တစ်ရံရောအခါ လယ်သမားတစ်ယောက်သည်
ရိုးသားစွာအသက်မွေး၍တတ်နိုင်သမျှသီလ
ဆောက်တည်ခြင်း။ လှူဒါန်းခြင်းတို့ကိုအမြဲပြု
လုပ်သည်။ သူသည်ရှေးခေတ်လူတို့အတိုင်း
သစ်ပင်ကြီးကြီးရှိလျှင် ရုက္ခစိုးရှိသည်ဟုယူဆ
သည်။ သို့ရာတွင် သစ်ပင်တိုင်းတွင်ရုက္ခစိုးရှိ
သည်မဟုတ်။ သူရဲရှိလျှင်လည်းရှိနေမည်။
ထိုလယ်သမားသည်နေ့စဉ်လယ်ထွန်ချိန်
ကောက်စိုက်ချိန် စပါးရိပ်ချိန်မှစ၍ လယ်ထဲ
ကိုလာတိုင်း လယ်ကန်သင်းပေါ်ရှိသစ်ပင်ကြီး
တစ်ပင်အောက်တွင် ထိုင်၍နံနက်စာစားလေ့ရှိ
သည်။ အရိပ်တွင်ခဏအနားယူသည်။ သူသည်
စေတနာကောင်းသူဖြစ်သည်။ ထို့ကြောင့်သူ
ထမင်းစားတိုင်းစားတိုင်း ထမင်းတစ်ဆုပ်ကို
ဖက်ထဲတွင်ထည့်၍ ရှေးလူကြီးများအယူဝါဒ
အတိုင်း ရုက္ခစိုးမင်းနှင့်အရှင်ကြီးအရှင်ကောင်း
တို့အား ပူဇော်ပသပါသည်ဟူ၍ဆို၍အမြဲနတ်
တင်သည်။
ဤကဲ့သို့နေ့စဉ်ပြုလုပ်ခဲ့ရာ ၁၅နှစ်ခန့်ကြာခဲ့
သည်။ ထိုအခါသစ်ပင်စောင့်သောရုက္ခစိုး
နတ်ကဆင်ခြင်သည်။ ဒီလယ်သမားသည်
ငါနှင့်ဆွေမျိုးလည်းမဟုတ်။ သိလည်းမသိ။
သို့ရာတွင်ငါ့ကို အမြဲရိုသေလေးစား၍ သူ၏
ထမင်းကိုစားဦးစားဖျားပေးလှူသည်။
ထို့ကြောင့်ငါတတ်နိုင်သလောက်သူ့အား
ကူညီမည်ဟု ဆုံးဖြတ်လိုက်သည်။
ရုက္ခစိုးနတ်မင်းသည် ထိုလယ်သမားအား
ပေးရန်အရှင်မရှိသော မြေ၌မြှပ်ထားသော
ရွှေအိုးငွေအိုးများကိုရှာဖွေသည်။ အရှင်ရှိ
သောပစ္စည်းများကိုနတ်တို့မယူနိုင်ချေ။
မြှုပ်ထားသောဥစ္စာရှင်ငရဲသို့ရောက်သည်
ဖြစ်စေ၊ နတ်ပြည်သို့ရောက်သည်ဖြစ်စေ၊
သူနှင့်လုံးဝမဆိုင်သောပစ္စည်းများကိုသာ
သူတို့ယူနိုင်သည်။ ဤကဲ့သို့ရှာဖွေသော
အခါတစ်နေ့တွင် ရွှေအိုးကြီးတစ်လုံးရခဲ့
သည်။ ရှေးအခေါ်စလယ်ဝင်အပြည့်အထဲ
တွင် ရွှေတွေရှိနေသည်။ ထို့ကြောင့်ရုက္ခစိုး
နတ်မင်းသည် အလွန်ဝမ်းသာလှသဖြင့်
ငါ့လူတော့ချမ်းသာတော့မည်။ ကုသိုလ်
ကောင်းမှုတွေပြုရလိမ့်မည်ဟု ၀မ်းသာ
အားရဖြင့် လယ်သမားလာသောလမ်း
တွင်ချထားပေးသည်။
လယ်ထွန်ရန်သူလာလျှင် ဒီရွှေအိုးကို
တွေ့မည်။ တွေ့လျှင်သူချမ်းသာသွား
မည်။ ရုက္ခစိုးနတ်မင်းမှာအလွန်ဝမ်းသာ
သွားပြီး စောင့်ကြည့်နေသည်။ သို့ရာတွင်
ထိုလယ်သမားသည် ရှေးဘ၀တုန်းက
ဒါန သီလကောင်းမှုများရှိသူမဟုတ်
သဖြင့် ထိုရွှေအိုးချထားသောနေရာ
ရောက်သောအခါ အပေါ်ကိုမော့ကြည့်
၍သွားလေသည်။ ထိုနည်းဖြင့်ထိုနေ့က
သူသည်ရွှေအိုးနှင့်လွဲသွားသည်။
