Saturday, July 2, 2011

ရှောင်မလွဲ...

ပူပူ = ခင်ဗျားတို့လမ်းထိပ် စတိုးဆိုင်က အမျိုးသမီးများ တော်တော်အမြင်ကတ်ဖို့ ကောင်းတယ်ဗျ။ စကားပြော တာကလည်း မိုက်ရိုင်းလိုက်တာ လွန်ပါရော။ အနေအထိုင် အပြောအဆိုကလည်း အောက်တန်းကျတယ်ဗျာ…။

ဂတုံး = ဟာ ….. အဲဒါ ကျွန်တော့်ဇနီးဗျ ..

ပူပူ = (အလွန်အားနာသွားဟန်ဖြင့်) ကျွန်တော်ပြောတာက အဲဒီအမျိုးသမီး မဟုတ်ဘူးဗျ၊ သူ့အနားမှာ ထိုင်နေတဲ့ အမျိုးသမီးလေးပါ …

ဂတုံး = အဲဒါက ကျွန်တော့် သမီးအကြီးဗျ … ဟူ၏။
လက်တွေ့အမှန်မဟုတ်ပါ၊ ဟာသလေးတွေပါဗျာ...

No comments:

Post a Comment