Tuesday, July 1, 2014

2WD/4WD မှာပါ ပါလာတဲ့ နောက် ကရောင်း... Rear axle limited slip transmission differential

ဒီအကြောင်းအရာကတော့ နောက်လာတဲ့ မော်ဒယ်မြင့်ကားအမျိုးအစားမှန်သမျှ
2WD/4WD မှာပါ ပါလာတဲ့ နောက် ကရောင်း...
Rear axle limited slip transmission differential ဖြစ်တဲ့...
limited slip(LSD) လီမိတက်စလစ်ကရောင်းအကြောင်းပါ...
ဒီ LSD ကရောင်းတွေဟာ ဆီအသုံးပြုပုံမမှန်ရင် ကားမောင်းတဲ့အခါ...
အကွေ့တွေမှာ ကားကွေ့လို့ မကောင်းသလို အရှိန်များများနဲ့မောင်းနေတဲ့အခါ...
လမ်းကွေ့တွေမှာ ကား ဘယ်/ညာဆွဲတတ်ပြီးအန္တာရာယ်များပါတယ်...

ဒီ LSD ကရောင်းတွေဟာ ကရောင်းအုံထဲမှာရှိတဲ့...
Differential case ထဲမှာ Clutch plates and discs ကလပ်ပလတ်ပြားနဲ့
သံပြားငယ်တွေပါလာပြီး ဗွက်နစ်တဲ့အခါ ချော်နေတဲ့အခါတွေမှာ... ဘီးနှစ်ဘက်လုံး ရုန်းနိုင်အောင်လုပ်ထားတာပါ...
LSD Axle ratio ဘီးနှစ်ဘက် ဘယ် ညာ ရုန်းအားကတော့...
(၃၀)% နဲ့ (၇၀)% အနည်းဆုံးရှိပါတယ် တစ်ဘက်ဘီး ၇၀% လည်နေရင်
ကျန်တစ်ဘက်က ၃၀% အနည်းဆုံးရုန်းပါတယ်...တစ်ဘက်က ၄၀% ဆို...
ကျန်တစ်ဘက်က ၆၀% ပါ...လမ်းချော်တဲ့နေရာတွေ ရွံ့ဗွက်တွေထဲမှာ...
အရင်သာမန်ကရောင်းများလို ဘီးတစ်တည်းလည်ပြီးရုန်းနေတာ မဖြစ်အောင်...
လုပ်ဆောင်ထားတာပါ...ပုံ(၂) နှင့် ပုံ(၃)

ဒီကရောင်းတွေဟာ အရင်ပုံမှန်ထည့်နေကျဖြစ်တဲ့ ရိုးရိုးgear oil 90/140 ဆီကို လုံးဝ(လုံးဝ)ထည့်လို့မရပါဘူး...ဒီလိုရိုးရိုးဆီကို ထည့်လိုက်မိတယ်ဆိုရင်...
ဖြစ်လာမယ့် ပြဿနာများကတော့...
ကားတည့်တည့်မောင်းနေချိန်မှာတော့ ဘာပြဿနာမှ မရှိပါဘူး ပုံမှန်အတိုင်းပါ...
ဒါပေမယ့် ကားကွေ့တဲ့အခါ အရှိန်နှေးနှေးနဲ့ ဖြေးဖြေးကွေ့ရင်...
အကွေ့တွေမှာ ကားတုန့်သွားတတ်ပြီး...အရှိန်ပြင်းပြင်းနဲ့ ကွေ့မယ်ဆိုရင်...
ကားနောက်ပိုင်းဟာ ဘယ် ညာ ဆွဲသွားတတ်ပါတယ်...
အရှိန်အရမ်းများနေချိန်မှာ ကွေ့ရင် အန္တာရာယ်ရှိပါတယ်...
ဖြေးဖြေးချင်း ရှေ့ကွေ့တဲ့အခါ နောက်ဆုတ်ကွေ့တဲ့အခါ...
နောက်ဘီးတွေကနေ တောက် တောက် နဲ့ အသံထွက်လာတတ်ပါတယ်...
ကားပျက်လို့ တွန်းရင်လည်း ၄၅ံ အကွေ့တွေမှာဆို လူ ၄/၅ ယောက်...
တွန်းတာတောင်မသွားတော့ပါဘူး...တည့်တည့်တွန်းနေရင်တော့ ပုံမှန်ပါ...

ဒီလိုမဖြစ်အောင် နောက်ကရောင်းဖြစ်တဲ့ Limited slip(LSD)ကရောင်းကို...
ကရောင်းဆီလဲတဲ့အခါမှာ သူ့အမျိုးအစားဖြစ်တဲ့ Limited slip(LSD) ဆီကိုသာ
ထည့်ရပါမယ်...Limited slip(LSD) Oil ဆီဗူးမှာလည်း API (သို့) LS ဆိုတဲ့
စာတမ်းအမှတ်အသားတွေကို ပုံပါအတိုင်း ပါကို ပါရပါမယ်...
ဒီအမှတ်အသားတွေမပါရင်တော့ ရိုးရိုး gear oil ပါ...
ရိုးရိုးဂီယာဝိုင်ကိုထည့်ခြင်းအားဖြင့် အထက်ပါအပြစ်တွေအပြင်...
Clutch plates and discs ကလပ်ပလိတ်နဲ့သံပြားငယ်တွေ စားကုန်ကာ...
သူ့နဂိုဆီဖြစ်တဲ့ Limited slip(LSD) Oil လီမိတက်ဆီကိုပြန်ထည့်ရင်...
ဘီးနှစ်ဘက်ရုန်းအားဖြစ်တဲ့ ၃၀% နဲ့ ၇၀% ကိုပြန်မရတော့ပါဘူး...
ဘီးနှစ်ဘက်ရုန်းအားဟာ ၂၀% နဲ့ ၈၀%...၁၀% နဲ့ ၉၀% ဖြစ်ကာ...
ကားရဲ့ Torque ရုန်းအားဟာကျသွားပါတယ်...
ဒါကြောင့်မို့ နောက်ကရောင်းဖြစ်တဲ့ Limited slip(LSD) လီမိတက်ကရောင်းကို...
ဆီအသစ်လဲတဲ့အခါ အသေအချာဂရုစိုက်ပြီး လဲရမည်ဖြစ်ပါတယ်ခင်ဗျား...

ပုံစာများ...
ပုံ(၁) Rear axle differential transmission နောက်ကရောင်းတွင်းရှိ
Limited slip converter လီမီတက်စလစ်အုံပုံ...
ပုံ(၂)Differential case အတွင်းရှိ components ကိရိယာပစ္စည်းများ...
ပုံ(၃)Limited slip Differential case body လီမီတက်စလစ်အုံပုံ...
ပုံ(၄)Limited slip Clutch plates and discs ကလပ်ပလိတ်နဲ့ သံပြားငယ်များပုံ
ပုံ(၅)Rear axle oil level and filler plug ဆီလယ်ဘယ်ပေါက်နှင့်
ဆီထည့်ပေါက်ပုံ...
ကျန်(၂)ပုံ Limited slip gear oil နမူနာပုံများ...
တို့ဖြစ်ပါတယ်...

သူငယ်ချင်းမိတ်ဆွေများ အန္တာရာယ်ကင်းရှင်း၍ ကျန်းမာရွှင်လန်းကြပါစေခင်ဗျား...
(7 photos)

No comments:

Post a Comment