Thursday, November 24, 2011

မိမိချစ်သူကိုလက်ဆောင်ပေးချင်သများအတွက်

အခုပြောမှာက မိမိချစ်သူကို သူနဲ့ကိုယ်ရဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ ကို သူကြိုက်တဲ့ သီချင်းလေးတွေနဲ့ ခွေလေးလုပ်ပီးပေးချင်တယ်ဆိုတဲ့သူများအတွက်ပါ။သူများတွေလို ဆော့ဝဲလ်တွေ လည်းရှိစရာမလိုပါဘူး။လိုတာက Window7 တင်ထားတဲ့ကွန်ပျူတာ နဲ့ DVD ခွေလွတ်တစ်ချပ်ဘဲလိုပါတယ်။
ရပီဆိုရင်တော့စလိုက်ရအောင်။
ပထမဆုံး Start>all program က နေ Windows DVD maker ကိုဖွင့်လိုက်ပါ။
အဲဒီမှာ Add Items ဆိုတာကိုနှိပ်ပြီး။မိမိထည့်ချင်တဲ့ပုံတွေကို ထည့်လိုက်ပါ။ပီးရင် Next ကိုနှိပ်လိုက်ပါ။
အဲဒီမှာဘေးကဒီဇိုင်းလေးတွေရွေးလို့ရပါတယ်။ပီးရင်သီချင်းထည့်ဖို့ slide show ကိုရွေးလိုက်ပါ။ပြီးရင်အဲဒီမှာ add song ဆိုတာလေးကိုရွေးပီး ကိုယ်ထည့်ချင်တဲ့သီချင်းကိုထည့်လိုက်ပါ။အဲဒီအောက်မှာ ပုံပုံတစ်ပုံနှင့်တစ်ပုံ ကြာချိန်ကိုလည်းရွေးပေးလို့ရပါတယ်။အောက်ဆုံးက ပုံတစ်ခုနှင့်တစ်ခုအပြောင်းမှာပေါ်တဲ့ ဒီဇိုင်းပါ။ကိုယ်ကြိုက်တာလေးရွေးပေးလို့ရပါတယ်။ပီးပီ ဆိုရင်တော့ Save changedကို ရွေးပေးလိုက်ပါ။ပီးရင်သူ့အတွက် Notes လေးတွေထည့်ပေးလို့ရပါသေးတယ်။
အဲဒါက   Text menu ကိုရွေးပေး၇မှာပါ။
အဲဒီမှာ အောက်ဆုံက Notes ထဲဆိုတဲ့အကွက်ထဲမှာ  သူ့အတွက်ရေးခငချင်တာလေးရေးပီး  Burn လို့ရပါပီ။Preview အဖြစ်လည်း ကြည့်လို့ရပါတယ်။

No comments:

Post a Comment