(၁)
ကျောင်းသားမိဘတစ်ယောက်က အိမ်လာ ရင်း ပြောပြတယ်။
အခြေခံပညာကျောင်းတွေမှာ ဘယ်သူတွေကိုယ်ပိုင်ကားနဲ့ လာသလဲဆိုတာ စာရင်းကောက်နေသတဲ့။ ဘာလုပ်ချင်တာလဲ မေးကြည့်တော့ နောင်ဆိုကိုယ်ပိုင်ကားနဲ့ မလာ ရတော့ဘူးတဲ့။
ရန်ကုန်ယာဉ်ကြောကို သုံးလနဲ့ အပြတ်ရှင်း ပေးမယ်ဆိုတဲ့ စီမံကိန်းတစ်ခုရှိနေတယ်ကြားရတော့  အင်း... ဒါလည်း စီမံချက်ရဲ့ တစ်စိတ်တစ် ဒေသပဲလို့ နားလည်လိုက်ပါတယ်။
ရန်ကုန်ကျောင်းတွေ အထူးသဖြင့် နာမည် ကြီးကျောင်းတွေမှာ ကျောင်းကြိုကိုယ်ပိုင်ကားတွေရဲ့
ပြဿနာက တော်တော်ကြီးပါတယ်။ လမ်းပေါ်မှာ နှစ်ထပ်သုံးထပ်ရပ်နေကြတာ။
ရပ်ပုံကလည်း ယောက္ခမအိမ်မှာ သမက်မင်းမူသလိုမျိုး ထီမထင်တဲ့ မျက်နှာနဲ့
တစ်စက်မှ စည်းကမ်းမရှိ၊ ယာဉ်ထိန်းရဲတွေကလည်း အဲဒီလူတွေကို လုပ်ချင်ရာလုပ်တာ
ကူညီပေးဖို့ လစာယူထားသလား အောက်မေ့ရတယ်။ ဆေးရုံကြီးရှေ့က ကျောင်းဆို
ကားခြောက်စီး ပြိုင်တူမောင်းလောက်အောင်ကျယ်တဲ့ အပြင် ဘယ်ညာ အနားသတ် တွေ၌ ယာဉ်ရပ်စရာသတ်သတ်ရှိနေသေးတယ်။ အဲဒါကို အလယ်ကောင် ယာဉ်ကြောနှစ်စီးစာလေး မနည်းဖွင့်ထားရတာ။
တကယ်တော့ ကျောင်းသားမှန်သမျှ လမ်းလျှောက်ရင်လျှောက်၊ ကျောင်းကားစီးရင်စီးဆိုတာ အင်္ဂလန်တို့ အမေရိကန်တို့ရဲ့နည်းပါ။ သိပ်ကောင်းပါတယ်။ ကျောင်းကားအတွက် သီးသန့်ခရီးကြောရှိမယ်။ ယာဉ်ကြောရှိမယ်။ မှတ်တိုင်ထားမယ်ပေါ့။
ဒီပြဿနာက ယာဉ်ကြောကျပ်မှုကို ဖြေရှင်းပေးဖို့ ကြိုးစားတာ လို့ ကျွန်တော်ယုံကြည်ပါတယ်။ မယုံကြည်တာက ဒီတစ်ခုတည်း ဖြေရှင်းရုံနဲ့ ယာဉ်ကြောကိစ္စပြေလည်ပါ့မလားဆိုတာ ပဲ။
(၂)
လုပ်ချင်ရင် ZONING ဆိုတဲ့ဇုန်သတ်မှတ်မှုက စရလိမ့်မယ်။ အမေရိကန်က အစိုးရကျောင်းတွေမှာ ကလေးတွေဟာ ကိုယ့်ရပ် ကွက်က ကျောင်းမှာပဲ တက်ရတယ်။ အိမ်ရှေ့မှာကျောင်းရှိနေတယ်။ ဒါပေမဲ့ တခြားရပ်ကွက်ဖြစ်နေလို့ တက်ခွင့်မရှိဘူး။ တက်ရမယ့် ကျောင်းက နှစ်မိုင်လောက်ဝေးတယ်။ လမ်းလျှောက်သွားကြရတယ်။
အဲဒီလို ZONING လုပ်မှ ယာဉ်ကြောကျပ်မှု ပြေလည်မယ်။ ဒဂုံမြို့နယ်ထဲမှာနေရင် ဒဂုံကကျောင်းတွေမှာပဲ တက်ရမယ်။ တီတီစီ တို့ သြဂတ်စတင်းတို့ တက်ချင်လို့မရဘူး။ လှိုင်သာယာက ကျောင်း သားဟာ မက်သဒစ်မှာ နေချင်လို့မရဘူး။
