Tuesday, July 1, 2014

Toyota Vigo, Isuzu D-Max, Mazda BT50, Ford Rangerကားတွေမှာ


Toyota Vigo, Isuzu D-Max, Mazda BT50, Ford Rangerကားတွေမှာ...
တော်တော်များများ ဖြစ်တတ်တဲ့
OBD Code P0093 Fuel system leak detected-Large leak ကိုပြုပြင်...
ဖြေရှင်းပုံအကြောင်းဖြစ်ပါတယ်...

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့...
1: Fuel line between supply pump and common rail
2: Fuel line between common rail and each injector
3: Supply pump
4: Common rail
5: Injector
6: Pressure discharge valve
7: Open or Short in EDU circuit
8: EDU
9: ECM (Engine control box)

စတဲ့နေရာတွေမှာ ချို့ယွင်းချက်ရှိလို့ ဖြစ်ရတာပါ...
ဒီလိုဖြစ်တဲ့ကားကို စပြီးပြုပြင်မယ်ဆိုရင်...
ပထမဦးစွာ ဆီတိုင်ကီဖြုတ်ဆေး ဆီစစ်လဲလိုက်ပါ...မရသေးရင်တော့...
Supply pump ပန့်မှာပါတဲ့ SCV Valve (Suction control Valve)ကို...
အသစ်လဲကြည့်လိုက်ပါ...ဘားတည်နေရာကိုပုံ(၁)မှာပြထားပါတယ်...
SCV ဘားလဲလို့မှ အဆင်မပြေသေးရင်...ပန့်နဲ့ Rail(ပြောင်း)များကို...
ဖြုတ်ဆေးပါ...ဒီလို ဖြုတ်ဆေးရာမှာ သတိထားရမှာတော့...

ပန့်ကိုဖြုတ်လာပြီး တစ်စစီဖြုတ်မဆေးသေးခင် အပြင်ပိုင်းကိုသေချာစွာ
သန့်ရှင်းရေးလုပ်ပြီး လေနဲ့သန့်စင်အောင်မှုတ်ပေးပါ...
ပြောင်းကိုလည်း အထက်ပါအတိုင်းပြုလုပ်ပါ...
ဆေးကြောရာတွင် ဓါတ်ဆီနှင့်လုံးဝမဆေးပါနဲ့ ဒီဇယ်ဆီနဲ့သားဆေးပါ...
Chemical spary များဖြင့်လုံးဝ မဆေးရပါ...ဒီဇယ်တစ်မျိုးတည်းသာသုံး၍
သန့်ရှင်းသောနေရာ သန့်ရှင်းသောဆေးကြောကန်ငယ်များဖြင့်သာဆေးပါ...

ပန့်ကို စပြီးဆေးရမယ့်နေရာက SCV ဘားကိုအရင်ဖြုတ်ဆေးထားပါ...
ထိုသို့ဖြုတ်ချိန်တွင် O-Ring အတွင်းတစ်ခု အပြင်တစ်ခုပါသည်...
အပြင်တစ်ခုကို သေချာစွာသိမ်းပါ...
Fuel Temperature sensor ကိုဖြုတ်ဆေးပါ...
O-Ring တစ်ခုပါသည်ကို သေချာစွာသိမ်းပါ...
ပြီးလျှင် pump filter ဇကာကိုဖြုတ်ဆေး၍ လေသေချာမှုတ်ပါ...
သတ္ထုဝါရှာပြားပါပါသည် သေချာဂရုစိုက်သိမ်းထားပါ...
ထို့နောက် upper plunger ကိုအရင်ဖြုတ်ဆေးပါ...
ထိုသို့ဖြုတ်ဆေးရာတွင် plunger spring ပလန်ချာစပရင်ကို...
အပေါ်အောက်မှားမရပါ သေချာစွာမှတ်ပါ...ပုံ(၆)တွင်ပြထားပါသည်...

ပလန်ချာဖြုတ်ရာတွင် O-Ring အသေးတစ်ခု ပန့်အိမ်ထဲတွင်ရှိသည်ကို...
ဖြုတ်၍ သေချာစွာသိမ်းပါ...ပလန်ချာအပ်ကိုဖြုတ်ကာ ပလန်ချာဆီဝင်ပေါက်...
အသေးလေးကို သေချာစွာ အားကောင်းသောလေဂန်းဖြင့်မှုတ်ပါ...
ပလန်ချာနောက်မှ scution valve နတ်ခေါင်းအားမဖြုတ်ပါနှင့်...
ထိုဘားလေးထဲတွင် ရေနှင့် အမှုန်များရှိနေတတ်ပါ၍ သေချာစွာလေမှုတ်ပါ...
လေမှုတ်ပြီးလျှင် upper plunger ကိုစနစ်တကျပြန်တပ်ပါ...
upper plunger ကို တတ်ပြီးမှ lower plunger ကို အထက်ပါအတိုင်းသေချာ
ဖြုတ်ဆေးလေမှုတ်ပါ...O-Ring အသေးလေးများပြန်ထည့်ရန် မမေ့ပါနဲ့...
ပြီးလျှင် ပန့်အနောက်ဘက်မှ Fuel pressure pump ကိုဖြုတ်ဆေးပြီး...
တစ်ခါတည်းပြန်ထည့်ပါ...ပြီးလျှင် ယခင်ဖြုတ်ထားသော ဆီအပူချိန်ဆင်ဆာနှင့်
SCV ဘားကိုသေချာစွာပြန်ထည့်ပါ...ဒီနေရာမှာ သတိပြုရမှာက ဆေးပြီး...
ပြန်ထည့်ချိန် ဘာကော်မှ လုံးဝမထည့်ပါနဲ့...O-Ring များသာသေချာထည့်ပါ...
ကော်ထည့်လိုက်ပါက ကော်များမှ ပန့်ဘားများတွင်ရောက်သွားလျှင် စက်မနိုး
တော့ပါ...

