Sunday, January 8, 2012

မြိတ်မြို့ရှိ အိမ်များတွင် ငှက်ခေါ်စက် အသုံးပြုသူ များပြားလာ ကုန်းတွင်းပိုင်းရှိ အိမ်များတွင်ပါ တပ်ဆင် အသုံးပြုလာ

AddThis Social Bookmark Button
b4815
မြိတ်မြို့တွင် ငှက်ခေါ်စက် အသုံးပြုသူ များပြားလာပြီး ကုန်းတွင်းပိုင်းရှိ အိမ်များတွင်ပါ တပ်ဆင် အသုံးပြုလာနေကြောင်း သိရသည်။
အိမ်များတွင် ငှက်ခေါ်စက် တပ်ဆင် အသုံးပြုရာတွင် ဇီဝဇိုးငှက်များကို မိမိ၏နေအိမ် အဆောက်အအုံများသို့ လာရောက် အသိုက်ဖွဲ့နေထိုင်ရန် ခေါ်ယူခြင်း ဖြစ်သည်။ နေအိမ် အဆောက်အအုံများရှိ ငှက်ဝင်နိုင်သော နေရာများတွင် ပြတင်းပေါက် ဖောက်ခြင်း၊ ငှက်ခေါ်ပုံးများရိုက်ကာ ခေါ်ခြင်းများ ပြုလုပ်ကြကာ ဇီဝဇိုး ငှက်အော်သံအတုများ ပြုလုပ်ကြကာ မြူဆွယ်ကြလေ့ ရှိသည်။
''ငှက်ခေါ်စက်တွေကို အသုံးပြုရာမှာ ကျူတာဆိုဒ်တွေ အမျိုးမျိုးကို အသုံးပြုကြတယ်။ ပေ ၄၀ x ၆၀ အိမ်တစ်လုံးလောက် ဆိုရင် အကြီးလေးလုံးနှင့် အငယ် ၁၀ လုံးကျော်လောက်ဆို လုံလောက်တယ်။ တချို့က ကျူတာ ဒါဇင်နှင့်ချီပြီး အသုံးပြုကြတယ်။ ငှက်အော်သံတွေ သွင်းထားတဲ့ စီဒီတွေလည်း အမျိုးမျိုးရှိတယ်။ ကျူတာအနေထားမှန်ရင်တော့ ငှက်ဝင်ဖို့ အလားလာရှိပါတယ်။ ကျူတာ အသုံးပြုရာမှာ အရေးကြီးတဲ့အတွက် တပ်ဆင်ရာမှာ စနစ်ကျသွားရင် ငှက်ဝင် နိုင်ပါတယ်''ဟု ငှက်ခေါ်စက် တပ်ဆင်ပေးသူတစ်ဦးက ပြောကြားခဲ့သည်။
ဇီဝဇိုးငှက်များ၏ အသိုက် (သို့) ငှက်အန်ဖတ်မှာ တန်ဖိုးကြီးသောကြောင့် ရင်းနှီးမြုပ်သူ များပြားလာကာ အချို့အိမ်များမှာ ငွေကျပ် သိန်းထောင်ချီကာ ရင်းနှီးမြုပ်နှံထားကြောင်း သိရသည်။
''ဆူနာမီ ဖြစ်ပြီးနောက်ပိုင်းမှာ မြိတ်ကျွန်းစုဒေသတွေဆီကို ဒီငှက်တွေ ပိုမို ရွေ့လျားလာတယ်လို့ ယူဆရပါတယ်။ ဒါကြောင့် မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင်တွေမှာရှိတဲ့ ဒေသ အတော်များများမှာ ငှက်ခေါ်စက် အသုံးပြုပြီး ငှက်တွေ ၀င်ရောက်နေထိုင်ဖို့ ကြိုးပမ်းနေကြပါတယ်''ဟု ဒေသခံ တစ်ဦးက ရှင်းပြပါသည်။
မြိတ်မြို့တွင် ငှက်ခေါ်စက် အသုံးပြုကာ ငှက်ခေါ်နေသော အိမ် အရေတွက်မှာ ရာနှင့်ချီကာ ရှိလာပြီး အောင်မြင်နေသော အိမ်မှာလည်း တစ်ရာခန့် ရှိကြောင်း စက်လိုက်လံ တပ်ဆင်ပေးသူ တစ်ဦးထံမှ သိရသည်။ ငှက်သိုက်မှာ နာလန်ထစ လူနာများ အတွက် များစွာ အသုံးဝင်ကြောင်း သိရသည်။
ငှက်သိုက်များကို အများကို ခြောက်လလျှင် တစ်ကြိမ်မျ ကောက်ယူလေ့ရှိကာ ငှက်သိုက် တစ်ပိဿာ ကျပ် ၂၈ သိန်းဝန်းကျင်ခန့် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment