Thursday, November 20, 2014

ဇနီးသည်အချို့နှင့်လင်


မေး။ ။ အရှင်ဘုရား၊ အမျိုးသမီးတချို့သည်
အမြဲတစေ မိမိခင်ပွန်းသည်ကို ဆူပူကြိမ်းမောင်း
ကျိန်ဆဲတတ်ကြပါသည်။ ၄င်းကဲ့သို့ ခင်ပွန်းသည်
ကို ကျိန်ဆဲတတ်သော ဇနီးများသည် မည်သည့်
အပြစ်ထိုက်ပါသနည်းဘုရား။
ဦးမောင်ဖြူ
ကြခတ်ချောင်း၊ ဘီးလင်း။

ဖြေ။ ။ လင်ယောက်ျားကိုအမြဲတစေဆူပူ
ကျိန်ဆဲကြိမ်းမောင်းသော ဇနီးသည်တို့သည်
တာပနငရဲ၌ကျခံရပြီး သံချိတ်ကောက်ဖြင့်လျှာ
ကို တစ်လံမျှထိဆွဲထုတ်၍ အမျိုးမျိုးနှိပ်စက်
ညှင်းပန်းမှုတို့ကို မရေမတွက်နိုင်အောင်နှစ်
ပေါင်းများစွာ ခံစားကြရကုန်၏။
ဇာတက၀တ္ထု၊ ၂/၆၄ နှင့်ဇာတကအဋ္ဌကထာ
၅/၂၉၆ တွင်ဖော်ပြထားပါသည်။
လင်ကို ရိုသေပူဇော်လျှင်ကား ပတိပူဇိကာ
နတ်သမီးကဲ့သို့ နတ်ပြည်သို့ရောက်ရ၏။
(ဓမ္မပဒ)
ဘဒ္ဒန္တ၀ါယာမသာရ
မြတ်မင်္ဂလာအမေးအဖြေ

No comments:

Post a Comment