အခါတစ်ပါး၌မြတ်စွာဘုရားသည် ဝေသာလီပြည်
မဟာဝုန်တော ကုဋာဂါရသာလာကျောင်းတိုက်၌
သီတင်းသုံးနေတော်မူ၏။ ထိုအခါမကြာမီကပင်
ရဟန်းအဖြစ်ကိုစွန့်၍သာသနာတော်မှထွက်သွား
သော လိစ္ဆ၀ီမင်းသား သုနက္ခတ္တသည် ဝေသာလီ
မြို့ပရိသတ်အလယ်၌ ဤသို့ပြောဆိုလေသည်။
ရဟန်းဂေါတမအား သာမာန်လူတို့ကျင့်သုံးမြဲဖြစ်
သော ကုသိုလ်တရားထက်သာလွန်သော ဉာဏ်
အမြင်ထူးသည် မရှိ။ ရဟန်းဂေါတမသည်ကြံစည်
စဉ်းစား၍ ဆင်ခြင်သုံးသပ်ပြီး မိမိဉာဏ်၌ထင်မြင်
သည့်အတိုင်း တရားကိုဟော၏။ သို့သော်သူ့တရား
သည် သူဟောသည့်အတိုင်းကျင့်သူအား ဒုက္ခကုန်
ဆုံးရာသို့ပို့ဆောင်ပေးနိုင်ပေ၏။
သုနက္ခတ္တသည် မြတ်စွာဘုရားမှာ မဂ်ဉာဏ်
စသောလောကုတ္တရာဉာဏ်အမြင်များမရှိ။
မိမိဘာသာကြံစည်တွေးခေါ်တတ်သော
လောကီဉာဏ်မျှဖြင့်သာလျှင်တရားကို
ဟောကြားနေခြင်းသာဖြစ်၏ဟူသော အဓိပ္ပါယ်
ဖြင့် အထက်ပါစကားကိုပြောကြားနေုခြင်းဖြစ်
၏။ ဤသို့စဉ်းစားဉာဏ်မျှဖြင့် ကြံဆဟောကြား
သောတရားဖြစ်၍ သူ့တရားသည်ဒုက္ခမှလွန်
မြောက်စေနိုင်သော နိယျာနိကဓမ္မမဟုတ်ဟု
သုနက္ခတ္တပြောလို၏။ သို့သော်ဝေသာလီမြို့၌
ဘုရားရှင်၏တရားကိုကြားနာ၍ သောတာပန်
သကဒါဂါမ်၊ အနာဂါမ်စသည်ဖြစ်နေကြသော
လူတွေများစွာရှိနေသဖြင့် ထိုကဲ့သို့မပြောဝံ့ဘဲ
သူ့တရားသည်သူဟောသည့်အတိုင်းကျင့်သူ
အား ဒုက္ခကုန်ရာသို့ပို့ပေးနိုင်ပေ၏ဟု လျှောချ
၍ ပြောလိုက်ရ၏။ သို့အားဖြင့်သုနက္ခတ္တ၏
စကားမှာ ရှေ့နောက်မညီဘဲ ကဲ့ရဲ့မှုတစ်ပိုင်း
နှင့် ချီးမွမ်းမှုတစ်ပိုင်းဖြစ်နေ၏။ ကဲ့ရဲ့သလိုနှင့်
ချီးမွန်းသောစကားဖြစ်နေ၏။
တစ်နေ့သ၌အရှင်သာရိပုတ္တရာသည်ဝေသာလီ
မြို့တွင်း၌ဆွမ်းခံတော်မူစဉ်သုနက္ခတ္တကထိုကဲ့
သို့ပြောဆိုနေသည်ကို ကြားသိခဲ့ရသည်ဖြစ်၍
မြတ်စွာဘုရားအားလျှောက်ကြားလေ၏။
ထိုအခါ မြတ်စွာဘုရားက သုနက္ခတ္တအမျက်
ဒေါသဖြင့်ထိုကဲ့သို့ပြောဆိုခြင်းဖြစ်ကြောင်း
သို့သော် သူ့စကားမှာ ကဲ့ရဲ့သလိုနှင့်ချီးမွှန်း
သောစကားဖြစ်ကြောင်းမိန့်ကြားတော်မူ၏။
အမှန်အားဖြင့်သုနက္ခတ္တသည်စောစောပိုင်း
က သာသနာတော်၌ကြည်ညို၍ ရဟန်းပြု
ပြီး သုံးနှစ်တိုင်တိုင် ဘုရားရှင်၏နောက်
တော်မှအမြဲလိုလိုလိုက်ပါနေခဲ့၏။ ဒိဗ္ဗစက္ခု
ဉာဏ်ကိုပင်ရရှိခဲ့၏။ ထို့နောက်သူ၏တစ်ခု
တည်းသောအတိတ်ကံကြောင့်ဒိဗ္ဗသောတ
