Sunday, July 15, 2012

အပြင်းပြေပေါ့ညီမလေးရယ်

မှားချက်က နာ

ယင်းမာပင်မြို့နယ် စုန်းချောင်းကျေးရွာကို မုံရွာက ဧည့်သည်တွေက သားလည်ပတ်တယ်။ ရွာခံက ဧည့်သည်တွေကို လိုလေသေးမရှိအောင် ဧည့်ခံပါတယ်။ ထမင်းစားချိန်ရောက်တော့ အိမ်ရှင်က “သူငယ်ချင်း ထမင်းစားချင်ရင် စားနှင့် ငါ ကြက်ရှာသွားလိုက်ဦးမယ်”လို့ ပြောပြီး ထွက်သွားတယ်။ 
ဧည့်သည်ကလည်း ထမင်းစားချင်ပေမယ့် ကြက်ရှာသွားတဲ့ အိမ်ရှင်ကိုင် စောင့်နေတာပေါ့။ ဟင်းမရှိလို့ ကြက်ရှာသွားတယ် ထင်ပြီး စောင့်နေတယ်။ အတော်ကြီး ကြာသွားတော့ မစောင့်နိုင်တော့ဘဲ စားနှင့်တယ်။ ညနေ မစောင်း-တစောင်းကြမှ အိမ်ရှင် ပြန်ရောက်လာတယ်။ ဧည့်သည်က မင်းကွာ ဒုက္ခရှာလို့ ငါက ရှိတဲ့ဟင်းနဲ့ စားနိုင်ပါတယ်ကွ။ ဒါနဲ့ မင်းကြက်ရှာသွားတာ ဘယ်မလဲ ကြက်က” လို့ မေးတယ်။ ဒီတော့ အိမ်ရှင်က အူကြောင်ကြောင်နဲ့ ပြန်ပြောတယ်။


”ဟ...ငါသွားတဲ့ ကြက်ရှာက ဒီရွာရဲ့ ဟိုဘက်က ကြက်ရှာရွာကွ” တဲ့။
 
 

အေးတင်လာမှ ဆက်မယ်

တရုတ်ကြီးတယောက် ဗမာစစ်စစ်နဲ့ရပြီး ညောင်ဖြူပင်ရွာမှာ အခြေစိုက် နေရတယ်လေ။ တခါတော့ မိန်းမလုပ်သူက ထမင်း၊ ဟင်း ချက်ပြီး တရုတ်ကြီးကို ဆွမ်းတော်ကပ်လိုက်၊ ကျွန်မက ရွာထဲခဏ သွားလိုက်ဦးမယ် ဆိုပြီး ထွက်သွားတယ်။ 
တရုတ်ကြီးကတော့ ခက်ပြီ၊ အခါတိုင်း မိန်းမက ဆွမ်းတော်ကပ်တာ ပါးစပ်ကနေ ပွစိပွစိနဲ့ အကြာကြီးရွတ်ပြီး ကပ်တာ၊ သူက မရဘူး။ 
ဒီတော့ အရှုံးမပေးပါဘူး၊ ဆွမ်းတော်ကို အကျအန ခူးပြီး ဘုရားစင်ရှေ့ထိုင်တယ်၊ ပြီးတော့ ရွတ်ပါတယ်။
“ ဝ-ကတော့ ထွေလီကာလီ မတတ်ပါဘူး၊ ကျန်တာကို အေးတင်လာမှ ပြောပါမယ်ဘုရား”တဲ့၊ အေးတင်က သူ့မိန်းမလေ။
 
 
ဆရာ့ကို အားနာလို့---
(မောင်ထွေး) ကျွန်တော့်ကို စာတွေ ခဏခဏ မမေးပါနဲ့ ဆရာ။
(ဆရာ) ဟေ-ဘာဖြစ်လို့လဲကွ။
(မောင်ထွေး) အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်းလို့ ဆရာပဲ ပြောထားတော့ ဆရာ့ကို ကျွန်တော် အားနာလို့ပါ။
 
 

ပြည်တွင်းဖြစ် ဟာသများ

ဟန်ဆောင်လူနာ---
ဒေါက်တာ ပြီးခဲ့တဲ့အပတ်က ဖျားချင်ယောင်ဆောင်ပြီး ဆေးရုံလာတက်တဲ့လူုနာကို မှတ်မိလား...
အင်း...မှတ်မိပြီ၊ ဘာလဲ သူ အမြင်မှန်ရသွားပြီလား...

ဆုံးပြီ။
 

ကလေးအသစ်---
ဖခင်ဖြစ်သူက ညစ်ပေနေသော သားသမီးများကိုကြည့်၍
အင်း...ဒီကလေးတွေကို ရေချိုးပေးလိုက်ရင် ကောင်းမလား၊ ကလေးအသစ်ထပ်ရအောင် လုပ်ရင် ကောင်းမလား။
***************************************************************************************

ပုံစံတူ---
ဟိုရှာ ဒီရှာ ရှာနေသူတယောက်အား ကျန်တယောက်က..
ဘာရှာနေတာလဲဗျ...
တထောင်တန် တရွက် ပျောက်နေလို့ဗျ၊
ဟေ့လူ...ဒါ ကျုပ် တထောင်တန်နော်...
ဟုတ်လား...ကျုပ်တထောင်တန်နဲ့ တပုံစံတည်းပဲနော်။
****************************************************************************************

မိန်းမ ညီမျှခြင်း စောင်---
မိန်းမဆိုတာ ဘာနဲ့တူသလဲဗျ အနီးစပ်ဆုံး...

စောင်နဲ့ တူတာပေါ့၊
ခြုံလိုက်ရင် အိုက်တယ်၊ ဖယ်လိုက်ရင် အေးလာပြန်ရော။
****************************************************************************************

သာတဲ့အချက်---
မိန်းမဆိုတာ ဓားပြထက်ပိုပြီး ကြောက်စရာ ကောင်းတယ်ဆိုတာ အဟုတ်လားဗျ၊
သိပ်မှန်တာပေါ့ဗျာ၊ ဓားပြကမှ ငွေပေးမလား၊ ဘ၀ပေးမလားလို့ ကြိုက်ရာတခုခု ရွေးခိုင်းသေးတယ်။
မိန်းမက နှစ်ခုစလုံး ယူတာဗျ။
****************************************************************************************

ကံကောင်းသူ---
အချစ်ရေးမှာ ကံကောင်းတဲ့သူ ဆိုတာ ဘယ်လိုလူမျိုးတွေလဲဗျ။

လူပျိုကြီး အပျိုကြီးတွေလေ။

No comments:

Post a Comment