အဲဒီလိုဖြစ်ဖို့ လှိုင်သာယာအထကရယ်၊ တစ်ပေကုလားအထက ရယ်၊ တီတီစီရယ်၊ စိန့်သြဂတ်စတင်းရယ်ဟာ အဆောက်အအုံကအစ အားလုံးဆင်တူယိုးမှား ဖြစ်နေရမယ်။ သင်ကြားပုံအတူတူဖြစ်ရမယ်၊ လက်တွေ့လေ့ကျင့်ပုံ အတူတူဖြစ်ရမယ်၊ ဆရာ၊ ဆရာမတွေ အရည် အချင်းအတူတူပဲဖြစ်ရမယ်။ အခုလက်ရှိပုံစံနဲ့တော့ မရဘူး။ ဇနပုဒ် က တဲကုပ်နဲ့မြို့ကြီးက အုတ်ကျောင်းဟာ ကွာမှာပဲ။ တောဆရာဆိုတာ အရည်အသွေးညံ့လို့တောပို့ခံရတဲ့သ ဘော။ ပတ်ဝန်းကျင်ကညံ့၊ သင် ထောက်ကူပစ္စည်းကချို့တဲ့၊ ကလေးတွေက ဆင်းရဲတော့ လူတော် လည်း ကြာရင်ညံ့သွားပါလေရော။
အဲဒါတွေကို တစ်ပြေးညီညှိနှိုင်းမှရမယ်။
(၃)
ကျောင်းကားစီးတာတောင် အခုလောလောဆယ် လုပ်ကိုင်စား နေကြတဲ့ လိုက်ထရပ်ကလေးတွေကိုပိတ်ပြီး မှန်လုံကားမီနီဘတ်စ် တွေ အစားထိုးမယ်ကြားရတယ်။ ကားပိုကြီးတယ်၊ လမ်းပိုကျပ်မယ်။ မီနီဘတ်စ်တွေသွင်းဖို့ အားယူ နေပြီဖြစ်တဲ့ လူတန်းစားနဲ့ ကော်မရှင်ယူဖို့ လက် ပြင်နေတဲ့ ကျောင်းအုပ်ကြီးတွေ (ရှိရင်) ကြိုက် ကြမှာတော့ မဟုတ်ဘူး။
ZONING လုပ်ကိုင်ရင် ဒဂုံမြို့နယ်ထဲမှာ သွားနေတဲ့ ကျောင်းကားဟာ လသာကိုမရောက် ဘူး။ ကမာရွတ်ကို မရောက်ဘူး။ ဒါကြောင့် တီတီစီတို့ သြဂတ်စတင်းတို့ကို ပို့ပေးမယ့်ကားဟာ အင်းစိန်တို့ အလုံတို့မှာ မတွေ့နိုင်ဘူး။ သူ့မြို့နယ် နဲ့သူပဲ။ ဒါမျိုးဆိုရင်တော့ ယာဉ်ကြောကျပ်တာ သက်သာသွားမယ်။ ကိုယ်ပိုင်ကားနဲ့မလာရဆိုပြီး ZONING လည်း လုပ်မပေးရင် အင်းစိန်ရဲ့ ကမ္ဘာကျော်လမ်းရှုပ် တွေအပေါ်မှာ တီတီစီကား၊ သြဂတ်စတင်းကား၊ မက်သဒစ်ကား၊ စိန်ပေါကားတွေ ပိုရှုပ်လာကြတော့မယ်။ ကျောင်းသားတွေ အချိန် စောထွက်ရမယ်။ အင်းစိန်က ကိုယ်ပိုင်ကားနဲ့ကျောင်းသားဟာ အရင် က မနက်ရှစ်နာရီမှာထွက်ရင် အခုလိုလုပ်တော့ မနက်ခုနစ်နာရီ ကတည်းက ကားထွက်စောင့်ရတော့မယ်။
(၄)
ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂လောက်ကစပြီးတွေ့ရတဲ့ပြဿနာ၊ ၁၉၉ဝနောက်ပိုင်းမှာ ပိုပြီးအားကောင်းသန်မာလာတဲ့ပြဿနာဟာ အဲဒါပဲ။ ရေဆုံးရေဖျား မစဉ်းစားဘဲ အညွန့်လေးထထခူးတာ။