ရုက္ခစိုးမင်းက လက်မလျှော့သေး။
ဒီလယ်သမားဟာမော့မော့သွားသည်။
နက်ဖြန်တော့ သစ်ပင်ပေါ်ကဤရွှေအိုး
ကိုတွဲလွဲဆွဲချထားမည်။ ဒါမှမြင်ပြီးသူရ
လိမ့်မည်ဟု စဉ်းစားပြီးလျှင်သစ်ကိုင်းမှ
နေ၍ ရွှေအိုးကိုလျှော်ဖြင့် ချည်နှောင်၍
တွဲလွဲချထားပေးသည်။ သို့ရာတွင်ကံ
နည်းသူ လယ်သမားမှာ ထိုနေ့က
မြေကြီးပေါ်သို့ကြည့်၍သွားသည်။ လုံးဝ
မော့မကြည့်ချေ။ ထို့ကြောင့်ရွှေအိုးနှင့်
လွဲသွားပြန်သည်။
ရုက္ခစိုးကအလွန်စိတ်ပျက်သွားပြီးလျှင်
ဤသို့ညည်းညူလိုက်သည်။ ဒီလယ်သမား
မှာ နောက်ဘ၀က သူဌေးဖြစ်ဖို့ကံမပါသော
ကြောင့် ဖြစ်လိမ့်မည်။ သူ့မှာကံမရှိလျှင်
ငါ့ကိုဖယ်ထား၊ သိကြား မ တောင်ချမ်းသာ
မည့်အကောင်မဟုတ်ဟု ညီးညူလိုက်
သည်။
ထိုအခါသိကြားမင်းကကြားသောကြောင့်
ရုက္ခစိုးထံရောက်လာသည်။ အသင်ရုက္ခစိုး
ငါသိကြားမင်း မ ပြမည်ဟုပြောပြီးလျှင်
သူတို့နှစ်ပါးသည် လယ်သမားလာမည့်
အချိန်ကိုစောင့်နေကြသည်။ ထို့နေ့နံနက်
ရောက်သောအခါ လယ်သမားသည်
သူလာနေကျလမ်းအတိုင်းသစ်ပင်အောက်
သို့ရောက်လာသည်။ သိကြားမင်းနှင့်
ရုက္ခစိုးနတ်တို့က ကိုယ်ထင်ပြသပြီးလျှင်
လယ်သမားကိုသူတို့အနားသို့ခေါ်သည်။
သိကြားမင်းကဤသို့အမိန့်ရှိသည်။
အသင်လယ်သမား ဟောဒီမှာရွှေအိုးရှိ
သည်။ သင်သည်မြေကြီးကို လက်ဝါးနှင့်
ပုတ်လိုက်ပါ။ မြေကြီးကိုပုတ်မိလျှင်ဒီရွေ
အိုးကိုသင်ပိုင်လိမ့်မည်။ ယူတော့ဟုပြော
၍ လယ်သမားအားမြေကြီးကိုလက်နှင့်
ပုတ်ခိုင်းသည်။ လယ်သမားသည်အလွန်
ဝမ်းသာစွာဖြင့် မြေကြီးကိုပုတ်လိုက်ရာ
မြေကြီးပေါ်မကျဘဲ နောက်ချေးပုံပေါ်သို့
ရောက်သွားသည်။ ထို့ကြောင့်မြေကြီးနှင့်
လက်နှင့်မထိတော့ချေ။ ဤတွင်မှသိကြား
မင်းက ငါလည်းမတတ်နိုင်။ သင့်ကံအတိုင်း
ပဲလယ်ထွန်နေတော့ဟုဆိုပြီးလျှင် နတ်
နှစ်ပါးနှင့်ရွှေအိုးပါပျောက်သွားလေတော့
သည်။
ဤပုံပြင်ကိုကြည့်လျှင် အတိတ်ကံမပါက
ဘာမှမဖြစ်နိုင်ကြောင်း၊ မကောင်းမှုလည်း
မဖြစ်၊ ကောင်းမှုလည်းမဖြစ်နိုင်ကြောင်း၊
အတိတ်ကကောင်းအောင်လုပ်ခဲ့မှယခု
ကောင်းမည်။ မကောင်းမှုလုပ်ခဲ့ကယခု
ဘ၀ မကောင်းနိုင်။ မင်္ဂလာတရားတော်
တွင် ပုဗ္ဗေစကတပုညတာ၊ မိမိပြုသော
ကောင်းမှုရှိသောသူဖြစ်မှသာ ဤဘ၀၌
ကောင်းကျိုးခံစားရပေလိမ့်မည်။ အလွန်
အံ့သြဖွယ်ကောင်းလှပေသည်။
ဆရာစန္ဒြ
ဘ၀ခရီးနှင့်အတွေ့အကြုံများစာအုပ်မှ
No comments:
Post a Comment