ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်ရန်ရည်ရွယ်လျက်
သီလခံယူသောအခါ သံသာရ၀ဋ္ဋဒုက္ခတောမော
စနတ္ထာရဟူသော စာပိုဒ်ကိုဆိုပါမှ သဘာဝကျ၏။
သို့မဟုတ်ပါက လူချမ်းသာနတ်ချမ်းသာအကျိုး
မျှော်ကိုးရာရောက်ပေသည်။
ထို့ပြင်အမှန်တကယ် ကမ္မဋ္ဌာန်းအားထုတ်သော
ယောဂီဆိုလျှင် ငါးပါးသီလအပြင်မသင့်တော်ချေ။
ရှစ်ပါးသီလကိုခံယူကျင့်သုံးအပ်ပေသည်။ ဤတွင်
အမှန်တကယ်ဟူသောစကားကို မိမိတို့သတိပြုဖို့
ပင်ဖြစ်သည်။ အမှန်တကယ်မဟုတ်လျှင်ကား
ပြောစရာမလို။ ယောဂီသည်ငါးပါးသီလဖြင့်
အဘယ်ကြောင့်မသင့်တော်ပါသနည်းဟူမူ
ယောဂီသည် ၀ိကာလဘောဇနာ၊ နေ့လွဲညစာ
စားပါက ၁။ အိပ်ငိုက်တတ်၏။ ၂။ ကာမ၀ိတက်
အလိုရမ္မက်ပေါ်တတ်၏။ ၃။ ခန္ဓာကိုယ်ပေါ့ပါး
မှုမရှိဖြစ်၏။
စေ့စေ့တွေးသော် ယနေ့လူသားကမ္ဘာကိုညစာ
ဝိကာလဘောဇနာက ကြီးစိုးနေသည်။ ကမ္ဘာ့
နိုင်ငံများစွာရှိ ဟိုတယ်ကြီးများ၊ စားသောက်
ဆိုင်ကြီးများသည် ညစာကိုသာ အဓိကထား၍
ချက်ပြုတ်ရောင်းချနေကြသည်။ တဏှာလူသား
တို့ကလည်း ညစာကိုပင် အသားလုပ်၍စားကြ
သည်။
လူတို့သည်နေ့တွင်အလုပ်လုပ်ပြီးညတွင်
အိပ်စက်နားနေကြသည်။ ထို့ကြောင့်အလုပ်
ပြီးချိန်အိပ်စက်အနားယူမှုမပြုမှီညစာကို
ကောင်းကောင်းစားကြကုန်၏။ ညစာစား
ပြီး ကာမဂုဏ်ခံစားပျော်ပါး၏။ တိရစ္ဆာန်
တို့ကဲ့သို့မောဟတည်းစွာအိပ်စက်တတ်
ကြ၏။ တချို့လူတို့သည် ညစာကိုညဥ့်
နက်ခံစားပြီး ခန္ဓာကိုယ်အားအင်ပြည့်ဖြိုး
စေလျက် ကာမဂုဏ်ကိုအားရပါးရခံစား
ကြပါ၏။
ညစာသည်ကာမဂုဏ်ကိုအားပေး၏။
ထို့ကြောင့်ညစာသည် စက်ဆုပ်သော
ယောဂီသူတော်ကောင်းအတွက်ဆန့်ကျင်
ဘက်ဖြစ်ပါသည်။ ညစာသည်ကာမဘက်
ကဖြစ်၏။ ညစာရှောင်မှုသည်ဓမ္မဘက်က
ဖြစ်၏။
မြတ်စွာဘုရားရှင်သည် လူ့လောက၌ညစာ
ရှောင်သူအလွန်နည်းပါး၏။ ဒုလ္လဘပင်ဖြစ်
၏ဟုဟော်တော်မူ၏။ သို့ဖြစ်၍ဓမ္မဘက်တော်
သားဟူသမျှညစာဝိကာလဘောဇနာကိုရှောင်
ကြဉ်ရမည်သာဖြစ်၏။ ရဟန်းသံဃာများအား
