌မြတ်စွာဘုရားသည် သာဝတ္ထိပြည်
ဇေတ၀န်ကျောင်း၌သီတင်းသုံးနေတော်မူ၏။
ထိုအခါမြတ်စွာဘုရားသည်ရဟန်းတို့အား လို
အပ်သမျှဆုတောင်းပြည့်ရန်ပွားများရမည့်တရား
ငါးခုတို့ကိုဟောတော်မူသည်။
ရဟန်းတို့ ဤသာသနာတော်မှာ ရဟန်းတစ်ပါး
သည် သဒ္ဓါ သီလ သုတ စာဂ ပညာတို့နှင့်ပြည့်
စုံ၏။ သေခါနီး၌ချမ်းသာသောမင်းမျိုး၌ဖြစ်ရပါ
လို၏ဟု ဆုတောင်း၏။ ထိုဆုတောင်းသည့်
အတိုင်းပြည့်စုံ၏။
အလားတူပင် ထိုရဟန်းသည် သဒ္ဓါ သီလ သုတ
စာဂ ပညာတို့နှင့်ပြည့်စုံ၏။ ပျံလွန်တော်မူခါနီး၌
နတ်ပြည်ခြောက်ထပ်သို့ ရောက်ရန်စိတ်ကိုပွား
များကာ ဆုတောင်း၏။ ထိုဆုတောင်းသည့်
အတိုင်းပြည့်စုံ၏။
ထို့အတူပင် ရဟန်းသည် သဒ္ဓါ သီလ သုတ
စာဂ ပညာတို့နှင့်ပြည့်စုံ၏။ လောကဓါတ်ပေါင်း
သိန်းပေါင်းများစွာအတွင်းရှိ သတ္တ၀ါအားလုံး
တို့ကိုသိမြင်နိုင်သော ရူပဗြဟ္မာဖြစ်ရန်သေခါ
နီး၍စိတ်ကိုပွားများကာဆုတောင်း၏။ ထိုဆု
တောင်းသည့်အတိုင်းပြည့်စုံ၏။
ထိုနည်းတူပင် ရဟန်းသည် သဒ္ဓါ သီလ သုတ
စာဂ ပညာတို့နှင့်ပြည့်စုံ၏။ အရူပဗြဟ္မာဖြစ်ရန်
ပျံလွန်တော်မူခါနီး၌စိတ်ကိုပွားမျာကာဆုတောင်း
၏။ ထိုဆုတောင်းသည့်အတိုင်း ပြည့်စုံ၏။
သဒ္ဓါ သီလ သုတ စာဂ ပညာတို့နှင့်ပြည့်
စုံသောရဟန်းသည် ယခုဘ၀မှာပင် ရဟန္တာ
ဖြစ်ရန်စိတ်ကိုပွားများအားထုတ်၏။ ထိုရဟန်း
သည် ယခုဘ၀မှာပင် ရဟန္တာဖြစ်နိုင်သည်ဟု
ဟောတော်မူသည်။
မှတ်ချက်။
သဒ္ဓါ = ရတနာသုံးပါး ကံကံ၏အကျိုး၊ အတိတ်
အနာဂါတ်၊ ပစ္စုပ္ပန်နှင့် နိဗ္ဗာန်အထိ ယုံကြည်ခြင်း။
သီလ = ရဟန်းတို့အတွက် စတုပါရိသုဒ္ဓိသီလ၊
လူတို့အတွက် ၅ပါး၊ ၈ပါး၊ ၉ပါး စသော သီလ
သုတအကြားအမြင်။
စာဂ = စွန့်ကြဲခြင်း၊ ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်း။
ပညာ = ကောင်းစွာခွဲခြား၍သိခြင်း၊ ၀ိပဿနာ
ပညာ၊ မဂ်ပညာ၊ ဖိုလ်ပညာ။
ဦးငွေအောင်မွန်
ကျမ်းကိုး။ ။ ဥပရိပဏာသ၊ အနုပဒ၀ဂ်၊ သင်္ခါရူပ ပတ္တိသုတ်။

No comments:

Post a Comment