Tuesday, September 20, 2011

Photo FIlter Retouching Technique

Retouching ဆိုတဲ့ ပညာရပ်က .. အနုပညာနည်းနည်းဆန်တော့ .. ဒါလုပ်ဒါလုပ်တော့ သင့်လို့မရ .. ကိုယ့်အတွေးလေးနဲ့ကိုယ်လည်း ဆန်းသစ်မှသာ .. အဆင်ပြေအောင်မြင်မှာပါ ... အခု ကျွန်တော့်သူငယ်ချင်း GUCCI ရဲ့ ပုံနဲ့ ပြင်ပြပါမယ် ... ပထမဆုံးပုံကိုဖွင့်လိုက်ပါပြီ ..


ပထမဆုံးအနေနဲ့ ပုံကို Ctrl+J နှိပ်ပြီးပွားလိုက်ပါ ..
ပွားပြီးရင် အဲ့ဒီ layer ကိုပဲ highlight ပြပြီးတော့ .. ImageMenu အောက်က Adjustment အောက်က PhotoFilter ကို ၀င်ပြီး ခုအတိုင်းလေးပြင်လိုက်ပါမယ် .. ( သိပ်လည်းမ၀ါစေနဲ့ပေါ့ .. အဆင်ပြေသလိုချိန်ပါ )
အဲ့ဒီ ၀ါလိုက်တဲ့ layer ကိုပဲ .. Blend Mode မှာ Multiply ပြောင်းပါ
အရာင်ကနည်းနည်းစိုသွားပါပြီ .. အရမ်းဖြူနေတာလည်း နည်းနည်းလေး မှောင်သွားပါပြီ ..
ပြီးသွားရင် အဲ့ဒီ layer မှာပဲ Filter Menu အောက်က Blur အောက်က Gaussian Blur မှာ ကြည့်ပြီး အဆင်ပြေသလို ချိန်ရမှာဖြစ်ပါတယ် ..
အခု နောက်ခံနံရံက အရောင်ကို မကြိုက်ပါဘူး .. ဒါကြောင့် တစ်ရောင်တည်းဖြစ်အောင် လုပ်ပစ်လိုက်ပါမယ် ...
layer အသစ်တစ်ခု လုပ်လိုက်ပါ .. Eye Dropper Tool ကိုယူပြီး ပုံထဲက ကိုယ်ကြိုက်တဲ့အရာင်တစ်ခုခုပေါ်မှာ click ချလိုက်ပါ ..ပြီးရင် Brush Tool နဲ့ ချယ်လိုက်ပါ .. ကျွန်တော်က တော့ အနောက်က အရောင်တစ်ခုရယ် အရှေ့က အရောင်တစ်ခုရယ်ကို sample ယူပြီး ဆွဲလိုက်တာပါ .. အဲ့လိုဆွဲတဲ့နေရာမှာ ကျွန်တော်သုံးခဲ့တဲ့ setting တွေကို အောက်မှာ ပြထားပါတယ် ...
brush tool setting တွေက တော့ အောက်ကအတိုင်းဖြစ်ပါတယ် ...
အောက်ကပုံကတော့ brush tool active ဖြစ်တဲ့အချိန် ပုံပေါ်မှာ right click ထောက်ရင် မြင်ရတဲ့ setting ဖြစ်ပါတယ် ...
ဒါဆိုရင်ခုလိုလေး ရလာပါမယ် .. ( Text Effect ထည့်တာတော့မပြောပြတော့ပါဘူး .. ပုံက နေရာလွတ်နေလို့ အဆင်ပြေသလို ထည့်လိုက်တာပါ )

ဒါလေးလည်း လိုက်လုပ်ကြည့်ပါ .. လွယ်မယ်လို့ မျှော်လင့်ပါတယ် သူငယ်ချင်းများ ...

No comments:

Post a Comment