ဉာဏ်ကိုမရနိုင်ဘဲရှိရာမှဘုရားရှင်အပေါ်
အထင်အမြင်လွဲမှားပြီးလူထွက်သွားခြင်း
ဖြစ်၏။ လူထွက်သွားပြီးနောက်တွင်လည်း
ကိုယ့်အပြစ်ကိုယ်ဆင်ခြင်၍တိတ်ဆိတ်စွာ
မနေဘဲ ဘုရားရှင်အားမဟုတ်မမှန်သော
စကားတို့ဖြင့် စွပ်စွဲပြောဆိုနေ၏။ ဤသို့
ဘုရားရှင်အား မဟုတ်မမှန်သောစကား
ဖြင့်စွပ်စွဲပြောဆိုသူသည် သေလွန်သော
အခါ အပါယ်ငရဲသို့မလွဲမသွေရောက်မည်
သာဖြစ်ပေသည်။
မြတ်စွာဘုရားသည် ဤအကြောင်းများကို
စဉ်းစားဆင်ခြင်တော်မူမိသည်ဖြစ်၍
သုနက္ခတ္တအပေါ်၌သနားကြင်နာခြင်းများ
စွာဖြစ်တော်မူခဲ့၏။ သုနက္ခတ္တ၏စကားကို
ယုံကြည်မိ၍ အခြားသူများအပါယ်လားရ
မည်ကိုလည်း စိုးရိမ်ကြောင့်ကြတော်မူခဲ့
၏။ ထို့ကြောင့်မြတ်စွာဘုရား၌ သာမာန်
လူတို့၏အသိဉာဏ်ထက်ထူးကဲသော
လွန်သော ဉာဏ်တော်စွမ်းရည်များရှိ
ကြောင်းကို ရှင်သာရိပုတ္တအားအကျယ်
ဟောကြားတော်မူလေသည်။
ဤသို့လိစ္ဆ၀ီမင်းသားသုနက္ခတ္တကို
အကြောင်းပြု၍ ရှင်သာရိပုတ္တရာအား
ဟောကြားခဲ့သည့် မဟာသီဟနာဒသုတ်
အမည်တွင်သော ထိုသုတ္တန်ဒေသနာ
တော်၌ဘုရားရှင်သည် ရှေးဦးစွာဣဒ္ဓိ
ဝိဓဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ စေတော
ပရိယဉာဏ်ဟူသောဉာဏ်တော်သုံးပါး
ကို ဟောကြားတော်မူခဲ့၏။
ထိုဉာဏ်တော်သုံးပါးတို့တွင်ဣဒ္ဓိဝိဓ
ဉာဏ်ဟူသည် ကိုယ်တော်ကိုတစ်ပါး
တည်းမှ ကိုယ်ပွားအများအပြားဖြစ်စေ
ခြင်း၊ ကိုယ်ပွားအများအပြားမှတဖန်
တစ်ပါးတည်းဖြစ်စေခြင်း၊ ကိုယ်တော်
ကိုမမြင်ရအောင်ကွယ်ပျောက်စေနိုင်ခြင်း၊
ကွယ်ပျောက်ရာမှတဖန်ထင်ရှားပေါ်လာ
စေခြင်းအစရှိသော အံ့ဖွယ်တန်ခိုးအမျိုး
မျိုးကို ပြုလုပ်နိုင်သောဉာဏ်တော်စွမ်း
ရည်ဖြစ်၏။
ထိုဣဒ္ဓိဝိဓတန်ခိုးရှင်သည် နံရံ တံတိုင်း
တောင်အစရှိသည်တို့ကိုဖောက်ထွင်း
လျက် ဟင်းလင်းပြင်မှာကဲ့သို့လွပ်လပ်
စွာသွားနိုင်၏။ ရေထဲ၌ငုတ်ခြင်းပေါ်ခြင်း
ပြုနိုင်၏။ ရေပြင်၌လည်းမြေပြင်ကဲ့သို့
လျှောက်သွားနိုင်၏။ ကောင်းကင်ပြင်
၌လည်းငှက်များကဲ့သို့ ထိုင်လျက်ဖြင့်
ပင် ရွေ့လျားသွားလာနိုင်၏။ အထက်
ကောင်းကင်မှအလွန်တန်ခိုးအာနုဘော်
ကြီးသော လနှင့်နေတို့ကိုလည်းလက်
ဖြင့်ဆုပ်ကိုင်နိုင်၏။ ဗြဟ္မာ့ပြည်တိုင်
အောင်လည်းကိုယ်အားဖြင့် မိမိ၏
အလိုအတိုင်း ဖြစ်စေနိုင်၏။
အထက်ဖော်ပြပါဉာဏ်တော်သုံးပါးတို့
တွင် ဒိဗ္ဗသောတဉာဏ်ဟူသည် နတ်
တို့သည် သလိပ် သည်းခြေ၊ သွေး လေ
စသည်တို့၏ပိတ်ပင်နှောက်ယှက်မှုမှ
ကင်းသည်ဖြစ်၍ အလွန်သန့်ရှင်းစင်ကြယ်
သော သောတပသာဒဖြင့် အလွန်နီးသော
အသံ၊ အလွန်ဝေးသောအသံတို့ကိုကြား
နိုင်ကြ၏။ လူသံဖြစ်စေ၊ နတ်သံဖြစ်စေ၊
အလွန်တိုးတိတ်စွာပြောဆိုအပ်သော
အသံများကိုကြားသိနိုင်ကြ၏။ ထို့အတူ
ပင် အဘိညာဉ်တန်ခိုးရှင်တို့သည်လည်း
ထိုလူတို့၏သောတပသာဒစွမ်းရည်ထက်
သာလွန်ပြီး နတ်တို့၏ပသာဒစွမ်းရည်
နှင့်တူသော ဉာဏ်စွမ်းရည်တစ်မျိုးကို
ရရှိကြ၏။ ဒိဗ္ဗသောတခေါ်ထိုဉာဏ်
စွမ်းရည်ဖြင့် နီးဝေးမဆိုထိုထိုအသံမျိုး
ကို ကြားသိနိုင်ကြ၏။
ဉာဏ်တော်သုံးပါးတို့တွင်တတိယမြောက်
ဖြစ်သော စေတောပရိယဉာဏ်ဟူသော
သူတစ်ပါးတို့သန္တာန်ဖြစ်ပေါ်နေသော
စိတ်အကြံအမျိုးမျိုးကို မိမိ၏စိတ်ဖြင့်
ဆင်ခြင်၍ ခွဲခြားသိမြင်ခြင်းဖြစ်၏။
ဤစေတောပရိဉာဏ်ကိုရရှိထားသော
ပုဂ္ဂိုလ်သည် အကြောင်းအားလျော်စွာ
အခြားသူတစ်ဦး၏ စိတ်အခြေအနေကို
သိရှိလိုသောအခါ ဤဉာဏ်ဖြင့်ဆင်ခြင်
၍ ယခုဤလူအားတပ်မက်သောရာဂ
စိတ်ဖြစ်နေ၏။ မုန်းတီးသောဒေါသ
စိတ်ဖြစ်နေ၏။ တွေဝေသောမောဟ
စိတ်ဖြစ်နေ၏ စသည်အားဖြင့် ခွဲခြား၍
သိမြင်၏။ တွန့်ဆုတ်သော စိတ်ဖြစ်နေ
သူ၊ တည်ကြည်သောစိတ်ဖြစ်နေသူ၊
ကိလေသာကင်းစင်သောစိတ်ဖြစ်နေ
သူ စသည်တို့ကိုလည်းထိုနည်းတူပင်
သိမြင်၏။
အထက်ဖော်ပြပါ သုံးပါးသောဉာဏ်တော်
တို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား
သည် ပုဗ္ဗေနိဝါသနုဿတိဉာဏ်ဖြင့်မိမိ
နှင့်တကွသတ္တ၀ါမှန်သမျှတို့၏ အတိတ်
ဘ၀ ဖြစ်စဉ်များကို ပြန်ပြောင်းဆင်ခြင်
သိမြင်တော်မူ၏။
ဒိဗ္ဗသောတဉာဏ်ဖြင့် အဝေး၌လည်းကောင်း၊
အနီး၌လည်းကောင်း၊ မျက်မှောက်၌လည်း
ကောင်း၊ မျက်ကွယ်၌လည်းကောင်း နတ်
တွေ လူတွေပြောဆိုသမျှသော စကားတို့
ကို ကြားသိလိုပါက အလိုရှိသလိုကြားသိ
တော်မူနိုင်၏။
စေတောပရိယဉာဏ်ဖြင့်ဝေနေယျသတ္တ၀ါ
တို့၏ စိတ်အခြေအနေကိုဆင်ခြင်ပြီးပုဂ္ဂိုလ်
အသီးသီးနှင့်လျောက်ပတ်သောတရားကို
ဟောကြားတော်မူနိုင်၏။
ထို့ကြောင့်ရဟန်းဂေါတမမှာထူးခြားသော
ဉာဏ်အမြင်မရှိဟု ပြောဆိုသောသုနက္ခတ္တ
၏ စကားသည် မဟုတ်မမှန်လုပ်ကြံပြော
ဆိုသော စကားသာဖြစ်ကြောင်းပြဆို
တော်မူခဲ့လေသည်။
ဓမ္မာစရိယ ဦးမောင်မောင်လေး
No comments:
Post a Comment