Thursday, November 24, 2011

စာလုံးလေးတွေကိုကာလာစုံနဲ့ ရေးမယ်

ဒါကတော့ တော်တော်များရေးနေကြတာပါ။စာလုံးလေးတွေကို သက်တန့်ရောင်လေးတွေနဲ့ ....။ကျွန်တော်တို့လည်း ရေးကြည့်ရအောင်.....။ပီးရင်သူများတွေလိုကွန်မန့်တို့ ဘာတို့ပေးလို့ရတာပေါ့နော်။
html နည်းလေးပေါ့နော်။html ကိုမသိလည်းရေးလို့ ရပါတယ်။ " မင်္ဂလာပါ " ဆိုတဲ့ စာလုံးကို ကာလာထည့်မယ်ဆိုရင်.
ပထမဆုံး အရင်ရေးလိုက်ပါ။ပီးရင် ကွန်မန့်ပေးမယ်ဆိုရင် HTML Editor ကိုနှိပ်ပီး.။ "မ" ကို <font color="red"> မ </font> ဆိုပီး ရေးပါ။ကျန်တဲ့စာလုံးတွေလည်းအဲလို လေးတွေညှက်ရေးသွားပါ။အရောင်က တော့ မိမိစိတ်ကြိုက်ပါ။အရောင်ကို နာမည်နဲ့ မပေးချင်ဘူးဆိုရင် ...photoshop က  color box ကို ဖွင့် ပီး အောက်ဆုံးက ကုဒ်လေးတွေကို ကော်ပီကူးလိုက်ပါ။ကူးပီးရင်တော့ <font color="#e8aa17>မ</font> ဆိုပီးရေးလိုက်ပါ။ကိုယ့်စိတ်ကြိုက်လေးပေါ့။အဲလိုလုပ်ရတာ ရှုပ်တယ် ကြာတယ်ဆိုရင်တော့ ဒီဆိုဒ်ကိုသွားပီးရေးလိုက်ပါ။အသင့်လေးပေါ့နော်...း)
အဆင်ပြေကြပါစေ...........

No comments:

Post a Comment