ဘုရားလက်ထက်တော်တုန်းက ဓနဉ္စာနီပုဏ္ဏားကြီး
ဆိုတာရှိတယ်။ သူဟာ အစိုးရအမှုထမ်းရွာလူကြီး
တယောက်ပါပဲ။ အခွန်တော်ကောက်ရတဲ့လူကြီးတဲ့။
သူကအခွန်တော်ကောက်တဲ့အခါအစိုးရအမိန့်ဆိုပြီး
ဆင်းရဲသားတွေဆီကအခွန်ကိုပိုမိုကောက်ခံတယ်။
အစိုးရဘဏ္ဍာတိုက်ကိုသွင်းတဲ့အခါကျတော့ မိုးလေ
ဝသ မမှန်လို့ဆိုပြီး နည်းနည်းပဲသွင်းတယ်။ ပြီးတော့
ပိုတာတွေကိုသူကယူတယ်။ သူဟာဒီလိုပဲမတရား
အလုပ်တွေကိုလုပ်နေတယ်။ တစ်နေ့တော့ သူဟာ
မကျန်းမမာရောဂါဖိဆီးနှိပ်စက်လာလို့အရှင်သာရိ
ပုတ္တရာမထေရ်မြတ်ကြီးကိုပင့်ရတော့တယ်။
လူ့ဘ၀တုန်းကတည်းက သူနဲ့အရှင်သာရိပုတ္တရာ
မထေရ်မြတ်ကြီးဟာ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်
ခဲ့သတဲ့။ မိတ်ဆွေကိုအမှတ်ရပြီးတွေ့သွားချင်
လေ့ရှိကြတယ်။ အရှင်သာရိပုတ္တရာမထေရ်မြတ်
ကြီးကသူ့ထံရောက်လာတဲ့အခါကျတော့သူ့ကို
တရားဟောကြားတယ်။ ဘယ်လိုဟောကြား
သလဲဆိုရင်
အပါယ်လေးဘုံမှာ အပါယ်ဘ၀ဖြစ်ရတာထက်
လူ့ဘုံလူ့ဘ၀ဖြစ်ရတာကကောင်းတယ်။ လူ့
ဘ၀ထက်စတုမဟာရာဇ်နတ်ဘ၀ကပိုကောင်း
ပြန်တယ်။ ဒီထက်သာဝတိံသာနတ်ဘ၀။
ဒီထက် ယာမာနတ်ဘ၀၊ ဒီထက် တုတိသာ
နတ်ဘ၀၊ ဒီထက် နိမ္မာနရတိနတ်ဘ၀၊ ဒီထက်
ပရနိမ္မိတ၀သ၀တိနတ်ဘ၀ ဒီလိုတဆင့်ထက်
တဆင့်ပိုပိုကောင်းတယ်လို့ဟောကြားတော်မူ
တယ်။ ဒီတော့ ပုဏားကြီးကဗြဟ္မာဘ၀ကို
ကောဟောပါသလားလို့အရှင်သာရိပုတ္တရာ
ကိုမေးတယ်။ ဟုတ်တယ် ဗြဟ္မာဘ၀ကို
ဟောတယ်။ အဲဒီဗြဟ္မာဘ၀ကိုမရောက်ချင်
ဘူးလားလို့ ပုဏားကြီးကိုအရှင်သာရိပုတ္တရာ
ကမေးတော့ ပုဏားကြီးကရောက်ချင်ပါတယ်
လို့လျှောက်တယ်။ ဒီလိုဆိုရင်ဗြဟ္မာဘဝ
ရောက်နိုင်တဲ့နည်းကိုဟောမယ်လို့ဆိုပြီး
ဗြဟ္မာဘ၀ရောက်နိုင်မယ့်နည်းလမ်းကို
မထေရ်မြတ်ကဟောကြားတော်မူပါတယ်။
ဗြဟ္မာဘ၀ရောက်လိုရင် မေတ္တာ၊ ကရုဏာ
မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မ၀ိဟာရတရား
ကို ပွားရတယ်ဆိုပြီး ပွားပုံပွားနည်းကိုဟော
ကြားတော်မူတယ်။ ဒီလိုဟောပြောပြီးတော့
မထေရ်မြတ်ကြီးလည်းကျောင်းကိုပြန်ကြွ
သွားတော်မူတယ်။ ပြန်ကြွသွားလို့ရှင်သာရိ
ပုတ္တရာကိုယ်တော်မြတ်ကြီးကကျောင်း
တောင်ပြန်မရောက်သေးဘူး ပုဏ္ဏားကြီး
သေဆုံးသွားတယ်။ သေဆုံးပြီးဗြဟ္မာ့ဘုံ
မှာဗြဟ္မာကြီးသွားဖြစ်သတဲ့။ သေခါနီး
ကပ်ကပ်ကလေးမှာဈာန်ရသွားတယ်။
ဒါကြောင့်ဗြဟ္မာ့ဘုံရောက်သွားတာပေါ့။
ဈာန်ဆိုတာလွယ်လွယ်ကလေးပဲခက်တာ
မဟုတ်ဘူး။ တခြားကုသိုလ်အကြောင်းကံ
ထင်ထင်ရှားရှားမရှိရင် မကျန်းမမာဖြစ်တဲ့
အခါမျိုးမှာ မေတ္တာပွားနေတာပဲကောင်း
တယ်။ အဲဒီမေတ္တာစိတ်နဲ့သေသွားရင်နေရာ
ကျတာပဲ။ အင်မတန်ကောင်းတယ်။
ဝိပဿနာယောဂီတွေမှာတော့ ကိုယ့်ဝိပဿနာ
ကို ကိုယ်ရှုနေရင် ဒါကတော့အကောင်းဆုံးပါ
