Tuesday, June 28, 2011

အရူပ်တော်ပုံ(ဗဟုသုတရတာပေါ့နော်)

ဟက်ကာလို့ပြောတာနဲ့ အဆိုးဖက် ကိုပဲမကြည့်ပါနဲ့။ မင်းတို့ စက်တင်ဘာ အရေးအခင်းက နအဖက site တော်တော်များများကို burn ထားတုန်းက proxy ကျော်ဖို့ web link တွေနဲ့ software တွေကို ထုတ်ပေးခဲ့တာ ဘယ်သူတွေလဲဆိုတာကို အရင်ဆုံးလေ့လာပါဦး။

(၁၉-၉-၂၀၀၈) နေ့တွင် ကျွန်တော် လင်းလင်း (linnlin23@gmail.com) အား မင်းအောင်(KL မလေးရှား) အမည်ရှိ ဟက်ကာသမားမှခိုးယူသွားခဲ့ပါသည်။

07/12/2007 က တစ်ကြိမ် - 18/09/2008 က တစ်ကြိမ်ပါ။ အဟက်ခံရတုန်းက နိုင်ငံရေး သမားတွေ ပြောနေကြအတိုင်းပါပဲ ရုရှားက စစ်သားတွေဟက်သွားတယ်တဲ့၊ မလေးရှားက ဟက်တာပါလို့ပြောတော့ သူ့ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်သူကို သူလျိုလုပ်ပြီး information ယူခိုင်းတယ်..မထူးပါဘူး သူခိုးကြီးနဲ့ သူခိုးလေးပါပဲ...

ထိုသူသည် Email အကောင့်ပေါင်းများစွာ (၃၀၀)နီးပါးခန့်ကို ဟက်ကာပညာဖြင့် ခိုးယူမှုများ ပြုလုပ် နေကြောင်းကြားသိရပါသည်။ ဘယ်က ဘယ်လိုကြားလည်းတော့မသိပါဘူး... အခုမှ brb က ဟက်ကာ အကြီးစားတစ်ယောက် ဖြစ်မှန်းမသိဖြစ်သွားတော့တယ်...

ထို့ကြောင့် Email အိုင်ရှင်များအနေဖြင့်အရေးကြီးသော ကိုယ်ရေးကိုတာ များကို အထူးသတိထားပြီး အသုံးပြုကြပါရန် အသိပေးအပ်ပါသည်။ ဒါက ကယ်တင်ရှင် အသွင်အဖြစ် အပိတ်စာသား...

ဟက်ကာသမားအစိုးရ ဘက်တော်သားများကြောင့် ပြည်တွင်းရှိ ဒီမိုကရေစီ လှုပ်ရှားသူများလည်း အန္တရာယ် များကြုံတွေ့နေရပါသည်။ သူပြောမှပဲရှင်းတော့တယ်...

ဟက်ကာသမားများအနေဖြင့်လည်း အမျိုးဘာသာ သာသနာအတွက်ကောင်းကျိုးပြုကြပါရန်......

အမျိုး၊ ဘာသာ၊ သာသနာဟု စကားကြီး သုံးလုံးအား ခုတုံးလုပ်၍ ဖြန့်ဝေခဲ့သော မောင်လင်းလင်း၏ စာသားတွေကတော့ ပြောင်မြောက်ပါပေ့.. အမိမြေမှာ နိုင်ငံရေးအခြေအနေမကောင်းလို့ စီးပွားရေးကျ၊ စီးပွားရေးကျလို မင်းတို့ငါတို့တွေ ပြည်ပထွက်ပြီး အလုပ်အကိုင်ရှာတဲ့နေရာမှာ တိုင်းပြည် အတွက် ကောင်းအောင် ဘယ်လောက်အထိ စွမ်းဆောင်ခဲ့ဖူးလဲ။ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဆိုတာကော ပါဝင်ခဲ့ဖူးလား...
ဦးနှောက် ယိုစီးမှု့ ဒီလောက်များတဲ့ အမိမြေအတွက် ဘာတွေလုပ်ပြီးခဲ့ပြီလဲ Brain Drain တော့ ဖြစ်ခဲ့ပြီး Brain Gain ရရန် ဘယ်လိုစီစဉ်ထားပါသလဲ...နိုင်ငံကြီးတွေက အမျိုးသားရေးဆိုတာထက်၊ လူမျိုးရေး ၀ါဒလက်ကိုင် ထားရမယ်ဆိုတာထက်၊ ကျယ်ပြန်စွာ ဆက်ဆံရေး၊ အကျိုးအမြတ် ရယူနိုင်ရေးတွေကိုလည်း အများကြီး ထည့်တွက်လာတက်ကြတယ်။ နိုင်ငံတကာမှာအလုပ်ဖြစ်နေသူတွေဘက်ကလည်း မိခင်နိုင်ငံတွေ ကိုပြန်ပြီးဆက်သွယ် အကျိုးပြုနေကြတာတွေလည်းရှိတယ်။ ဒါပေမဲ့ နိုင်ငံကြီးတွေမှာ နောက်ထပ် ဘ၀သစ်တွေကို သွားရောက်စတင်နေသူတွေက ကိုယ့်မိခင်နိုင်ငံတွေရဲ့ အဘက်ဘက်က ချို့တဲ့မှုတွေ၊ အဆင်မပြေမှုတွေကို သည်းခံကာ ရာနှုန်း ဘယ်လောက် ပြန်လာကြတယ်ဆိုတာကိုလည်း စဉ်စားသင့်တယ်။ နိုင်ငံတော်တော်များများက သူတို့နိုင်ငံရဲ့ အတော်ဆုံး အကောင်းဆုံးဆိုတာတွေ ဆုံးရှုံးကြ ရတာမှန်တယ်။ ဒီဆုံးရှုံးမှု့တွေထဲကပဲ အမြတ်ထွက်နေလေတော့ ဆုံးရှုံးမှု့ဆိုတာ တရားသေသတ်မှတ်လို့မရဘူး။
လက်ရှိ အုပ်ချုပ်ဆဲ စစ်အစိုးရ ညံ့လို့လား။ စစ်တပ်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ စစ်သားဆိုတာလဲ ပြည်သူ တစ်ရပ်ပဲဆိုတာကို မင်းတို့ သိထားသင့်တယ်...ပြည်သူဆိုတာက ပြောင်းလဲမှု့တစ်ရပ်ကို အမြဲတမ်း တောင်းတနေတဲ့ သူတွေ၊ လက်ရှိအစိုးရက ဘယ်လောက်ပင်ကောင်းစေကာမှု နောက်တက်လာမည့် အစိုးရက ပိုပြီးကောင်းလာမလားဆိုတဲ့ အတွေးတွေနဲ့ ဖြည့်လို့မပြည့်တဲ့ ရမ္မက်အိုးကြီးတွေ ရင်ဝယ်ပိုက်ထားကြတာပါ။

