Thursday, November 20, 2014

စိတ်ရောဂါဟာ ကံတရားကြောင့်ဖြစ်သလား။


စိတ်ပညာဆရာများအလိုအရပတ်ဝန်းကျင်
ကြောင့်လား။
သူတို့ရဲ့အယူအဆကိုမပြောပေးနဲ့။ ဒါမှဘုန်းကြီး
တို့ရဲ့လမ်းစဉ်ကိုသိမယ်။ ဒီလိုဆိုပါတော့၊ မိမိကု
နေတဲ့နေရာတွေမှာ အရှုးတွေဘာတွေတွေ့ရတယ်။
ဒါကဘုန်းကြီးတို့ရဲ့ကံကအင်မတန်သတ္တိစွမ်းပါ
တယ်။ တစ်ဘ၀လုံး သူ့ရဲ့သတ္တိပြန့်နေပါတယ်။
သို့သော်လည်း သူ့သတ္တိက နည်းနည်းလေးရယ်။
ပတ်ဝန်းကျင်ကသိပ်များတာပဲ။

ဆိုပါတော့ ပစ္စည်းပျက်လို့ရှုးတယ်။ ပစ္စည်းပျက်
လို့စိတ်တွေတစ်ခါတည်းဖောက်ပြန်ပြီးတော့ရှုး
တယ်။ သို့ပေမယ့်အရင်းခံကံကလေးကတော့
နည်းနည်းကလေးလိုက်လာတယ်။ လူတိုင်း
ပစ္စည်းပျက်တဲ့သူတိုင်းရှုးသလားလို့။ ပစ္စည်း
ပျက်တဲ့လူတိုင်းမရှုးဘူး။ သူတော့ရှုးလာတယ်။
ဒါဖြင့် ဟိုလူလည်းပစ္စည်းပျက်တယ်။ သူတော့
ဘာလို့မရှုးသလဲ။ သူတော့ဘာလို့ရှုးရသလဲ။
ဒီလိုဆိုတော့ မူလကံချင်းက ဓါတ်ချင်းမတူ
ပြန်ဘူး။ ဒီမှာရုပ်တွေက ရှိနေသေးတယ်။
ကံကြောင့်ဖြစ်တဲ့ရုပ်တွေကရှိနေတော့သူ
တော့ပစ္စည်းပျက်တယ်။
တစ်ခါစိတ်က ပျက်မှာပေါ့။ ပျက်လည်းဘာဖြစ်
လဲ။ ငတ်မသေပါဘူး။ သူကဒီလိုသွားလိုက်တယ်။
ဟိုတစ်ယောက်ကတော့ပစ္စည်းပျက်တယ်လို့ဆို
တော့ စိတ်ကိုညစ်လို့ငါတော့လူစဉ်မမှီတော့ပါ
ဘူး။ သေတာပဲကောင်းပါတယ်။ လူ့ပြည်မှာ
မနေချင်တော့ပါဘူးလို့။ သူကလွန်ကဲသွား
တယ်။ လွန်ကဲသွားတော့ ရှုးသလိုလိုနှမ်းသလို
လိုနေရာက ရှုးပြီတဲ့ ရှုးပြီတဲ့။ အစတုန်းက
မရှုးတရှုး။ နောက်တော့သူများကရှုးပြီတဲ့
ရှုးပြီတဲ့ သမုတ်လိုက်တော့ အရှုးဖြစ်သွား
တာဘဲ။ ပတ်ဝန်းကျင်က ရှုးပြီတဲ့ရှုးပြီတဲ့
မသမုတ်ဘဲနဲ့ ငါကဘယ်လိုဖြစ်လာတာ။
တစ်နေ့တုန်းကပျက်တဲ့ပစ္စည်းတွေဟာ
ခုပြန်ပြီးတော့ဘယ်ကရမလဲ စသည်ပေါ့
လေ။ မဟုတ်ပေမယ့်လို့ဖြေဖျော်မှုများပေး
မယ်ဆိုရင် ရှုးကိုမရှုးဘူး။ အဲဒါကြောင့်
ဘေးကပတ်ဝန်းကျင်ကြောင့်ဆိုတဲ့ဥစ္စာ
အဓိက။
သို့သော် အခြေခံကံကလေးကတော့မတူ
ကြဘူး။ အဲဒီတော့ ကံကမကင်းစကောင်း
ဘူးပေါ့။ ကံကြောင့်ရှုးတာတော့မဟုတ်ဘူး။
ပတ်ဝန်းကျင်ကြောင့်ရှုးတာ။ သို့သော်ကံ
မကင်းဘူး။ မေးသာမေး။ ဘုန်းကြီးကမေး
စေချင်လွန်းလို့ကိုလက်ခံနေတာ။
အရှင်ဇနကာဘိဝံသ
သိပ္ပံအမြင်နှင့်ဗုဒ္ဓဘာသာအမေးအဖြေများ

No comments:

Post a Comment