ပြဿနာကိုဖြေရှင်းတယ်ဆိုရင် -
(တစ်) အဲဒီပြဿနာရဲ့ အရင်းအမြစ်ကိုပါ ကုန်စင်ပပျောက်သွား အောင်ရှင်းပစ်မယ်လို့ ရည်ရွယ်ချက်ထားရမယ်။
(နှစ်) ဒီပြဿနာဖြစ်ပွားလာရခြင်းရဲ့ အကြောင်းရင်းအားလုံးကို လေ့ လာတူးဖော်ရတယ်။
(သုံး) အဲဒီအကြောင်းရင်းတစ်ခုစီအတွက် အကောင်းဆုံး ဖြေရှင်း နည်းကို ကြံဆရတယ်။ ကိုယ့်တစ်ခေါင်းတည်းနဲ့ဘယ်တော့မှ မလုပ် ပါနဲ့။ ကိုယ်က ပါရဂူဘွဲ့ရ အထူးကုဆရာဝန်ကြီးဖြစ်ရင်ဖြစ်မယ် ။
ဒါ ကြောင့် ဆေးပညာမှာ သူများအကူအညီမလိုလောက်ပါဘူး။ သို့သော်
အင်ဂျင်နီယာပြဿနာတွေ စီးပွားရေးပြဿနာတွေမှာ ကိုယ့်ထက်သိတဲ့
လူတွေရှိနေတတ်တယ်။
တချို့တာဝန်ရှိပုဂ္ဂိုလ်တွေဟာ ရာထူးလေးရလာ တာနဲ့ ငါအကုန်သိ၊ အကုန်တတ်လို့ ထင်ကြတယ်။ တက္ကသိုလ်တောင်မရောက်ဖူးတဲ့လူဟာ ဘယ်လောက် ရာထူးကြီးနေနေ ပညာရေးအမြင်မရှိနိုင်ဘူး။ ဒါကို သဘောပေါက်နေဖို့လိုတယ်။ KNOW THYSELF ဆိုတာကို နားလည်ရင် ပြဿနာဖြေရှင်းဖို့ လမ်းစတွေ့ လွယ်တယ်။
(လေး) ဖြေရှင်းနည်းတွေရလာတဲ့အခါမှာ မြန်မြန်ဆန် ဆန်နဲ့မှန်ကန်ထိရောက်စွာ ဖြေရှင်းရေးဗျူဟာကိုဆွဲရပါ တယ်။
SYNCHRONIZED AND INTEGRATED EFFORT လို့ ခေါ်ပါတယ်။ ပြိုင်တူဖြေရှင်း မှ အကျိုးလည်းရှိပြီး ထိထိရောက်ရောက်ဖြစ်နိုင်တာမျိုး တွေရှိတယ်။ ဥပမာ ကျောင်းကားပြဿနာကို ကိုင်တွယ် နေရင်း တခြားယာဉ်ကြောကျပ်မှုပြဿနာတွေကို ပါပူး တွဲဖြေရှင်းသွားတာမျိုးပါ။
(ငါး) အကြောင်းရင်းအားလုံးကို ဖြေရှင်းပေးနိုင်တယ်ဆို မှသာ ပထမခြေလှမ်းကိုစပါ။ ကျောင်းသားတိုင်းကျောင်း ကားစီးရမယ်လို့လုပ်ပေမယ့် ခရိုနီသားသမီး၊ ဝန်ကြီးသား သမီး၊ ဗိုလ်ချုပ်သားသမီးတွေတော့ ကင်းလွတ်စေဆိုတဲ့ အပေါက်မျိုးချိုးလို့မရပါဘူး။ ခြွင်းချက်မရှိရဘူး။ ဝန်ကြီးချုပ် ရဲ့မြေးလည်း ကျောင်းကားပဲ စီးရမယ်။ စိန်မျောက်မျောက် လည်း ကျောင်းကားပဲစီးရမယ်။ ကျားချေးဆိုပြီး ကြီးကျယ် ချင်လို့မရဘူး။ ဒါမျိုးဖြေရှင်းရဲမှ ကျောင်းကားကိစ္စကို ကိုင်သင့်တယ်။ ပညာရေးတာဝန်ရှိသူ၊ အုပ်ချုပ်ရေးတာ ဝန်ရှိသူတွေကိုယ်တိုင်က ငါ့မြေးတော့ ငါ့ကားနဲ့ပဲပို့မယ် လုပ်နေရင်မရဘူး။ ဒီတိုင်းပြည်မှာ အဲဒီအရပ်သားသတ် သတ်၊ ငါသတ်သတ်ခံယူချက်ကြီး အခြေခိုင်လွန်းလို့ ခက်နေရတာ။ တိုင်းပြည်မကြီးပွားရခြင်းရဲ့ အကြောင်း တရားတွေအနက် ဒီဝါဒဟာလည်း အကြောင်းရင်းကြီး တစ်ခုပဲ။
