Saturday, October 22, 2011

Manage visual effects

ဒီပို့စ်လေးကိုတော့ Theme လှလှလေးတွေ ရှာ run ပြီး ပြဿနာ တက်တဲ့ သူငယ်ချင်းတွေ အတွက် ရေးလိုက်ပါတယ်။ ခဏ ခဏ မြင်နေရတယ်။ Theme တွေ ရှာပြီး Run တယ်။ ပြီးတော့ ဘာတွေလုပ်မိမှန်းမသိပဲ Windows Classic Style ပဲပေါ်တော့တယ်။ ပြန်ပြောင်းလို့လည်း မရတော့ဘူး ။ အဲလိုဖြစ်လာရင် ပြန်ပြင်လို့ရတဲ့နည်းလေးပါ။

My Computer ကို R-Click လုပ်ပြီး Properties ကို နှိပ်ပါတယ်။


System Properties ရဲ့ Advanced ဆိုတဲ့ Tab လေးကိုနှိပ်လိုက်ပါတယ်။ Performance ရဲ့ Settings ကို နှိပ်ပါတယ်။

Performance Options က Visual Effects tab ကို ရွေးပြီး Custom ကို နှိပ်ပေးလိုက်ပါ။

အဲဒီထဲမှာပါတာလေးတွေ ဖတ်ပြီး အားလုံးကို check ပေးလိုက်ပါ။ ဒါမှ မဟုတ် တစ်ခုခြင်းဖတ်ကြည့်ပြီး စမ်းကြည့်လို့လည်းရပါတယ်။ check ပေးလိုက် ok ကို နှိပ်ပြီး ဘာပြောင်းလဲ ကြည့်လိုက် ။ အဲလိုစမ်းလို့လည်း ရပါတယ်။ ဘာပြဿနာမှ မရှိပါဘူး ။ ကျနော် အရင်ဆုံး ပြောသလို Windows Classic Style ပဲပေါ်တော့တာ ဆိုရင်တော့ အားလုံး check ပေးလိုက်ပါ။ ပြီးရင် Desktop မှာ R-Click လုပ် Properties နှိပ်ပြီး Appearance မှာ Window XP Style ပြန်ပြောင်းပေးလိုက်ပါ။ အဲဒါဆိုရင် ပုံမှန်ပြန်ဖြစ်ပါပြီ။

တကယ်လို့ VGA က မလိုက်နိုင်လို့ စက်ကို ပေါ့အောင် မြန်အောင် သုံးချင်ရင်တော့ Performance Options က Visual Effects tab ကို ရွေးပြီး Adjust for best performance ကို နှိပ်ပေးလိုက်ပါ။ အားလုံး uncheck ဖြစ်သွားပါမယ်။ မလှတော့ပေမယ့် သိသိသာသာ သုံးရမြန်လာပါလိမ့်မယ်။

ခေတ်နောက်ကျနေတဲ့ ဒီပို့စ် လေးကို ဖတ်ပေးလို့ ကျေးဇူးပါနော် …. ။ :)ကိုသံလုံဆီကကူးယူဖေါ်ပြပါတယ်ဗျာ...

No comments:

Post a Comment