Thursday, October 20, 2011

Using ISO & MDF file Without CD Burning

ISO ဖိုင် အမျိုးအစားတွေနဲ့ MDF တွေက အခုနောက်ပိုင်းမှာ တော်တော်ကိုသုံးလာကြတယ်။ အထူးသဖြင့် OS တွေ share တဲ့အခါ Game တွေ share ချင်တဲ့အခါ ပြန်သုံးတဲ့လူက CD burning လုပ်လိုက်တာနဲ့ အဆင်သင့် သုံးလို့ ရတဲ့အတွက်လည်း အတော် အသုံးဝင်ပါတယ်။ ဒါပေမယ့် လောလောဆယ် ခွေမရှိဘူး။ ဒါမှမဟုတ် ISO က DVD နဲ့ burn ရမယ့် Version ဖြစ်နေပြီး မိမိမှာက CD R/W Drive ပဲ တပ်ထားတယ် ဆိုရင်တော့ တော်တော်စိတ်ညစ်ဖို့ကောင်းသွားပါပြီ။ အခုနောက်ပိုင်း Game တွေကိုပဲ ကြည့် ဖိုင်က ISO နဲ့ပဲ ရှယ်ကြတာဖြစ်ပြီး DVD version ဖြစ်လို့ 3 GB တော့ အနည်းလေး ရှိပါတယ်။ ကျနော် C&C 3 နဲ့ Call Of Duty ကို ဒေါင်းပြီး ကစားဖို့ လုပ်တော့ နှစ်ခုလုံးက MDF ဖိုင်နဲ့ဗျ ။ windows က အဲဒီ file type ကို မသိဘူးဗျ ။ unknown file type icon အနေနဲ့ အဖြူသက်သက်ပဲ ပြပါတယ်။ မသိတဲ့လူတွေအတွက် ဘာလုပ်ရမှန်းသိမှာ မဟုတ်ဘူးလို့ တွေးမိလိုက်တယ်။ နောက်ပြီး Need for Speed နဲ့ ကားမောင်းမယ်ကြံတော့လည်း ISO နဲ့ ပေးထားတာဗျ။ OS တွေ အတွက် ခွေအကုန်ခံပြီး ရိုက်နိုင်ပေမယ့် Game ကျတော့ နှမျောတယ်လေ။ ကဲ လေရှည်သွားပြီဗျာ ။ ISO နဲ့ MDF ဖိုင်တွေကို ခွေမရိုက်ပဲ သုံးနိုင်အောင် Magic ISO လေးကို ဒေါင်းလိုက်ပါဦး။ သုံးနည်းပါ ဆက်ရေးပေးပါ့မယ်။
Image Hosting by Picoodle.com

Download mirror 1 : Mediafire ( MagicISO Maker 5.4+ Serial )

Download mirror 2 : Zshare ( MagicISO Maker 5.4+ Serial )
run ပြီးရင် All Programs ထဲက MagicISO မှာ ဒုတိယမြောက် MagicISO ဆိုတာကိုပဲ အရင်ရွေးပေးလိုက်ပါ။
Image Hosting by Picoodle.com
အောက်ပါအတိုင်းပေါ်လာတဲ့ ၀င်းဒိုးမှာ မိမိရဲ့ ISO ဖိုင် ရှိတဲ့နေရာကို ရှာပြီး Double click နှိပ်ပေးလိုက်ပါ။ (အောက်ညာဘက်နေရာက ဖိုင်ကို Double click နှိပ်ပေးရပါမယ်။ အပေါ်ညာဘက်မှာ သူ့ထဲက ဖိုင်တွေ ပေါ်လာပါတယ်။
Image Hosting by Picoodle.com
ကျနော် အရင်ဆုံး Desktop ပေါ်မှာ New Folder တစ်ခုယူပြီး Game ISO လို့ နာမည်ပေးလိုက်ပါတယ်။ ပြီးရင် အပေါ်ဘယ်ဘက်ဒေါင့်က CD Drive icon လေးကို Right click လုပ်ပြီး Extract ကို နှိပ်လိုက်ပါတယ်။
Image Hosting by Picoodle.com
အောက်ပါအတိုင်း ပေါ်လာတဲ့ pop up box မှာ ခုနက လုပ်ထားတဲ့ Game ISO folder ကို ရွေးပေးပြီး Ok ပေးလိုက်ပါတယ်။
Image Hosting by Picoodle.com
အခုဆိုရင် rar ဖိုင်ကနေ ဇစ်ဖြည်တဲ့ အတိုင်း extract လုပ်လေပြီ ဖြစ်ပါတယ်။ ( win rar ရဲ့ file type option ထဲမှာ ISO ကို check ပေးထားရင်လည်း အခုအတိုင်း extract လုပ်လို့ရပါတယ်။ ဒါပေမယ့် အားလုံးကို မရပါဘူး။ အချို့သော ISO ဖိုင်များက win rar နဲ့ အဆင်မပြေပါဘူး။ MagicISO Maker က အလွယ်ကူဆုံးနဲ့ အဆင်ပြေဆုံးပါပဲ )
Image Hosting by Picoodle.com
Extract ပြီးသွားတာနဲ့ သူ့ကိုဖြည်လိုက်တဲ့ Folder ထဲမှာ CD ရိုက်လိုက်တဲ့ အတိုင်း ဖိုင်တွေအားလုံးကို တွေ့ပါလိမ့်မယ်။
Image Hosting by Picoodle.com
CD ခွေထည့်ပြီး run တဲ့အတိုင်း အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။
နောက်ဖိုင်တစ်ခုဖြစ်တဲ့ MDF ဖိုင်ကိုလည်း အခုနည်းအတိုင်းပဲ Double click ပေးပြီးဖွင့်ပါတယ်။
Image Hosting by Picoodle.com
အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Extract လုပ်လိုက်ပါတယ်။
Image Hosting by Picoodle.com
နောက်ထပ် function တစ်ခုဖြစ်တဲ့ Magic CD & DVD Burner ကိုလည်း All Programs ကနေဖွင့်ပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ ထပ်မရေးတော့ပါဘူး။ ISO Burning အကြောင်းကို ဒီမှာ ရေးခဲ့ ပြီးပါပြီ။ Software မတူပေမယ့် သဘောတရားတူတူပါပဲ။ အဆင်ပြေမှာပါ။

No comments:

Post a Comment