ပထဆုံးတော့ လူတိုင်းအတွက် အသုံးဝင်မယ့် Passportပုံ စီနည်းကို ပြောပြပေးပါမယ်။ Passportပုံ Sizeတွေကတော့
1" x 1 "
1.2" x 1.5 "
1" x 1 .2"
1.5" x 1.5 "
1.25" x 1.65 "
1.5" x 2 "
2" x 2 " ပါ။
ဒီမှာတော့ Photoshop CS3ကို သုံးပြီး (1.5" x 2")ပုံကို (4" x 6")ဆိုဒ်ထဲစီနည်းကို ပြောပြပေးပါမယ်။
၁။ ပထမဆုံး အသုံးပြုမည့် Scann ဖတ်ထားတဲ့ (သို့) Digital Cameraနဲ့ ရိုက်ထားတဲ့ပုံကို Photoshopထဲမှာ ဖွင့်လိုက်ပါ။ Crop Tool ကို သုံးပြီး Option Barမှာ width = 1.5in, Height = 2in, Resolution = 300ထားလိုက်ပါ။

၂။ Crop toolကို သုံးပြီး ပုံကို (1.5" x 2")ရအောင် ဖျက်ရပါမယ်။

၃။ ဒါဆို ဒီပုံဆိုဒ်က (1.5" x 2")ဖြစ်သွားပါပြီ။ ရလာတဲ့ပုံကို ဘေးပတ်လည်မှာ အဖြူသားလေးတွေ ဘောင်ခတ်ပေးဖို့ကတော့ Option Bar မှ Select > All, ပုံတစ်ခုလုံး Selection၀င်သွားတဲ့အချိန်မှာ Edit > Strokeကို သွားပါ။ Stroke Boxကျလာရင် width = 10, Color = whiteရွေးပါ။

၄။ Edit > Define Patternကို ရွေးပြီး ကြိုက်တဲ့ နာမည်တစ်ခုပေးလိုက်ပါ။

Patternအနေနဲ့ သိမ်းထားတဲ့ပုံကို(4" x 6") ဆိုဒ်ပုံထဲမှာ စီမှာ ဖြစ်တဲ့အတွက် Resolution 300ရှိတဲ့ (4" x 6")ပုံတစ်ပုံ အသစ်ကို ဖွင့်ရပါမယ်။ အဲအတွက်...
၅။ File > New, New Boxမှာ width = 6, Height = 4, Resolution = 300ရိုက်ပြီး OKနဲ့ထွက်ရင်(4" x 6") ပုံ တစ်ပုံ ရလာပါလိမ့်မယ်။

အခုတော့ ပုံစီပါတော့မယ်။
၆။ Edit > Fillကိုသွားပါ။ Fill Boxကျလာရင် Useမှာ Pattern ကိုရွေးပါ။ Custom Patternမှာ ၄။မှာ သိမ်းခဲ့တဲ့ပုံကို ရွေးပါ။ ( Useမှာ Pattern ကိုရွေးလိုက်တာနဲ့ အောက်က Custom Patternမှာ ဘေးက မြားကလေးကို နှိပ်ပြီး ကိုယ်သိမ်းခဲ့တဲ့ပုံကို ရွေးရပါမယ်။ ပြီးရင် OKနဲ့ထွက်လိုက်တာနဲ့ (4" x 6")ထဲမှာ ကိုယ့်ပုံကို အောက်က ပုံအတိုင်းAutoစီသွားပေးမှာပါ။

အခုဆို ရလာတဲ့ပုံကို Jpegအနေနဲ့သိမ်းပြီး ကြိုက်တဲ့ဆိုင်မှာ သွားထုတ်လို့ရပါပြီ။ :P
မှတ်ချက်။ ။ တကယ်တော့ တစ်ခြားနည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ ဒါကတော့ စာရေးသူ အမြဲအသုံးပြုနေကျနည်းနဲ့ ပြောပြသွားတာပါ။ ပြီးတော့ အားလုံး သိကြတဲ့အတိုင်းပဲ ဓါတ်ပုံ၊ ဒီဇိုင်းနဲ့ ပတ်သက်လာရင် ပုံနဲ့နည်း ဖော်ပြရ စာရေးရှင်းပြရနဲ့ တကယ့်ကို အသေးစိတ်ပြောပြဖို့က ခက်ခဲပါတယ်။ ဒါကြောင့် အဆင်ပြေ နိုင်ဆုံးရေးသားပေးထားတာဖြစ်ပြီး လိုအပ်ချက် အားနည်းချက်များကို ဝေဖန် အကြံပေးနိုင်ပါတယ်လို့။
No comments:
Post a Comment