Wednesday, June 29, 2011

ကိုပူပူရေ ခွေးနိမိတ်တဲ့ဗျာ.....ဟီး..ဟီး....

ဒီထဲက ခွေးနဲ့ဆိုင်တဲ့ နိမိတ်အကြောင်း ပြန်တင်ပြချင်ပါတယ်။ နည်းနည်းတော့ အူသံပါမယ်ထင်တယ်။ ဟဲဟဲ..။

တခါတုန်းက ဆရာစံဇာဏိဘိုရဲ့ ယူစေသော် ယတြာစာအုပ် ဖတ်တယ်။ အဲစာအုပ်ထဲမှာ ခွေးနဲ့ ပက်သက်တဲ့ နိမိတ်တွေအကြောင်း ရေးထားတယ်။ ယတြာချေပုံလည်း ပါတယ်။ ဒါပေမဲ့ သိပ်သတိမထားလိုက်ဘူး။ အော်... ဒီလိုရှိပါလားလို့ပဲ။ တလောတုန်းကတော့ ရွှေတိဂုံစေတီတော် ရောက်တုန်း စာအုပ်တန်းဘက် မွှေနှောက်ကြည့်တယ်။ အဲဒီမှာ သုတေသီ ဆရာငြိမ်းဆိုသူရဲ့ နိမိတ်တစ်ထောင် အကောက်ကျမ်းဆိုတာ တွေ့တယ်။ ဒါလည်း စိတ်မဝင်စားဘူး။ မဝယ်ဘဲ ပြန်ချထားခဲ့တယ်။ တလောကမှ စာအုပ်အဟောင်းတန်းမှာ အဲဒီကျမ်းကို ပြန်တွေ့လို့ စိမ်ပြေနပြေ လှန်လှော ကြည့်ဖြစ်တော့မှ တန်ဖိုးရှိမှန်း သိသွားတယ်။ ဒါနဲ့ပဲ ဒီထဲက ခွေးနဲ့ဆိုင်တဲ့ နိမိတ်အကြောင်း ပြန်တင်ပြချင်ပါတယ်။ နည်းနည်းတော့ အူသံပါမယ်ထင်တယ်။ ဟဲဟဲ..။

ကြားဖြတ်ကလေး တစ်ခုပြောရဦးမယ်။ ဒီနိမိတ်ကောက်ပုံမှာ ပါတဲ့တိုင်း မျက်လုံးအပြူးသားနဲ့ လိုက်ကြည့်ပြီး ခွေးတွေ လှုပ်ရှားသမျှ စောင့်ကြည့်ရင်း နိမိတ်ယူရမယ်လို့ မဆိုလိုပါဘူး။ နိမိတ်ဆိုတာ ဘာညာကို မြန်မာ့ရိုးရာဗေဒင်နဲ့ နက္ခတ်က ဒီမှာ အရင် သွားဖတ်ပါ။ ပြီးမှ ဒါကို ဆက်ဖတ်စေချင်ပါတယ်။

၁။ ခွေးနှစ်ကောင် ကိုက်ခဲသတ်ပုတ်နေတာ မြင်ရရင် အမှုအခင်း ကျရောက်တော့မယ်။
၂။ လမ်းသွားစဉ် ခွေးအလိုက်ခံရရင် တပည့်တပန်း၊ အောက်လက်ငယ်သားရဲ့ ကျေးဇူးကန်းခံရမယ်။
၃။ ခွေးသားပေါက်လေးတွေကို ခွေးမိခင်ကြီးက ကိုက်ချီ သယ်မနေတာ တွေ့ရင် အကြီးအကဲ မစကူညီတော့မယ်။
၎။ ခွေးအကိုက်ခံရရင် အောက်လက်ငယ်သားများရဲ့ စွပ်စွဲပြောဆို ခံရမယ်။
၅။ ဆန်စပါး၊ ပစ္စည်းဥစ္စာ ထားရာနေရာမှာ ဒါမှမဟုတ် လှေကားအောက်မှာ ခွေးသားပေါက်ရင်
စီးပွားတက်မယ်။
၆။ အိမ်ဦးခန်းမှာ ခွေးသားပေါက်ရင်တော့ အိမ်ရှင်ပျက်စီးတော့မယ်။

