တစ်ခါတုန်းက ဘုန်းတော်ကြီးတစ်ပါးဟာ လူသူ
မနီးတဲ့တောကြီးမျက်မည်းထဲမှာ တစ်ပါးတည်း
တောရဆောက်တည် ဧကစာရီနေသတဲ့။
တစ်နေ့မှာရွာထဲက ဒကာမောင်စံဟာ တောလည်
သွားရင်း တောရကျောင်းဘုန်းကြီးထံဝင်ရောက်
ခစားပြီး အရှင်ဘုရား ကိုယ်တော်တစ်ပါးတည်း
တောကြီးလယ်ကောင်ကျောင်းတစ်ဆောင်နဲ့
ညဥ့်မှောင်မိုက်ခါမကြောက်ပါလော။ သတ္တ၀ါ
သစ်ကျား ဘေးရန်တွေများတာကြောင့်တော
ကြားတွင်နေ၍မပျော်၊ တပည့်တော်များရွာ
ကျောင်းသို့ရွေ့ပြောင်းသီတင်းသုံးတော်မူပါ
ဘုရားလို့ လျှောက်ထားတောင်းပန်သတဲ့။
အဲဒီအခါတောရကျောင်းဘုန်းကြီးက ဒကာ
လျှောက်ထားတဲ့စကားဟာ တယ်မှန်တာပဲ
မနေ့ညနေ၀င်ပြီးစအချိန်မှာ ဘုန်းကြီးလည်း
ကျောင်းပေါ်ကသက်ဆင်းပြီးသစ်ပင်ရင်းမှာ
ပုတီးစိပ်နေတုန်းလာလိုက်တဲ့ကျားကြီးနှယ်
မငယ်လှပေဘူးလို့အမိန့်ရှိရာ ဒကာမောင်စံ
က မှန်လှပါဘုရား အရှင်ဘုရားမြင်လိုက်ရ
တဲ့ကျားကြီးက ဘယ်လောက်များကြီးပါ
သလဲဘုရားလို့အင်မတန်စိတ်ဝင်စားတဲ့
ပုံစံနဲ့မေးမြန်းလျှောက်ထားပါတယ်။
တောရကျောင်းဘုန်းကြီးက အမှန်ပြောရ
ရင် အဲဒီကျားဟာ ကိုးတောင်လောက်
လိမ့်မယ်ထင်ပါရဲ့လို့ မိန့်ကြားတော်မူတဲ့
အခါ လူရှုပ်လူပွေမောင်စံကရယ်စရာလုပ်
လက်ခုပ်လက်ဝါးတီးပြီး အရှင်ဘုရား
ဤကဲ့သို့သာစကားကိုလူပုံအလယ်မှာ
မိန့်ကြားတော်မမူပါနဲ့ဘုရား။ ကျားဆို
တဲ့အကောင်ဟာ ရှစ်တောင်ကိုးတောင်
ကြီးမြဲမဟုတ်ပါဘူး။ သေးနုပ်တဲ့စကား
ကို သူတစ်ပါးကြားကရယ်ဖွယ်ရာဖြစ်ပါ
လိမ့်မယ်ဘုရားလို့ လီဆယ်ကာလျှောက်
ထားသတဲ့။
အဲဒီအခါတောရကျောင်းဘုန်းကြီးက
အင်း နေ၀င်ဆည်းဆာမှိန်ပြပြမှာမြင်
လိုက်ရတာဆိုတော့ တပ်အပ်သေချာ
မပြောနိုင်ဘူးပေါ့။ ဒါပေမယ့်မင်းဘယ်
လိုငယ်တယ်ပြောပြော ငါမြင်လိုက်ရတဲ့
အကောင်ဟာ အနည်းဆုံးငါးတောင်
လောက်တော့မုချရှိမယ်ကွလို့ တစ်ထစ်
ချစကားပြောကြားပြန်ရာ ဒကာမောင်စံ
က လှောင်ချင်တဲ့စိတ်ထားနဲ့တ၀ါးဝါး
ရယ်ပြီး အရှင်ဘုရားအပိုမကြွားပါနဲ့
ကျားဆိုတာဒီလောက်မကြီးပါဘုရား
လို့လျှောက်ထားတဲ့အခါ တောရ
ကျောင်းဘုန်းကြီးဟာစိတ်တိုလာပြီး
ဟေ့ ဒကာစံ မှန်မှန်လျှောက်စမ်း ငါ့ကို
လှည့်စားမနေနဲ့ ကျားဆိုတာဘယ်
လောက်ကြီးသလဲလို့ ခပ်ဆတ်ဆတ်
မိန့်ကြားတော်မူသတဲ့။
အဲဒီတော့မှ ဒကာမောင်စံက အရှင်ဘုရား
