Wednesday, March 14, 2012

ကောသလအိမ်မက် ၁၆ ချက်


၁။ နွားနက်လေးခု ဝှေ့ မှုဟန်ပြင်၊ မဝှေ့ ကြဘဲ၊ ရှောင်လွှဲသည်မြင်
အရှေ့ အနောက် တောင်မြောက် မိုးဃ်းဆင် ချိမ်းသံပေး မိုဃ်းဝေးလွင့်ပျောက်စင်။
၂။ မြေကမကြ ငယ်လှသစ်ပင် ဖူးငုံရင့်ပြီး ပွင့်သီးတွေမြင်
အရွယ်မရောက် ပျိုပေါက်လုံခင် သမီးသား လင်ထား အိမ်ထောင်ကြင်။
၃။ ယနေ့ ဘွားစ နွားမနို့ ကို မိခင်နွားကြီး စို့ ပြီးမှီခို
သမီးနှင့်သား စီးပွားထိုထို မိနှင့်ဘ ကျွေးမှစားရဆို။
၎။ နွားကြီးမကြိုက် ၀န်တိုက်နွားငယ် မရုံးနိုင်ဘဲ ၀ပ်လဲနေတယ်
ကြီးသူပယ်ရှား မြှောက်စားသူငယ် တိုင်းပြည်ရေး ရှုပ်ထွေးပွေတော့မယ်။
၅။ ခံတွင်းနှစ်ခွ မြင်းလှရာဇာ ကျွေးကျွေးသမျှ မ၀နိုင်ပါ
မူးမတ်မင်းစိုး လာဘ်ထိုး၍သာ နှစ်ဘက်စားတရားစီရင်မှာ။
၆။ ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန် ကျင်ငယ်အမြဲ ခွက်ထဲစွန့် ပြန်
မျိုးမြတ်သမီး ပစ္စည်းမက်ဟန် အမျိုးယုတ် လင်လုပ်ပေါင်းမည်မှန်။
၇။ ရှေ့ ကကျစ်ချ လွန်ကြိုးစကို ခွေးမခိုးစား ကိုက်ဝါးကာမျို
လင်ကြီးပစ္စည်း သိမ်းဆည်းမသို လင်ငယ်အား မယားလောကွတ်ချို။
၈။ အိုးငယ်ချည်းနှီး အိုးကြီးရေလျှံ အိုးကြီးကိုလျှက် ရေခွက်တောင်းပြန်
ဆင်းရဲသူများ ၀တ်စားမကျန် အခွန်တွက် နှိပ်စက်ငွေတောင်းခံ
၉။ ကြာမျိုးငါးဆင့် ဖူးပွင့်ရေကန် ရေလယ်နောက်ငြား ကမ်းနားကြည့်ဟန်
မြို့ တွင်းပွေရှုပ် ခွန်တုပ်ကောက်ပြန် မြို့ ပြင်ထွက် ပြည့်နှက်စည်ကားပြန်
၁၀။ တအိုးတည်းချက် အကျက်မညီ ထမင်းမာဆတ် ပြော့နပ်သုံးလီ
မင်းနှင့်လူများ တရားမမှီ မိုးဃ်းသုံးပါး ကွက်ကြားရွာလိမ့်မည်။
၁၁။ မွှေးထုံနံ့ ကြူး စန္ဒကူးသိန်းတန် ပုံးရည်နှင့်လဲ သုံးစွဲနေပြန်
မသူတော်များ တရားဘိုးတန် ငွေနှင့်လဲ မကွဲဟောမည်မှန်။
၁၂။ သံကြေးမပေါင်း ဗူးတောင်းဗူးအို ရေတွင်စုပ်စုပ် နစ်မြုပ်လုံးစုံ
ပညာရှိများ စကားဥဿုံ ပြောသမျှ လောကသုံးမယုံ။
၁၃။ အိမ်လုံးကျောင်းလုံး ကျောက်တုံးကျောက်ဖျာ ရေမှာဘွားဘွား ထင်ရှားပေါ်လာ
ရဟန်းရှင်ဆိုး လူဆိုးများသာ ဂုဏ်ရောင်တိုး တန်ခိုးပေါ်ထွက်မှာ။
၁၄။ အဆိပ်ပြင်းတောက် မြေဟောက်ကြီးကို သားငယ်မများ ကိုက်စားကာမျို
ကညာယူထား သက်ကြားဘိုးအို မယားဆဲ အမြဲ အော်ငေါက်ဆို။
၁၅။ အဆင်းမည်းနက် ကျီးငှက်သံသာ ရွှေဟင်္သာများခစားရရှာ
ပညာသီလ ပြည့်ဝသူဟာ သူယုတ်အား ၀တ်တွားနေရရှာ။
၁၆။ ဆိတ်ကိုမြင်ငြား ကြောက်အားပြင်းထန် ခြင်္သေ့သစ်ကျား ခံလွှားပြေးပြန်
သူယုတ်မာများ ထောင်လွှားနိုင်ငံ သူတော်ကောင်း ပုံးအောင်းတောမြိုင်ယံ။

No comments:

Post a Comment