(၅)
ဒီနေ့မှာ ကျွန်တော့်မြေးလေးကျောင်းပျက်ပါ တယ်။
နေမကောင်းလို့မဟုတ်ပါဘူး။ အိုဘားမားလာမှာမို့ ကျောင်း ပိတ်ပေးထားတာတဲ့။
ကျောင်းတွေပိတ်တော့ ယာဉ်ကြော ရှင်းတယ်။ ရန်ကုန်မြို့ကြီး
ယာဉ်ကြောကျပ်တယ်သာဆို တယ် ရှင်းသားပဲလို့ အိုဘားမားက ထင်သွားမယ်။ ဘယ်
သူ့အတွက်နဲ့မှ အသားလွတ်ကျောင်းပိတ်ရတာ ကျွန်တော် မကြိုက်ပါဘူး။
ကျန်ဇီမင်းတို့၊ အိုဘားမားတို့က ဒီလောက် ကြီး
လောလောဖဖလုပ်ပေးနေရမယ့်လူတွေလား ။ ကလေး တွေရဲ့ပညာရေးက ဒါတွေထက်ပိုအရေးမကြီးဘူးလား။
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
ကျောင်းသားမိဘတစ်ယောက်က အိမ်လာ ရင်း ပြောပြတယ်။
အခြေခံပညာကျောင်းတွေမှာ ဘယ်သူတွေကိုယ်ပိုင်ကားနဲ့ လာသလဲဆိုတာ စာရင်းကောက်နေသတဲ့။ ဘာလုပ်ချင်တာလဲ မေးကြည့်တော့ နောင်ဆိုကိုယ်ပိုင်ကားနဲ့ မလာ ရတော့ဘူးတဲ့။
ရန်ကုန်ယာဉ်ကြောကို သုံးလနဲ့ အပြတ်ရှင်း ပေးမယ်ဆိုတဲ့ စီမံကိန်းတစ်ခုရှိနေတယ်ကြားရတော
ရန်ကုန်ကျောင်းတွေ အထူးသဖြင့် နာမည် ကြီးကျောင်းတွေမှာ ကျောင်းကြိုကိုယ်ပိုင်ကားတွေရဲ့
တကယ်တော့ ကျောင်းသားမှန်သမျှ လမ်းလျှောက်ရင်လျှောက်၊ ကျောင်းကားစီးရင်စီးဆိုတာ အင်္ဂလန်တို့ အမေရိကန်တို့ရဲ့နည်းပါ။ သိပ်ကောင်းပါတယ်။ ကျောင်းကားအတွက် သီးသန့်ခရီးကြောရှိမယ်။ ယာဉ်ကြောရှိမယ်။ မှတ်တိုင်ထားမယ်ပေါ့။
ဒီပြဿနာက ယာဉ်ကြောကျပ်မှုကို ဖြေရှင်းပေးဖို့ ကြိုးစားတာ လို့ ကျွန်တော်ယုံကြည်ပါတယ်။ မယုံကြည်တာက ဒီတစ်ခုတည်း ဖြေရှင်းရုံနဲ့ ယာဉ်ကြောကိစ္စပြေလည်ပါ့မလားဆိုတာ
(၂)
လုပ်ချင်ရင် ZONING ဆိုတဲ့ဇုန်သတ်မှတ်မှုက စရလိမ့်မယ်။ အမေရိကန်က အစိုးရကျောင်းတွေမှာ ကလေးတွေဟာ ကိုယ့်ရပ် ကွက်က ကျောင်းမှာပဲ တက်ရတယ်။ အိမ်ရှေ့မှာကျောင်းရှိနေတယ်။ ဒါပေမဲ့ တခြားရပ်ကွက်ဖြစ်နေလို့ တက်ခွင့်မရှိဘူး။ တက်ရမယ့် ကျောင်းက နှစ်မိုင်လောက်ဝေးတယ်။ လမ်းလျှောက်သွားကြရတယ်။