ပြီးလျှင်Rail ပြောင်းကို ဖြုတ်ဆေးပါ...Pressure ဆင်ဆာမီးခေါင်းကိုဖြုတ်ထားပါ...
ထို့နောက် ၁၉ နတ်ခေါင်း(pressure discharge valve)ကိုသေချာစွာ...
ဖြုတ်ဆေးပါ(Vigo EDU ဘောက်မီးပလပ်ဆော့ကတ် ၃ခုတွင် Discharge valve သည် မီးပလပ်ဆော့ကက်နှင့်လာပါသည်)...ထိုဘားထဲတွင်ရှိသော စပရင်နှင့် ball valve ဘောစေ့လေးကို...
သေချာစွာသန့်ရှင်းရေးလုပ်ပါ...၎င်းဘောလေးနှင့်ဘားအတွင်းအမှုန်များရှိပါက
ဆီပရက်ရှာအားကျစေပါသည်...
ပန့်နှင့်ပြောင်းအားဖြုတ်ဆေးပြီးပါက ပြန်တတ်၍ မကောင်းလျှင်...
နော်ဇယ်များကို ပြန်စစ်ပါ...မကောင်းလျှင် အသစ်လဲပါ...
ထိုကဲ့သို့ပြုလုပ်၍ မကောင်းသေးလျှင်...ပန့် အသစ်လဲကြည့်ပါ...
ပြောင်းလဲကြည့်ပါ...

ထိုကဲ့သို့ပြုလုပ်ပြီးလျှင် ဆီလိုင်းပိုင်းဆိုင်ရာအကုန် စစ်ဆေးပြုပြင်ပြီးဖြစ်ပါသည်...
ဆီလိုင်းပိုင်းဆိုရာ ပြုပြင်ပြီး၍ မကောင်းသေးလျှင်...
EDU မီးလိုင်း ECM မီးလိုင်းများကို စစ်ဆေးပါ...
မီးလိုင်းအပြစ်မရှိလျှင် EDU box နှင့် ECM box များကို တစ်ခုချင်းစစ်ဆေးကာ...
လဲ စမ်းကြည့်ပါ...ဘောက်အပိုရှိရန်တော့ လိုပါသည်...
ကောင်းသွားပါလိမ့်မည်...

ကျွန်တော်တို့ အတွေ့အကြုံအရ P0093 code ကိုပြင်ဆင်ရာတွင်...
အားလုံးဖြုတ်ဆေး၍ ကောင်းသွားသောကားများရှိသလို...
နော်ဇယ်မကောင်းသော အလုံးများကိုလဲရသောကား...
ပန့်လဲရသောကား...
ပြောင်းလဲရသောကားတို့လည်းရှိပါသည်...
EDU box တော့ မပျက်ဖူးပါ...
ECM (Engine control box) အသစ်လဲလိုက်မှ ကောင်းသွားသည်ကို...
နှစ်စီးကြုံဖူးပါတယ်...

အထက်ပါအပြစ်ကို ပြုပြင်ရာတွင် ကျွမ်းကျင်သောသူများမှ ပြုပြင်နိုင်ပြီး...
ပြုပြင်ရခက်ခဲသော ကုတ်နံပါတ် အပြစ်တစ်ခုဖြစ်ကြောင်း...
ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျား...
ပုံ(၁) SCV valve တည်နေရာ...
ပုံ(၂)SCV valve အသစ်ပုံ...
ပုံ(၃)plunger spring ပလန်ချာ စပရင်တည်နေရာ...
ပုံ(၄)Rail ပြောင်းနှင့်Pressure Discharge valve နှင့် pressure sensor
မီးခေါင်းပုံ
ပုံ(၅)နော်ဇယ်ပုံ
ပုံ(၆)ပန့်ဆီစစ်ဇကာ တည်ရှိသော L key nut နတ်တည်နေရာနှင့်
အပေါ်အောက် ပလန်ချာတည်နေရာပုံ
ပုံ(၇)ပန့်ပြန်ထည့်လျှင် ပန့် lock key ကိုထားရမည့်နေရာနှင့် အမှတ်...
ပုံ(၈)EDU box တည်နေရာ တို့ဖြစ်ကြပါတယ်...

သူငယ်ချင်း မိတ်ဆွေများ အန္တာရာယ်ကင်းရှင်း၍ ကျန်းမာရွှင်လန်းကြပါစေခင်ဗျား...
(8 photos)

No comments:

Post a Comment