Thursday, October 20, 2011

Hardware Requirement For Windows 7

Windows 7 တင်ပေးဖို့အတွက် မိမိ PC နဲ့ အသုံးပြုနိုင် မပြုနိုင် သိရအောင် Hardware Requirement ကို အရင်ရေးလိုက်ပါတယ်။


# 1 gigahertz (GHz) or faster 32-bit (x86) or 64-bit (x64) processor
# 1 gigabyte (GB) RAM (32-bit) or 2 GB RAM (64-bit)
# 16 GB available hard disk space (32-bit) or 20 GB (64-bit)
# DirectX 9 graphics device with WDDM 1.0 or higher driver
Microsoft ရဲ့ official site မှာတော့ ဒီတိုင်းပဲ ရေးထားပါတယ်။ (စတင် အသုံးပြုသူများအတွက်) သေချာ နားလည်အောင် ကျနော်ထပ်ရှင်းပြပါ့မယ်။

! .. 1 GHz နှင့်အထက် ရှိသော processor (x86 version အတွက် x32-bit CPU လိုအပ်ပြီး၊ x64 version အတွက် x64-bit CPU ဖြစ်ပါတယ်)

! .. 32-bit အတွက် RAM 1 GB နှင့်၊ 64-bit အတွက် RAM 2 GB
! .. 32-bit အတွက် 16 GB စာနေရာလွတ်သော hard disk partition တစ်ပိုင်း၊ 64-bit အတွက် 20 GB
! .. DirectX 9 ကို Support လုပ်ပေးနိုင်သော 128 MB memory graphics (Aero Theme ကို အသုံးပြုရန်အတွက်)
နားလည်သွားမယ်လို့ထင်ပါတယ်။ Hardware ကို ဒီလောက် အနိမ့်ဆုံး ရှိရမယ်လို့ ပြောထားတာဖြစ်ပါတယ်။ ( ပိုမြင့်လေ ကောင်းလေပေါ့)။ ကျန်တာတွေကတော့ ရှင်းမှာပါ။ မိမိ CPU ဟာ 32-bit လား 64-bit လား သိနိုင်ဖို့ သူ့ရဲ့ ကုမ္ပဏီ site မှာ ရှာကြည့်ဖို့ လိုပါတယ်။ (ဥပမာ – T4200 ) သို့မဟုတ် ဒီဆော့ဝဲလ် နဲ့လည်း သိနိုင်ပါတယ်။
64-bit processor က 32-bit windows ကို အသုံးပြုနိုင်သော်လည်း၊ 32-bit processor က 64-bit windows ကို အသုံးပြုနိုင်မှာ မဟုတ်ဘူးဆိုတာ သိထားသင့်ပါတယ်။ ကဲ … ဒါဆိုရင် မိမိ PC က Windows 7 သုံးနိုင် မသုံးနိုင် သိသွားပါပြီ။
Vista အတွက်ပါ တလက်စထဲ ဖော်ပြပေးလိုက်ပါတယ်။
# 1 GHz processor (32- or 64-bit)
# 512 MB of RAM (for Home Basic); 1 GB of RAM for all other versions
# 15 GB of available disk space
# Support for DirectX 9 graphics and 32 MB of graphics memory (for Home Basic); 128 MB of graphics
ဪ … သတိမထားမိမှာစိုးလို့ ဖြည့်စွက် တစ်ချက် တိုးပေးလိုက်ပါတယ်။ 7 ရော Vista ပါ နှစ်ခုစလုံးက DVD version များ ဖြစ်တဲ့အတွက် အနည်းဆုံး DVD RW (သို့) DVD Combo drive ဖြစ်ရပါမယ်။

No comments:

Post a Comment