အဲဒီလို ZONING လုပ်မှ ယာဉ်ကြောကျပ်မှု ပြေလည်မယ်။ ဒဂုံမြို့နယ်ထဲမှာနေရင် ဒဂုံကကျောင်းတွေမှာပဲ တက်ရမယ်။ တီတီစီ တို့ သြဂတ်စတင်းတို့ တက်ချင်လို့မရဘူး။ လှိုင်သာယာက ကျောင်း သားဟာ မက်သဒစ်မှာ နေချင်လို့မရဘူး။
အဲဒီလိုဖြစ်ဖို့ လှိုင်သာယာအထကရယ်၊ တစ်ပေကုလားအထက ရယ်၊ တီတီစီရယ်၊ စိန့်သြဂတ်စတင်းရယ်ဟာ အဆောက်အအုံကအစ အားလုံးဆင်တူယိုးမှား ဖြစ်နေရမယ်။ သင်ကြားပုံအတူတူဖြစ်ရမယ်၊ လက်တွေ့လေ့ကျင့်ပုံ အတူတူဖြစ်ရမယ်၊ ဆရာ၊ ဆရာမတွေ အရည် အချင်းအတူတူပဲဖြစ်ရမယ်။ အခုလက်ရှိပုံစံနဲ့တော့ မရဘူး။ ဇနပုဒ် က တဲကုပ်နဲ့မြို့ကြီးက အုတ်ကျောင်းဟာ ကွာမှာပဲ။ တောဆရာဆိုတာ အရည်အသွေးညံ့လို့တောပို့ခံရတဲ့သ
အဲဒါတွေကို တစ်ပြေးညီညှိနှိုင်းမှရမယ်။
(၃)
ကျောင်းကားစီးတာတောင် အခုလောလောဆယ် လုပ်ကိုင်စား နေကြတဲ့ လိုက်ထရပ်ကလေးတွေကိုပိတ်ပြီး မှန်လုံကားမီနီဘတ်စ် တွေ အစားထိုးမယ်ကြားရတယ်။ ကားပိုကြီးတယ်၊ လမ်းပိုကျပ်မယ်။ မီနီဘတ်စ်တွေသွင်းဖို့ အားယူ နေပြီဖြစ်တဲ့ လူတန်းစားနဲ့ ကော်မရှင်ယူဖို့ လက် ပြင်နေတဲ့ ကျောင်းအုပ်ကြီးတွေ (ရှိရင်) ကြိုက် ကြမှာတော့ မဟုတ်ဘူး။
ZONING လုပ်ကိုင်ရင် ဒဂုံမြို့နယ်ထဲမှာ သွားနေတဲ့ ကျောင်းကားဟာ လသာကိုမရောက် ဘူး။ ကမာရွတ်ကို မရောက်ဘူး။ ဒါကြောင့် တီတီစီတို့ သြဂတ်စတင်းတို့ကို ပို့ပေးမယ့်ကားဟာ အင်းစိန်တို့ အလုံတို့မှာ မတွေ့နိုင်ဘူး။ သူ့မြို့နယ် နဲ့သူပဲ။ ဒါမျိုးဆိုရင်တော့ ယာဉ်ကြောကျပ်တာ သက်သာသွားမယ်။ ကိုယ်ပိုင်ကားနဲ့မလာရဆိုပြီး ZONING လည်း လုပ်မပေးရင် အင်းစိန်ရဲ့ ကမ္ဘာကျော်လမ်းရှုပ် တွေအပေါ်မှာ တီတီစီကား၊ သြဂတ်စတင်းကား၊ မက်သဒစ်ကား၊ စိန်ပေါကားတွေ ပိုရှုပ်လာကြတော့မယ်။ ကျောင်းသားတွေ အချိန် စောထွက်ရမယ်။ အင်းစိန်က ကိုယ်ပိုင်ကားနဲ့ကျောင်းသားဟာ အရင် က မနက်ရှစ်နာရီမှာထွက်ရင် အခုလိုလုပ်တော့ မနက်ခုနစ်နာရီ ကတည်းက ကားထွက်စောင့်ရတော့မယ်။
(၄)
ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂လောက်ကစပြီးတွေ့ရတဲ့ပြဿနာ၊ ၁၉၉ဝနောက်ပိုင်းမှာ ပိုပြီးအားကောင်းသန်မာလာတဲ့ပြဿန