ရှည်ရှည်ဝေးဝေးမတွေးနဲ့ အခု မလေးရှား UN Refuge မှာ UN Card ရဖို့၊ တတိယနိုင်ငံကြီးတွေကို သွားရဖို့ကို ဘယ်လိုလျှောက်နေတယ်ဆိုတာကို မင်းတို့လည်း အသိပဲ...သူငယ်ချင်းတစ်ယောက်က ပြောသလို မြန်မာပြည်မှာ ချင်း လူမျိုးစု ရှိတော့မှာမဟုတ်ပါတဲ့ .. သူ UN ရုံးကို ကိစ္စတစ်ခုနဲ့သွားတော့ တွေ့သမျှ
အားလုံး ၉၈ % သည် ချင်းလူမျိုးများသာလျင်ဖြစ်တယ်... ဟုတ်တယ်.. UN ၀င်ခွင့်ရရန် စစ်အစိုးရ၏ မကောင်းကြောင်း ၊ နိုင်ငံ၏ ဆင်းရဲ မွဲတေကြောင်းတွေကို ကြားနာတဲ့သူ ထိုင်ငိုသွားလောက်အောင် ပြောရတယ်... UN ၀င်ခွင့် စိစစ်ရေးမှာလည်း ၄င်းစာမှု ဇာတ်လမ်း ရောင်းစားတဲ့သူကလည်း ရှိသေး.. မလေးရှာငွေ RM 4500 လောက်ပေးရင်ရတယ်... ယောက်ျားလေး ဖြစ်ပါက .. မြန်မာစစ်သားများက ၄င်းတို့အား အတင်းအဓမ္မ ခိုင်းစေခြင်း၊ ထိုးကြိတ် ရိုက်နက်ခြင်းတွေကအစ ကြေကွဲ လောက်အောင် ပြောကြသည်။မိန်းကလေးဖြစ်ပါက .. မြန်မာစစ်သားများက ၄င်းတို့ ဘယ်သို့ဘယ်ပုံ နိုပ်စက်ညှင်းပန်း ကြပါသည်ဟု ပလီပလာလုပ်၍ မိမိတို့ကိုယ်ကျိုးအတွက် တိုင်းပြည်အား ကမ္ဘာ့အလယ်မှာ မွဲသထက် မွဲအောင်, နိုင်ငံတစ်ကာ အထင်သေးသထက် အထင်သေးအောင် လုပ်ဆောင်နေကြသည်။ အဲ့တော့ နိုင်ငံခြားမှာ အလုပ်လုပ်နေကြသူတွေ၊ နိုင်ငံတကာ သွားလာနေကြသူတွေက ငါဟာ မြန်မာကွလို့ ပြောလိုက်ရင် တစ်ခြား နိုင်ငံသားတွေက မိမိအရည်အချင်းကို မမြင်သရွေ့ နှခေါင်း ရှုံ့ကြသည်။ အထင်သေး အမြင်သေး ကြသည်။

မိမိတိုင်းပြည်၊ မိမိလူမျိုးတွေကို ဖျက်ဆီးနေတာဘယ်သူတွေလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ကြပါ။

No comments:

Post a Comment