ပဲ။ အင်မတန်ကျေးဇူးများပါတယ်။ အရင်က
အားထုတ်လေ့လာထားပြီးသားဆိုတော့
မကျန်းမမာဖြစ်တဲ့အခါမှာရှုမှတ်လို့လွယ်ပါ
တယ်။ ရှုမှတ်နေကျအတိုင်းရှုမှတ်လိုက်ရုံ
ပါပဲ။ ၀ိပဿနာကုသိုလ်အထောက်အပံ့ရှိ
ပြီးသားယောဂီဆိုရင်တော့ ဒိပြင့်တရားကို
အထူးရှာကြံပွားများနေဖို့မလိုပါဘူး။ ကိုယ်
ရှုပွားနေကျတရားကိုသာ ရှုပွားနေလိုက်ရုံ
ပါပဲ။
မဟာစည်ဆရာတော်ဘုရားကြီး
၏အဘိဓမ္မာတရားတော်ကြီးမှ
လူ့ဘုံလူ့ဘ၀ဖြစ်ရတာကကောင်းတယ်။ လူ့
ဘ၀ထက်စတုမဟာရာဇ်နတ်ဘ၀ကပိုကောင်း
ပြန်တယ်။ ဒီထက်သာဝတိံသာနတ်ဘ၀။
ဒီထက် ယာမာနတ်ဘ၀၊ ဒီထက် တုတိသာ
နတ်ဘ၀၊ ဒီထက် နိမ္မာနရတိနတ်ဘ၀၊ ဒီထက်
ပရနိမ္မိတ၀သ၀တိနတ်ဘ၀ ဒီလိုတဆင့်ထက်
တဆင့်ပိုပိုကောင်းတယ်လို့ဟောကြားတော်မူ
တယ်။ ဒီတော့ ပုဏားကြီးကဗြဟ္မာဘ၀ကို
ကောဟောပါသလားလို့အရှင်သာရိပုတ္တရာ
ကိုမေးတယ်။ ဟုတ်တယ် ဗြဟ္မာဘ၀ကို
ဟောတယ်။ အဲဒီဗြဟ္မာဘ၀ကိုမရောက်ချင်
ဘူးလားလို့ ပုဏားကြီးကိုအရှင်သာရိပုတ္တရာ
ကမေးတော့ ပုဏားကြီးကရောက်ချင်ပါတယ်
လို့လျှောက်တယ်။ ဒီလိုဆိုရင်ဗြဟ္မာဘဝ
ရောက်နိုင်တဲ့နည်းကိုဟောမယ်လို့ဆိုပြီး
ဗြဟ္မာဘ၀ရောက်နိုင်မယ့်နည်းလမ်းကို
မထေရ်မြတ်ကဟောကြားတော်မူပါတယ်။
ဗြဟ္မာဘ၀ရောက်လိုရင် မေတ္တာ၊ ကရုဏာ
မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မ၀ိဟာရတရား
ကို ပွားရတယ်ဆိုပြီး ပွားပုံပွားနည်းကိုဟော
ကြားတော်မူတယ်။ ဒီလိုဟောပြောပြီးတော့
မထေရ်မြတ်ကြီးလည်းကျောင်းကိုပြန်ကြွ
သွားတော်မူတယ်။ ပြန်ကြွသွားလို့ရှင်သာရိ
ပုတ္တရာကိုယ်တော်မြတ်ကြီးကကျောင်း
တောင်ပြန်မရောက်သေးဘူး ပုဏ္ဏားကြီး
သေဆုံးသွားတယ်။ သေဆုံးပြီးဗြဟ္မာ့ဘုံ
မှာဗြဟ္မာကြီးသွားဖြစ်သတဲ့။ သေခါနီး
ကပ်ကပ်ကလေးမှာဈာန်ရသွားတယ်။
ဒါကြောင့်ဗြဟ္မာ့ဘုံရောက်သွားတာပေါ့။
ဈာန်ဆိုတာလွယ်လွယ်ကလေးပဲခက်တာ
မဟုတ်ဘူး။ တခြားကုသိုလ်အကြောင်းကံ
ထင်ထင်ရှားရှားမရှိရင် မကျန်းမမာဖြစ်တဲ့
အခါမျိုးမှာ မေတ္တာပွားနေတာပဲကောင်း
တယ်။ အဲဒီမေတ္တာစိတ်နဲ့သေသွားရင်နေရာ
ကျတာပဲ။ အင်မတန်ကောင်းတယ်။
ဝိပဿနာယောဂီတွေမှာတော့ ကိုယ့်ဝိပဿနာ
ကို ကိုယ်ရှုနေရင် ဒါကတော့အကောင်းဆုံးပါ
ပဲ။ အင်မတန်ကျေးဇူးများပါတယ်။ အရင်က
အားထုတ်လေ့လာထားပြီးသားဆိုတော့
မကျန်းမမာဖြစ်တဲ့အခါမှာရှုမှတ်လို့လွယ်ပါ
တယ်။ ရှုမှတ်နေကျအတိုင်းရှုမှတ်လိုက်ရုံ
ပါပဲ။ ၀ိပဿနာကုသိုလ်အထောက်အပံ့ရှိ
ပြီးသားယောဂီဆိုရင်တော့ ဒိပြင့်တရားကို
အထူးရှာကြံပွားများနေဖို့မလိုပါဘူး။ ကိုယ်
ရှုပွားနေကျတရားကိုသာ ရှုပွားနေလိုက်ရုံ
ပါပဲ။
မဟာစည်ဆရာတော်ဘုရားကြီး
၏အဘိဓမ္မာတရားတော်ကြီးမှ
No comments:
Post a Comment