ညစာမစားရန်ဘုရားရှင်ပညတ်တော်မူထား
ခြင်းသည် ဓမ္မရေးရာဘက်မှအမျှော်အမြင်
ကြီးရာရောက်၏။ ကာမဂုဏ်စိတ်မတိမ်းညွှတ်
အောင်ထိန်းကျောင်းနေရသောရဟန်းသာမ
ဏေများညစာမစားခြင်းအားဖြင့်ကာမစိတ်
ကိုသွေ့ခြောက်စေလေသည်။
ထိုမှတစ်ဖန် နစ္စ ဂီတ ၀ါဒိတ သိက္ခာပုဒ်တို့ကို
ကြည့်မည်ဆိုလျှင် တကယ်တရားအားထုတ်
သူတို့အဖို့ကနေ၍ဖြစ်ပါမည်လား။ ကနေ
သည်ကိုကြည့်၍ဖြစ်ပါမည်လား။ သီချင်းဆို
သံ နားထောင်နေ၍ဖြစ်ပါမည်လား။ တရား
အားထုတ်ရင်း ဂီတာတီးနေ၍ နှဲမှုတ်နေ၍
ဖြစ်ပါမည်လား။ သူများတီးတာမှုတ်တာ
နားထောင်နေ၍ဖြစ်ပါမည်လား။ စဉ်းစားရာ၏။
မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ၀ိဘူသန
တရားအားထုတ်သည့်ယောဂီအနေဖြင့်ပန်း
များဝေနေ၍ သင့်ပါမည်လား။ မိတ်ကပ်
တဖုံဖုံ နံ့သာမျိုးစုံ လိမ်းသချယ်လှယ်သင့်ပါ
မည်လား။ မိမိကိုယ်ကိုလှစေရန်တန်ဆာ
အမျိုးမျိုးဝတ်ဆင်၍ မှန်ရှေ့မခွါလုပ်နေ၍
ဖြစ်ပါမည်လား။ စဉ်းစားရာ၏။ မသင့်၍
မတော်၍ပင်တကယ်တရားအားထုတ်
သည့်ယောဂီအဖို့ ဤနစ္စ၊ ဂီတ သိက္ခာပုဒ်
ကို စောင့်ထိန်းရခြင်းဖြစ်ပေသည်။
ဥစ္စာသယန မဟာသယန = အိစက်ညက်
ညောသည့် ထိုင်စရာ အိပ်စရာမျိုးမရှောင်
ကြဉ်ဘဲ သုံးဆောင်လျှင် ကာမဂုဏ်စိတ်
ပေါ်ပေါက်တတ်၏။ ထိနမိဒ္ဓ၀င်၍ငိုက်မျဉ်း
တတ်ပေသည်။ ထို့ကြောင့် ထိုနေရာမျိုးကို
လည်းရှောင်ခိုင်းခြင်းဖြစ်ပေသည်။
ဤ၌အချို့သူတို့သည် ပမာဒလေခကြ၍
လားမသိ၊ ၀ိသာခါကျောင်းအမကိုပြယုဂ်
ထုတ်ကာ ပေါ့စေလို၍ ကြောင်ရုပ်ထိုး
တတ်ကြပါသည်။ ၀ိသာခါသည်ဥပုသ်စောင့်
သည့်နေ့မှလွဲလို့ ကျန်တဲ့နေ့တွေမှာ ဖြီးလိမ်း
ပြင်ဆင်ပြီးနေထိုင်ပါတယ်။ ပြင်ဆင်ထားလို့
လည်း သားသမီးမြေးမြစ်တွေကြားထဲမှာ
ထိုင်နေလျှင် ဘယ်ဟာဝိသာခါဆိုတာခွဲခြား
လို့မရအောင်လှနေပါတယ်ဟုဆိုလာသည့်
အပြင် ၀ိသာခါ၏ ဖြီးလိမ်းပြင်ဆင်နေတတ်
မူကြောင့် အိမ်သားဖြစ်သူသူဌေးသားမှာ
သံယောဇဉ်တွေပိုကာသားသမီး(၂၀)ရသည်