နောက်တစ်ခါ မလွဲအောင်တစ်ခါတည်း
မှတ်ထား ကျားဆိုတာ ကြီးရင်လက်တစ်ဝါး၊
ငယ်ရင် လက်လေးသစ်လောက်ပဲရှိပါတယ်
ဘုရားလို့ မှင်နဲ့မောင်းနဲ့လျှောက်ထားပြီး
အိမ်ပြန်သွားပါသတဲ့။
ဒီလိုနဲ့နောက်တစ်နေ့နံနက်အလင်းမှာ
ဥပုသ်သီတင်းနေ့နဲ့ကြုံကြိုက်တာမို့
ရပ်သူရွာသား ဒါယကာ ဒါယိကာမ
တွေဟာ တောရကျောင်းကို ရှစ်ပါး
သီလစောင့်သုံးကြရန်ရောက်ရှိလာကြ
ပါတယ်။ တောရကျောင်းဘုန်းကြီးထံ
မှာ သီလခံယူပြီးတဲ့နောက် ဒကာ
ဒကာမတွေက အရှင်ဘုရား တောကြီး
မျက်မည်းထဲမှာသစ်ကျားဘေးရန်
အတန်တန်နဲ့သီတင်းသုံးရတာအင်
မတန်အားငယ်စရာကောင်းပါတယ်။
တပည့်တော်တို့ရွာနီးကျောင်းကို
ရွေ့ပြောင်းသီတင်းသုံးတော်မူပါ
ဘုရားလို့ လျှောက်ထားတောင်းပန်
ကြတဲ့အခါ တောရကျောင်းဘုန်းကြီး
က ဒကာအများလျှောက်ထားသည်မှာ
မမှားဧကန်အမှန်ပဲဖြစ်ပေတယ်။
တစ်နေ့ညကငါဟာကျောင်းပေါ်မှ
သက်ဆင်းပြီး သစ်ပင်ရင်းမှာပုတီးစိပ်
နေတုန်းလာလိုက်တဲ့ကျားနှယ်မငယ်
လှပေဘူးလို့ ထပ်မံအမိန့်ရှိပါတယ်။
ဒကာ ဒကာမတွေက မှန်ပါဘုရား။
အရှင်ဘုရားမြင်လိုက်ရတဲ့ကျားက
ဘယ်လောက်တောင်ကြီးမားပါသလဲ
ဘုရားလို့လျှောက်ထားမေးမြန်းကြ
တဲ့အခါ တောရကျောင်းဘုန်းကြီးဟာ
ဒကာမောင်စံလိမ်ညာထားတဲ့စကား
ကိုအမှန်ုလို့ထင်မှတ်ပြီး ဒကာဒကာမ
တို့ဘုန်းကြီးမြင်လိုက်ရတဲ့ကျားဟာ
ကြီးရင်လက်တစ်ဝါး ငယ်ရင်လက်
လေးသစ်လောက်ရှိလိမ့်မယ်လို့
တည်ကြည်တဲ့မျက်နှာထားနဲ့မိန့်ကြား
လိုက်သတဲ့။
ကြားလိုက်ရတဲ့ ဒကာဒကာမတွေဟာ
အောင့်မထားနိုင်ကြဘဲ တအုန်းအုန်း
တသောသောရယ်မောကြတဲ့အခါ
တောရကျောင်းဘုန်းကြီးက ဟဲ့
ဒကာတွေ ဘာကြောင့်ရယ်မော
တသောသောဖြစ်နေကြသတုန်းလို့
မေးမြန်းပါတယ်။ ဒကာတစ်ယောက်
က အရှင်ဘုရား ဆရာနဲ့ဒကာ၊ ဒကာ
က ဆရာလုပ်တယ်လို့မထင်ပါနဲ့ဘုရား
အရှင်ဘုရားမြင်လိုက်ရတဲ့ကျားဟာ
လက်တစ်ဝါးလက်လေးသစ်လောက်
ပဲဆိုတော့ လူမရိုသေလောက်တဲ့
စကား မခန့်ညာလောက်အောင်ဖြစ်
နေပါတယ်ဘုရားလို့ပြန်လည်လျှောက်
ထား တဲ့အခါ တောရကျောင်းဘုန်းကြီး
က ဒကာတို့ ဒီလိုဆိုရင် ကျားဆိုတဲ့
အကောင်ဟာ ဘယ်လောက်တောင်
ရှိသတုန်းလို့မေးမြန်းစုံစမ်းပါတယ်။
မှန်လှပါဘုရား။ ကျားဆိုတဲ့သတ္တ၀ါ
ဟာ ကြီးရင်ရှစ်တောင် ကိုးတောင်၊
ငယ်ရင် လေးတောင်ငါးတောင်လောက်
ရှိမြဲဖြစ်ပါတယ်ဘုရားလို့ ဒကာအများ
