Tuesday, July 17, 2012

စကားဟူသည်


တနေ့သ၌ မြတ်စွာဘုရားသခင်သည် စကားပြောခြင်းနှင့် ပတ်သက်၍ အကျိုး-အပြစ်တို့ကို
ဤသို့ မိန့်ကြားတော်မူ၏။

ရဟန်းတို့-စကားများသော ပုဂ္ဂိုလ်သည် အပြစ် ၅-မျိုးရှိ၏၊ ယင်းတို့မှာ-
၁။ မဟုတ်မမှန် ပြောမိတတ်၏။
၂။ အခင်အမင်ပျက်အောင် ပြောမိတတ်၏။
၃။ ကြမ်းတမ်းစွာ ဆိုမိတတ်၏။
၎။ အကျိုးမဲ့စကားကို ဆိုမိတတ်၏။
၎။ သေသည့်အခါ ငရဲသို့ ကျရောက်ရတတ်၏။

ရဟန်းတို့-ပညာဖြင့် နှိုင်းချိန်၍ စကားပြောဆိုတတ်သူသည် အကျိုး ၅-မျိုး ရှိ၏။ ယင်းမှာ-
၁။ မဟုတ်မမှန် မပြောမိတတ်။
၂။ အခင်အမင်ပျက်အောင် မပြောမိတတ်။
၃။ ကြမ်းတမ်းသောစကား မဆိုမိတတ်။
၎။ အကျိုးမဲ့စကား မဆိုမိတတ်။
၅။ သေသည့်အခါ နတ်ပြည်သို့ ရောက်ရ၏။

ရဟန်းတို့-စကားပြောဆိုသော ပုဂ္ဂိုလ်၌ အကျိုး-အပြစ်တို့သည် ဤ ၅-မျိုးတို့တည်း-ဟု မိန့်တော်မူ၏။

( အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ် ဗဟုဘာဏိသုတ် )

No comments:

Post a Comment