အထိပေါင်းသင်းနေခြင်းဖြစ်သည်ဟု ၀ိသာခါ
ထုံးနှလုံးမူကျင့်သုံးကြရန် အတ္တနောမတိနှင့်
အဖြေညှိတတ်လာကြပါသည်။
အမှန်ကားထိုသို့မဟုတ်။ ထိုသို့မဆိုသင့်၊
ထိုသို့လည်း နားလည်ရန်မဟုတ်၊ နားလည်
ရန်မှာကား ခရီးသွားသူနှင့်ခရီးရောက်သူကို
ခွဲခြားနားလည်တတ်ရန်ပင်ဖြစ်ပေသည်။
ခရီးသွား(၀ါ)ခရီးသွားဆဲပုဂ္ဂိုလ်မှာကား
အမောအပန်းခံ၍ လမ်းလျှောက်ရ၏။
ခရီးရောက်သူမှာကား အသာအယာနားနေ
နိုင်ပြီ။ ယောဂီကားသောတာပန်ခရီးသွား
ဖြစ်သည်။ သောတာပန်ဖြစ်ပြီးသူ ၀ိသာခါ
မှာကား ခရီးရောက်ပြီးသူနှင့်တူပေ၏။
ထို့ကြောင့် သောတာပန်ငါးပါးသီလလုံခြုံ
စွာနေသည်ကို လက်ညိုးထိုး၍ယောဂီ
လည်း ရှစ်ပါးသီလမလို၊ ငါးပါးသီလလုံက
ပြီး၏ဟု မနှိုင်းမပြုအပ်။
ထို့ကြောင့် အမှန်တကယ်တရားအားထုတ်
တော့မည်ဆိုပါလျှင် ရှစ်ပါးသီလကိုစောင့်
ထိန်းရမည်ဖြစ်ပေသည်။ ငါးပါးသီလမျှဖြင့်
ဖြစ်နိုင်မဖြစ်နိုင်သိသာပေသည်။ ငါးပါး
သီလဖြင့် တရားအားထုတ်၍ ဖြစ်သည်ဆို
ပါက ညစာကလေးစား၊ တီဗွီဇာတ်လမ်း
တွဲလေးတွေကြည့်၊ မိတ်ကပ်ပေါင်ဒါကလေး
သ၊ ဆိုဖာပေါ်ထိုင်၊ မွေ့ရာပေါ်အိပ်တရား
လားထုတ်ဟုဆိုရာရောက်ချေသည်။
ထို့ပြင် တရားအားထုတ်သောယောဂီပုဂ္ဂိုလ်
သည်
စက္ခုမာဿ ယထာ အန္ဓော၊ သောတ၀ါ ဗဓိ ရောယတာ။
ပညာဝါဿ ယထာမူဂေါ၊ ဗလဝေါ ဒုဗ္ဗ လောရိဝ။
အထ အတ္ထေ သမုပ္ပန္နေ၊ သယေထ မတ သာယိကံ
ဟူသော ထေရဂါထာနှင့်မိလိန္ဒပဥှာတို့၌ဖွင့်ဆို
ပြထားသည်နှင့်အညီ
စက္ခုမာ၊ မျက်စိရှိသူ မျက်စိမြင်သူဖြစ်သော်လည်း၊
အန္ဓောယထာ၊ သူကန်းကဲ့သို့။ အဿ၊ ဖြစ်ရာ၏။
မမြင်သောသူကဲ့သို့ မြင်ရတာကိုဂရုမစိုက်ဘဲ
ရှုမြဲတရားကိုသာ ရှုနေရမယ်လို့ဆိုလိုပါတယ်။
သောတ၀ါ၊ နားရှိသူ နားကောင်းသူပင်ဖြစ်သော်
လည်း၊ ဗဓိရောယထာ၊ နားပင်းသူ၊ နားမကြား
သူကဲ့သို့၊ အဿ၊ ဖြစ်ရာ၏။
ပည၀ါ၊ ပြောဆိုတတ်သူ ပညာရှိပင်ဖြစ်သော်
လည်း။ မူဂေါယထာ၊ သူအကဲ့သို့၊ အဿ၊
ဖြစ်ရာ၏။
ဗလ၀ါ၊ အားရှိသူပင်ဖြစ်သော်လည်း။ ဒုဗ္ဗလော