ပြဿနာကိုဖြေရှင်းတယ်ဆိုရင် -
(တစ်) အဲဒီပြဿနာရဲ့ အရင်းအမြစ်ကိုပါ ကုန်စင်ပပျောက်သွား အောင်ရှင်းပစ်မယ်လို့ ရည်ရွယ်ချက်ထားရမယ်။
(နှစ်) ဒီပြဿနာဖြစ်ပွားလာရခြင်းရဲ့ အကြောင်းရင်းအားလုံးကို လေ့ လာတူးဖော်ရတယ်။
(သုံး) အဲဒီအကြောင်းရင်းတစ်ခုစီအတွက် အကောင်းဆုံး ဖြေရှင်း နည်းကို ကြံဆရတယ်။ ကိုယ့်တစ်ခေါင်းတည်းနဲ့ဘယ်တော့မ
တချို့တာဝန်ရှိပုဂ္ဂိုလ်တွေဟာ ရာထူးလေးရလာ တာနဲ့ ငါအကုန်သိ၊ အကုန်တတ်လို့ ထင်ကြတယ်။ တက္ကသိုလ်တောင်မရောက်ဖူးတဲ့လူဟာ ဘယ်လောက် ရာထူးကြီးနေနေ ပညာရေးအမြင်မရှိနိုင်ဘူး။ ဒါကို သဘောပေါက်နေဖို့လိုတယ်။ KNOW THYSELF ဆိုတာကို နားလည်ရင် ပြဿနာဖြေရှင်းဖို့ လမ်းစတွေ့ လွယ်တယ်။
(လေး) ဖြေရှင်းနည်းတွေရလာတဲ့အခါမှာ မြန်မြန်ဆန် ဆန်နဲ့မှန်ကန်ထိရောက်စွာ ဖြေရှင်းရေးဗျူဟာကိုဆွဲရပါ တယ်။
SYNCHRONIZED AND INTEGRATED EFFORT လို့ ခေါ်ပါတယ်။ ပြိုင်တူဖြေရှင်း မှ အကျိုးလည်းရှိပြီး ထိထိရောက်ရောက်ဖြစ်နိုင်တာမျိုး
(ငါး) အကြောင်းရင်းအားလုံးကို ဖြေရှင်းပေးနိုင်တယ်ဆို မှသာ ပထမခြေလှမ်းကိုစပါ။ ကျောင်းသားတိုင်းကျောင်း ကားစီးရမယ်လို့လုပ်ပေမယ့် ခရိုနီသားသမီး၊ ဝန်ကြီးသား သမီး၊ ဗိုလ်ချုပ်သားသမီးတွေတော့ ကင်းလွတ်စေဆိုတဲ့ အပေါက်မျိုးချိုးလို့မရပါဘူး။ ခြွင်းချက်မရှိရဘူး။ ဝန်ကြီးချုပ် ရဲ့မြေးလည်း ကျောင်းကားပဲ စီးရမယ်။ စိန်မျောက်မျောက် လည်း ကျောင်းကားပဲစီးရမယ်။ ကျားချေးဆိုပြီး ကြီးကျယ် ချင်လို့မရဘူး။ ဒါမျိုးဖြေရှင်းရဲမှ ကျောင်းကားကိစ္စကို ကိုင်သင့်တယ်။ ပညာရေးတာဝန်ရှိသူ၊ အုပ်ချုပ်ရေးတာ ဝန်ရှိသူတွေကိုယ်တိုင်က ငါ့မြေးတော့ ငါ့ကားနဲ့ပဲပို့မယ် လုပ်နေရင်မရဘူး။ ဒီတိုင်းပြည်မှာ အဲဒီအရပ်သားသတ် သတ်၊ ငါသတ်သတ်ခံယူချက်ကြီး အခြေခိုင်လွန်းလို့ ခက်နေရတာ။ တိုင်းပြည်မကြီးပွားရခြင်းရဲ့ အကြောင်း တရားတွေအနက် ဒီဝါဒဟာလည်း အကြောင်းရင်းကြီး တစ်ခုပဲ။
(၅)
ဒီနေ့မှာ ကျွန်တော့်မြေးလေးကျောင်းပျက်ပါ
#Democracytoday
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
No comments:
Post a Comment