Sunday, July 15, 2012

သစ္စာအနက် ၁၆-ချက်


ဒုက္ခသစ္စာ---
ပီဠနဋ္ဌ-ညှဉ်းဆဲအပ်သော အနက်သဘော၊
သင်္ခတဋ္ဌ-ပြုပြင်အပ်သော အနက်သဘော၊
သန္တာပဋ္ဌ-ပူလောင်စေတတ်သော အနက်သဘော၊
ဝိပရိဏာမဋ္ဌ-ဖောက်ပြန်ပြောင်းလဲ မတည်မြဲသော အနက်သဘော။

သမုဒယသစ္စာ--- 
အာယူဟနဋ္ဌ-ဆင်းရဲပွားအောင် အားထုတ်ခြင်း အနက်သဘော၊
နိဒါနဋ္ဌ-ဆင်းရဲဖြစ်ခြင်း၏ အကြောင်းရင်း အနက်သဘော၊
သံယောဂဋ္ဌ-သံသရာဆင်းရဲနှင့် ယှဉ်တွဲစေသော အနက်သဘော၊
ဗလိဗောဓဋ္ဌ-နှောင့်ယှက်ပိတ်ပင်တတ်သော အနက်သဘော။

နိရောဓသစ္စာ---
နိဿရဏဋ္ဌ-ဆင်းရဲဒုက္ခမှ လွတ်ကင်းသော အနက်သဘော၊
ဝိဝေကဋ္ဌ-သင်္ခါရဒုက္ခ လုံးဝကင်းရှင်း ဆိတ်ငြိမ်ခြင်းအနက်သဘော၊
အသင်္ခတဋ္ဌ-အကြောင်းတစ်စုံတခုက မပြုရသော အနက်သဘော၊
အမတဋ္ဌ-မတည်မပျက်ဘဲ အမြဲတည်နေသော အနက်သဘော။


မဂ္ဂသစ္စာ---
နိယျာနဋ္ဌ-ဝဋ်ဆင်းရဲမှ ထွက်သွားတတ်, ထုတ်ဆောင်တတ်သော အနက်သဘော၊
ဟေတုဋ္ဌ-အကြောင်းရင်းဖြစ်သော အနက်သဘော၊
ဒဿနဋ္ဌ-နိဗ္ဗာန်အလင်းကို ဖောက်ထွင်းမြင်ကာ လေးသစ္စာကို ပိုင်နိုင်စွာ သိမြင်ခြင်း အနက်သဘော၊
အာဓိပတေယျဋ္ဌ-အကြီးအမှူးဖြစ်ခြင်း အနက်သဘော။

No comments:

Post a Comment