ဣ၀၊ အားနည်းသူကဲ့သို့၊ အဿ၊ ဖြစ်ရာ၏။
အထ၊ ထို့ပြင်၊ အတ္ထေ၊ မလှုပ်မယှက်နေခြင်း
ဖြင့် ပြီးစေသင့်သောအကျိုးကိစ္စသည်။
သမုပ္ပန္နေ၊ ဖြစ်ပေါ်လတ်သော်။ မတသာယိကံ၊
သူသေအလားမလှုပ်မရှားအိပ်နေခြင်းဖြင့်။
သယေထ၊ လျောင်းစက်ငြိမ့်စွာ အိပ်နေရာ
၏ဟု ဖော်ပြထားပေသည်။
ဆိုလိုသည်မှာတရားအားထုတ်သည့်ပုဂ္ဂိုလ်
သည် အင်အားရှိနေသော်ငြားအားမရှိသည့်
လူမမာများကဲ့သို့ကျင့်ရပေမည်ဟုဆို၏။
ပကတိ ကျန်းမာသည့်အင်အားရှိသည့်
ပုဂ္ဂိုလ်များသည် ထခြင်း၊ သွားခြင်းအမှုတို့၌
လွယ်လွယ်ဖြင့်ဆတ်ကနဲပင် လျှင်မြန်စွာထ
ကြ၏။ အင်အားမရှိလူမမာများကားဖြည်း
ဖြည်းရွရွ၊ သိမ်သိမ်မွေ့မွေ့ဖြင့်လှုပ်ရှားကြ
ရ၏။
ထို့ကြောင့်တရားအားထုတ်ရာ၌လည်း
အားမရှိသည့်လူမမာများကဲ့သို့ပြုကျင့်မှ
သာဖြည်းဖြည်းချင်းပြုပြင်ရာရောက်၍
သတိ၊ သမာဓိ၊ ဉာဏ်ကောင်းစွာမှီပေ
သည်။ ရှုမှတ်မှုတစ်ခုတည်းသာ ကိုယ့်
အလုပ်ဖြစ်သဖြင့်အခြားလူများကဲ့သို့
မည်သို့ပင်ထူးထူးဆန်းဆန်းအစရှိသည်
တို့ကို မြင်ရ၊ ကြားရသော်လည်းမမြင်ရ
မကြားရသကဲ့သို့မိမိအမှတ်ကိုသာဂရု
စိုက်၍ မှတ်နေရမည်ဖြစ်ပြီး ကိုယ်အမှု
အရာပြုပြင်ရာတွင်လည်း မကျန်းမာ
သည့်ပုဂ္ဂိုလ် အားအင်မရှိသည့်ပုဂ္ဂိုလ်
များကဲ့သို့ဖြည်းဖြည်းနှင့်ငြိမ်ငြိမ်သက်
သက်သိမ်သိမ်မွေ့မွေ့ပြုပြင်ရပေသည်။
သို့ဆိုလျှင်တစ်စုံတစ်ဦးသောပုဂ္ဂိုလ်မှ
ကျွန်တော်တို့ခေတ်ယောဂီတွေကတရား
စခန်းဝင်လိုက်တာနဲ့လူမမာပုံပေါက်သွား
ပါတယ်။ ယောဂီဝတ်စုံကြီးကလည်း
ဖက်ရှင်လိုဖြစ်နေတဲ့အတွက်ဒီဝတ်စုံဝတ်မှု
တရားရတော့မလိုနဲ့လူကိုတော်တော်အိုစာ
စေပါတယ်။ ၀ိသာခါဝတ်တဲ့ဝတ်စုံကိုကြည့်
ပါ။ ၁၈ ကုဋေတန်ပါတယ်ဟုပြောဆိုလာငြား
အံ့။ ထိုပြောဆိုလာသူ၏ သဘောတရားကို
ကြည့်မည်လား။ ဧကာယနောဟူသော
တစ်ခုတည်းသော တရားသဘောကိုသာ
ကြည့်မည်လား။
စာရှုသူတို့သာ ဆုံးဖြတ်ပါတော့ ဟူ၍။
အနန္တဂုဏ်ရည်မဂ္ဂဇင်း
No comments:
Post a Comment