အိုင်တီခေတ် အင်တာနက်စကားပုံများ.
အပျင်းပြေပေါ့
ကံကိုယုံ၍ ဆူးပုံမနင်းနှင့် လျှပ်စစ်မီးကိုယုံ၍ Save မလုပ်ပဲ မနေပါနှင့်။အစက ပြန်လုပ်ရလိမ့်မည်။ |
ကျောချမှ ဓားပြမှန်းသိ ဖုန်းအပိတ်ခံရမှ ကြိုတင်သွင်းငွေကုန်မှန်းသိသည်။ |
ခရီးသွားဟန်လွှဲ အလုပ်ကိစ္စ၊ ကျောင်းစာအတွက် ဒေါင်းလုပ်လာဆွဲရင်း facebook လေးဝင်မန့်လိုက်၊ G-talk လေးဝင်ကြူလိုက် လုပ်သည်။ |
စစ်မရောက်ခင်မြားကုန် တနေကုန်ဖုန်းဖွင့်ထားပြီး တကယ်တမ်းပြောမည်လုပ်ကာမှ ဘတ္ထရီအားကုန်သည်။ (CDMA 450MHz) |
တစ်ရွာတစ်ကျီဆောက်သည် အင်တာနက်ကဖေးတစ်ခါထိုင်တိုင်း အီမေးလ် အသစ်တစ်ခုလုပ်သည်။ |
တစ်မိုးလုံး ဖျောက်ဆိတ်ချည်း ဘယ်နားကြည့်ကြည့် facebook နှင့် G-talk ကပြေးမလွတ်ချေ။ |
ဒူးလောက်တင်မှ ရင်လောက်ကျသည်
ဒေါင်းလုပ်ဆွဲရာတွင် ၁ နာရီကြာမည်ဟူသော စာတန်းပေါ်ပါက အိမ်ကို ၂ နာရီကြာမည်ဟု ကြိုပြောထားပါ။
|
နူရာဝဲစွဲ လဲရာသူခိုးထောင်း လိုင်းကျနေသည်ဆိုမှ မိုးကအုံ့သည်။ မီးကလဲ ပျက်သေးသည်။ |
ပေါက်သည့်နဖူး မထူးတော့ ၁၅ သိန်းပေး၍ ဝယ်ထားရသော GSM ကြီးကိုဆိုလိုသည်။ |
ရှင်ဘုရင်တစ်ခါထွက်၊ ပဲကြီးတစ်လှေချက် G-mail တစ်ခါတက် ထမင်းအိုး တစ်ခါချက် |
သမင်မွေးရင်း ကျားစားရင်း ဒေါင်းလုပ်ဆွဲရင်း ပျက်ကျရင်း |
အမဲရိုးနှယ် ဟင်းအိုးမှအားမနာ သုံးသည့် စက်များကတော့ international Standard ရှိပါသည်။ သို့သော် ကွန်နက်ရှင်ကတော့... |
FWD Mail , Images from google
No comments:
Post a Comment