ခဲခြစ်ပုံစံလုပ်တဲ့ Effect ဟာ .. အသင့်သုံးအနေဲ့ website တွေအကူအညီနဲ့ လုပ်နိုင်ပေမယ့်လည်း .. ကျွန်တော်တို့တွေက Photoshop ရဲ့ သဘောတရားများကိုသင်တာဖြစ်ပါတယ် .. ကျွန်တော်က Photoshop ရဲ့ သဘောတရားတွေကို သိစေချင်တာအဓိကပါ .. သဘောတရားတွေသိမှ ဖန်တီးနိုင်မှာဖြစ်ပါတယ် .. ခဲခြစ် effect ဆိုပေမယ့် .. ဒီလိုမျိုးလေးလုပ်လိုက်ရင် .. ဒီလို result ရတယ်ဆိုတာကို သိစေချင်တာပါ .. ပြောတာများသွားပြီထင်တယ် .. စကြစို့ ..
ပထမဆုံး ပုံလေးတစ်ပုံဖွင့်လိုက်မယ် .. အဆင်ပြေတဲ့ ပုံဖွင့်လို့ရပါတယ် ..
ပြီးရင် CTRL+J နှိပ်လိုက်ပါ .. ( Duplicate လုပ်လိုက်တာပါ (သို့) layer copy လုပ်လိုက်တာပါ )
ဒါဆိုရင် အောက်မှာပြထားသလို layer နှစ်ခုဖြစ်သွားပြီပေါ့

အပေါ်က ကော်ပီ layer ကို Blend Mode မှာ color dodge ပြောင်းလိုက်ပါ ..
ဒီလိုလေးပေါ်ပါမယ် ...
ှုImage Menu / adjustments / Invert ( Ctrl+I ) နှိပ်လိုက်ပါ ပြီးသွားရင် အဲ့ဒီ layer မှာပဲ Filter Menu / Blur / Gaussian Blur ကိုရွေးပြီးအဆင်ပြေသလို ချိန်ပါ ..

ခုဆိုရင် တော်တော်လေး နီးစပ်လာပါပြီ .. အခုကာလာတွေ ကျန်နေသေးတဲ့ အတွက် color ကို ဖျောက်ပါမယ် ... ဒါကြောင့် layer control box ထဲက Create New Adjustment Layer Button လေးကိုနှိပ်လိုက်ပါ .. အဲ့ဒီထဲက Hue/Saturation ကိုယူပါမယ် ..


ပြီးသွားရင် အောက်မှာပြထားတဲ့ အတိုင်း saturation ကို တစ်ဆုံးလျှော့လိုက်ပါ ..
ပြီးသွားရင် .. ခဲခြစ်ထားတာလေးက သိပ်မပေါ်လို့ Curve ကို ကစားပါမယ် .. layer control box ထဲက Create New Adjustment Layer Button လေးကို နှိပ်ပြီး Curve ကိုရွေးလိုက်ပါ .. အဆင်ပြေသလိုပေါ့ .. ဒါဆိုအောက်မှာပြထားတဲ့ အတိုင်းလေး ပေါ်လာပါပြီ ..

ဘေးနားက တစ်ခြားမလိုအပ်တဲ့ နေရာတွေကိုလည်း Bursh Tool ( White Color ) ရွေးပြီး ချယ်လိုက်ပေါ့ဗျာ .. ဒါဆိုရင် .. ပြီးပါပြီ ...

ပထမဆုံး ပုံလေးတစ်ပုံဖွင့်လိုက်မယ် .. အဆင်ပြေတဲ့ ပုံဖွင့်လို့ရပါတယ် ..

ဒါဆိုရင် အောက်မှာပြထားသလို layer နှစ်ခုဖြစ်သွားပြီပေါ့

အပေါ်က ကော်ပီ layer ကို Blend Mode မှာ color dodge ပြောင်းလိုက်ပါ ..



ခုဆိုရင် တော်တော်လေး နီးစပ်လာပါပြီ .. အခုကာလာတွေ ကျန်နေသေးတဲ့ အတွက် color ကို ဖျောက်ပါမယ် ... ဒါကြောင့် layer control box ထဲက Create New Adjustment Layer Button လေးကိုနှိပ်လိုက်ပါ .. အဲ့ဒီထဲက Hue/Saturation ကိုယူပါမယ် ..


ပြီးသွားရင် အောက်မှာပြထားတဲ့ အတိုင်း saturation ကို တစ်ဆုံးလျှော့လိုက်ပါ ..


ဘေးနားက တစ်ခြားမလိုအပ်တဲ့ နေရာတွေကိုလည်း Bursh Tool ( White Color ) ရွေးပြီး ချယ်လိုက်ပေါ့ဗျာ .. ဒါဆိုရင် .. ပြီးပါပြီ ...

No comments:
Post a Comment