ကလျှောက်ထားတဲ့အခါ တောရ
ကျောင်းဘုန်းကြီးက တောက်အစက
ငါပြောတာဟန်အကိုက်သားနဲ့ငစံ
မိုက်ကြောင့်ငါ့ကျားငယ်ရတယ်လို့
ညည်းတွားတော်မူလိုက်ပါသတဲ့။
ဒီပုံပြင်ထဲကအတိုင်းပါပဲ။ ယခုအခါ
သာသနာတော်မှာလည်းရှင်ရဟန်း
ဆိုတာ မူလကမြတ်စွာဘုရားပညတ်
တော်မူအပ်တဲ့ဂုဏ်သိက္ခာနဲံဟန်
အကိုက်ရှိနေပြီးမှ မိုက်မဲမှားယွင်း
ဖောက်ပြန်စွာပြုမူပြောဆိုနေထိုင်
ကြတဲ့ ရဟန်းရှင်လူတချို့ကြောင့်
သံဃဂုဏ်ဟာညှိုးငယ်နေရပါပြီ။
ရွာနေသူလူအများပျက်စီးရင်ရွာ
ပျက်တယ်လို့ပြောဆိုရသလိုပါပဲ
သာသနာတော်ကိုမှီခိုနေသူရဟန်း
ရှင်လူတို့ပျက်စီးရင်လည်းသာသနာ
ပျက်စီးတော့တာပါပဲ။
ဗုဒ္ဓသာသနာတော်ရဲ့အနာဂါတ်နဲ့
ပါတ်သတ်ရင် အမရပူရမြို့မဟာ
ဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့
အယူအဆကိုနှစ်သက်မိပါတယ်။
ဆရာတော်ကြီးကသာသနာတော်ဟာ
၁။ ဂုဏ်မဲ့သိက္ခာမဲ့ဆက်လက်တည်တံ့
နေတာရယ်၊
၂။ ဂုဏ်ရှိသိက္ခာရှိအမြန်ကွယ်ပျောက်
သွားတာရယ် ဒီနှစ်ခုကိုရွေးရမယ်ဆို
ရင် နံပါတ်နှစ်ဖြစ်တဲ့ဂုဏ်ရှိသိက္ခာရှိ
အမြန်ကွယ်ပျောက်သွားတာကိုပဲ
လိုချင်ပါတယ်တဲ့။ တကယ်တော့ဗုဒ္ဓ
သာသနာတော်ဟာ တစ်လောကလုံး
ကုသိုလ်ဖြစ်ဖို့ချမ်းသာဖို့ပါ။ ဒီရည်ရွယ်
ချက်အတိုင်းဖြစ်မလာရင်အမြန်ပျောက်
ကွယ်သွားတာကမှပိုကောင်းပါတယ်။
ကိုယ်တိုင်ဘုရားမတည်နိုင်ရင်ကုသိုလ်
မရရုံဘဲရှိပါတယ်။ ငရဲမကျနိုင်ပါဘူး။
ဒါပေမယ့်သူတစ်ပါးတွေတည်ထားတဲ့
စေတီပုထိုးတွေကိုတူးဖြိုဖျက်စီးမိရင်
တော့ သေချာပေါက်ငရဲကျမှာပါပဲ။
ဒီနေရာမှာ ရတနာပုံနေပြည်တော်ခေတ်
က မင်းတုန်းမင်းကြီးရဲ့သာသနာတော်
နဲ့ပတ်သတ်ပြီး ပြတ်သားတဲ့မိန့်ကြား
ချက်ကို နားဆင်ကြည့်ပါ။ ခွေးတိရစ္ဆာန်
သည်သာသနာတော်မြတ်ကိုမဖျက်စီး
နိုင်၊ ထိုသို့မဖျက်စီးနိုင်သောခွေးသည်
အ၀ီစိသို့မကျ။ လူသည်သာသနာတော်
ကိုဖျက်စီးနိုင်သည်။ ထိုသို့ဖျက်စီးနိုင်
သောလူသည် အ၀ီစိသို့ကျရသည်။
မောင်မင်းတို့သည်သာသနာတော်
မြတ်ကို ဖျက်စီးကုန်သော အရှက်မရှိ၊
သိက္ခာမဲ့အလဇ္ဇီပုဂ္ဂိုလ်တို့အားချီးမြှောက်
ထောက်ပံ့ခြင်းကို မပြုကြကုန်လင့်
အ၀ီစိငရဲသို့ကျဆင်းကြရမည်ကို
ကြောက်ကြကုန်။
သာသနာတော်ကိုအဖျက်သဘောမဖက်၊
အပြုသဘောသက်သက်ဖြင့်ဆည်းကပ်
နိုင်ကြပါစေ။
တော်ဝင်နွယ်
No comments:
Post a Comment