ကျမ်းမှာပါတဲ့ ခွေးနိမိတ်တွေက အချက်တော်တော်များပါတယ်။ အဖြစ်များပြီး အသုံးဝင်နိုင်တဲ့ အချက်တွေကိုပဲ ဦးစားပေး ပြန်တင်ပြတာပါ။ တခါတုန်းက အိမ်တစ်အိမ်ရှေ့မှာ လမ်းဘေးခွေးတစ်သိုက်က ညဥ့်နက်ပြီး သန်းခေါင်လောက်ဆို အိမ်ရှေ့တည့်တည့်မှာ စုဝေးပြီး သွားအူကြတယ်။ သိပ်မကြာပါဘူး။ အိမ်ရှင် မိသားစုတွေ ကျန်းမာရေး မကောင်းလို့ သေတဲ့သူ သေကုန်ကြပါရော။ တိုက်ဆိုင်တာလဲ ဖြစ်မှာပေါ့။
စကားစပ်မိလို့ သွားသတိရတယ်။ ဟိုးရှေးရှေးတုန်းကဆိုမလား၊ ပြည်မြို့မှာ ပထမံဘိုးဘိုးအောင်က ရှိရှိသမျှ ခွေးတွေကို ကြိမ်နဲ့မြေကြီးကို ရိုက်ခေါ်ပြီး ခွေးကို ဖက်ခင်းပြီး ထမင်းဟင်းတွေ ကျွေးခဲ့တာ၊ စားမာန် ခုတ်လှပါတယ်ဆိုတဲ့ ခွေးမျိုးတွေက ဘာသံမှ မထွက်ဘဲ ငြိမ်ငြိမ်ဝပ်ဝပ်နဲ့ စားပြီး လာရာလမ်း အေးဆေး ပြန်လှည့်သွားကြတာ.. ပြန်သတိရမိတယ်။ နောက်တစ်ခါ အိပ်မက်ပေါ့။ အိပ်မက်ထဲမှာ ခွေးအလိုက်ခံရရင်၊ ခွေးအကိုက် ခံရရင် ဒါကံနိမ့်နေပြီလို့ မြန်မာအများစုက ယုံကြည်ထားကြပါတယ်။ လေ့လာဖူးသမျှ ဗေဒင်ထဲမှာ အင်္ဂဝိဇ္ဇာပညာရှင် ဆရာဦးမောင်မောင်သန်းက ငွေကြေးခက်ခဲသူတွေ အနေနဲ့ ခွေးလေးတွေကို အစာကျွေးဖို့၊ အစာကျွေးတဲ့ အခါမှာလည်း အင်္ဂါ၊ သောကြာနဲ့ စနေနေ့တွေမှာ ကျွေးဖို့ ရေးသားထားတာ သတိရမိပါတယ်။

ဒီစာစုကို ရေးသားရင်း စိတ်မကောင်းဖြစ်ရတဲ့ ဇာတ်လမ်းလေး ပြန်တွေးမိတယ်ဗျာ။ သခင်သေ သွားတာတောင် သခင့်အုတ်ဂူမှာ လာလာနေတတ်တဲ့ အံ့ဖွယ်ခွေးတွေ အကြောင်းပါ။ လူတွေက ခွေးထက် အသိဥာဏ် မြင့်မားလွန်း လှပါရက်နဲ့ ခွေးလောက်မှ သစ္စာမရှိတာ ဘာ့ကြောင့်ပါလိမ့်လို့လည်း အတွေးတွေ လွင့်နေမိပါရော။

No comments:

Post a Comment