Friday, November 21, 2014

ရုပ်ပွားတော်ကိုနှုတ်ထွက်စော်ကားဖျက်စီး မိသော လူသားနှစ်ဦး၏ ဘ၀ကံကြမ္မာ


၁၃၆၂ခုနှစ်၊ တော်သလင်းလဆန်း(၁၂)ရက်နေ့တွင်
ထီးချိုင့်မြို့၊ တည်တောဆရာတော်ဘုရားကြီးဦး
ဆောင်လျက် ဖောင်းကုန်းရွာသို့ စက်လှေဖြင့်ဘုရား
ပင့်ဆောင်ရန် သွားရောက်ကြသည်။

ရုပ်ပွားတော်သည် ရှေးဟောင်းရုပ်ပွားတော်ဖြစ်၍
ဆရာတော်ဘုရားကြီးက အများပြည်သူအပေါင်း
ကြည်ညိုသဒ္ဓါပွားနိုင်စေရန်ပြုပြင်ဆဲမုခ်တစ်ထောင်
စေတီတော်၌ အကြည်ညိုခံထားရန်ပင့်ဆောင်ခြင်း
ဖြစ်ပါသည်။
ရုပ်ပွားတော်၏မူလဇာတိမှာ ပါကလားနယ်မှဖြစ်ပါ
သည်။ ပါကလားနယ်သည် မြတောင်မြို့မှအရှေု့
လက် တကောင်းတောင်တန်းအထိနယ်ကိုရှေး
အခါက ပါကလားနယ်ဟုခေါ်ပါသည်။
မိုးမိတ်ရာဇ၀င်တွင် သာသနာသက္ကရာဇ် ၃၈ခုခန့်
က မိုးမိတ်စော်ဘွား ဆေဟုံဗသည် ပါကလာ
(၁၂)ရွာနှင့်တကောင်းမြို့ဦးကာလာချောင်းကို
ပေါင်း၍ဆင်းသော ချောင်း(၁၂)ချေုာင်းတို့ကို
အမှီပြု၍ ရွာပေါင်း(၁၂)ရွာတည်ထားကြောင်း
ပြဆိုထားပါသည်။
ထိုရုပ်ပွားတော်သည် ပါကလားနယ်မှရုပ်ပွား
တော်ဖြစ်ပါသည်။ နယ်ပျက်စီးသွားသောအခါ
စောင့်ရှောက်ထိန်းသိမ်းမည့်သူကင်းသွားပါ
သည်။ ဘုရားကြီးမှာ မိုးရွာရွာနေပူပူအောက်
တွင် ဆင်းရဲစွာ သီတင်းသုံးနေရပါသည်။
သို့အတွက်မောင်းကုန်းဆရာတော်အရှင်
ဣဿရိယက ပါကလားနယ်မှ ပင့်ဆောင်
ထားခြင်းဖြစ်ပါသည်။
ရုပ်ပွားတော်မှာမတ်တပ်ရပ်ကိုယ်တော်ဖြစ်
ပြီး ဘယ်ဘက်လက်မောင်းတစ်ဘက်က
အထက်ဘက်သို့လက်ဝါးထောင်ပြထားဟန်
ဖြစ်ပြီး ညာဘက်လက်တစ်ဖက်က အောက်
ဘက်သို့လက်ဝါးဖြန့်ပြထားဟန်ဖြစ်ပါသည်။
ုဘုရားမှာလက်ညှိုးတစ်ချောင်းနှင့်တက်ခလယ်
တစ်ချောင်းကျိုးနေပါသည်။
ထိုကျိုးမှုနှင့်ပတ်သတ်၍အဖြစ်အပျက်တစ်ခု
ပေါ်လာခဲ့ရပါသည်။
ဘုရားကိုမောင်းကုန်းသို့ပင့်ဆောင်လာစဉ်
ခေတ္တခဏအနေဖြင့် စပ်စားရွာ၌ထားရှိခိုက်
ထိုရွာမှနွားကျောင်းလာသော(၁၀)တန်း
ကျောင်းသားလေးတစ်ယောက်သည်ရုပ်ပွား
တော်ကိုသေချာစွာကြည့်ရှုကာ ဘယ်လိုစိတ်
ရိုင်းဝင်လာသည်မသိ။
ဒီလက်က ဘာတောင်းနေတာလဲ ဟုဆိုပြီး
ပါလာသော သားရေဂွဖြင့်ရိုက်ချိုးပစ်လိုက်
လေသည်။
သိုသူငယ်သည်နောက်တစ်နေ့တွင်ဖခင်နှင့်
အတူ တောထဲသို့ထင်းခွေသွားကြရာမိမိ
ခုတ်သော ထင်းချောင်းမှကျိုးပြီးလက်ကို
မှန်လိုက်၍ လက်ညှိုးလက်ခလယ်နှင့်လက်
ကောက်ဝတ်ပါကျိုးလေတော့သည်။
အနာပျောက်ပြီးလအကြာလောက်တွင်
လှည်းဖြင့်ထင်းတိုက်ရန်တောထဲသို့သွား
ပြန်သည်။ တောထဲမှအပြန်တွင် လှည်းပေါ်
မှကျကာ လှည်းနင်းခံရပြန်သည်။ ထိုလှည်း
နင်းခံရသောအနာဖြင့်ပင် သေဆုံးခဲ့ရလေ
သည်။
ယင်းရုပ်ပွားတော်ကိုပင့်ဆောင်ရန်ဆရာ
တော်နှင့်အတူ ရွာသူရွာသားများလာရောက်
ကြသည်။
ထိုအခါ စပ်စားရွာနှင့်ရွာနီးချင်းရွာမှလူတစ်
ယောက်သည် စပ်စားရွာသို့ရောက်ရှိခိုက်နှင့်
ကြုံကြိုက်နေ၍ ဘုရားပင့်ရာသို့လာရောက်
ကြည့်သည်။ ထိုသူသည် ရုပ်ပွားတော်ကို
သေချာစွာကြည့်ပြီး နှုတ်ကအငြိမ်မနေနိုင်
ဘဲ
ဘုရားကလည်း အချွန်အတက်တွေနဲ့အနူ
ကြီးနဲ့တူလိုက်တာ ဟု ပြောမိသည်။
ထိုသူသည် ရွာသို့ရောက်သောအခါ ခန္ဓာ
ကိုယ်တစ်ခုလုံး ယားယံလာခဲ့သည်။
ဆေးအမျိုးမျိုးဖြင့်ကုသသော်လည်းမရ။
အဖုအပိမ့်များသာထွက်လာပါသည်။
ကလိန်စေ့ခန့်ထွက်ပြီး တွဲရရွဲဖြစ်လာပြီး
အယားအယံကမူပျောက်သွားသည်။
ယခုထက်တိုင်မျက်လုံးမှလွဲ၍ တစ်ကိုယ်လုံး
အသီးလုံးအဖုလုံးများဖြင့် အသက်ရှင်နေရ
ဆဲဖြစ်ပါသည်။
ဤသည်မှာ ၀စီနှုတ်ထွက်စကားစော်ကား
မိသော အကုသိုလ်ကြောင့်ခံစားရခြင်းဖြစ်
ပါသည်။
ဗုဒ္ဓဓမ္မလောကစာစောင်၊ အတွဲ ၃၆၊ အမှတ် ၃၇၊

No comments:

Post a Comment