Monday, September 19, 2011

ပွင့်ထွက်လာသောအပူးလေးများ


ခန္ဒာကိုယ် ရင်းစားရသော တက္ကသိုလ်ကျောင်းသူ

ကောင်မလေး
အသားကဖြူဖြူ
မျက်ခုံးကောင်းကောင်း
ကိုယ်လုံးလှလှ
ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့
နုနယ်ပျိုမျစ် ချစ်စရာ။

လမ်းလျှောက်ရင်မော်ဒယ်လေးလို
ဘေးဘယ်ညာ ဘယ်မှမကြည့်
အိနြေ္ဒရှင်လေး
ဘယ်အဆောင်၊ ဘယ်အတန်းကလဲကွယ်
မင်းကလေးသိပ်လှတယ်။

သိပ်လှလို့ငေးမိပါတယ်
ငေးရင်းနဲ့ချစ်မိပါတယ်
ချစ်မိတော့စုံစမ်းမိတယ်
မင်းအကြောင်းကိုယ်သိရတော့
ရင်နာရတယ် အချစ်ဆုံးရယ်
“နှစ်ပုလင်းပေးရင် ရတယ်တဲ့”
ကိုယ့်ချစ်သူ သိပ်လှတဲ့ကောင်မလေး
“ဖာ” ဖြစ်နေပါရောလား။

မှတ်ချက်။ နှစ်ပုလင်းဆိုသည်မှာ ကျပ်နှစ်သောင်း။


ပြည့်တန်ဆာမကလေး၏ မျှော်လင့်ချက်….

လင်းလက်တဲ့ ဓါတ်မီးတိုင်အောက်မှာပါပဲ
မရှက်နိုင်တော့ပါဘူး
မနက်ဖြန်အတွက် ဆန်ဝယ်ရဖို့ပဲအရေးကြီးတယ်။

“အစ်ကို.. သွားမလား”
တွေ့ကရာယောင်္ကျားကို စည်းရုံး
စိတ်ဝင်စားရှင်ဈေးညှိ
တချို့က အော်ငေါက်
တချို့က လှောင်ပြောင်သွား
တတ်နိုင်ဘူးကွယ်၊ ဒါပဲကျမဘဝ
ရှက်ရမှန်းကြောက်ရမှန်း သိနိုင်တော့ပါဘူး။

မိန်းမတို့ အိနြေ္ဒ ရွှေပေးလို့မရတဲ့
အဘွားတို့၊ အမေတို့ခေတ်က ဆိုရိုးစကား
ကျမ ဒါတွေဂရုစိုက်နေရင် ကျမကိုမှီခိုနေတဲ့မိသားစု
ထမင်းငတ်ကြလိမ့်မယ်။

မနက်ဖြန်အတွက်
ဝမ်းရေးက အရေးကြီးတယ်
ပန်းနာသည် အဖေ့အတွက် ဆေးဝယ်ရဦးမယ်
နာတာရှည် အမေက အိမ်မှာမျှော်နေလိမ့်မယ်
မောင်လေး ညီမလေးတွေလည်း
ကျောင်းထွက်ပြီး ကြုံရာအလုပ် လုပ်နေကြတယ်။

အခုလောလောဆယ်
ဖောက်သည်ရဖို့ပဲ အရေးကြီးတယ်
လူဆိုတာ သေမျိုးပဲ
အေအိုင်ဒီအက်စ်နဲ့မသေခင်
အခုလောလောဆယ် ထမင်းငတ်ပြီးအသေမခံနိုင်ဘူး
ဟောဟိုမှာ.. ဖောက်သည်တစ်ယောက်လာနေပြီ
မိန်းမမာယာ အပြည့်နဲ့ ဈေးခေါ်လိုက်မယ်
“ အစ်ကို.. သွားမလား ” ။ ။

No comments:

Post a Comment