Tuesday, November 25, 2014

မထင်မရှားသော မိန်းမတစ်ယောက်ဝတ္ထု


ရမဏီယာနိ အစရှိသော ဤတရားဒေသနာ
တော်ကို မြတ်စွာဘုရားသည် ဇေတ၀န်
ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်
မထင်ရှားသောမိန်းမတစ်ယောက်ကို
အကြောင်းပြု၍ ဟောတော်မူလေ၏။

ပိဏ္ဍပါတ်ဓုတင်ကိုဆောက်တည်သောရဟန်း
တစ်ပါးသည် မြတ်စွာဘုရား၏အထံတော်၌
ကမ္မဋ္ဌာန်းကိုယူပြီးလျှင် တစ်ခုသောဥယျာဉ်
ဟောင်းသို့ဝင်၍ ရဟန်းတရားကိုအားထုတ်
သတတ်။ မြို့ကြီးပြည်ကြီးကိုတင့်တယ်စေ
တတ်သောကြောင့် တန်ဆာသဖွယ်ဟုသမုတ်
အပ်သော ပြည်မကံကျွေးမိန်းမတစ်ယောက်
သည် ယောက်ျားတစ်ယောက်နှင့်အတူတကွ
ကျွန်မသည်ဤမည်သော အရပ်သို့သွားပါ
မည်။ အရှင်သည်ထိုအရပ်သို့လာခဲ့ပါဟု
ချိန်းချက်မှတ်သားခြင်းကိုပြု၍ သွားလေရာ
ထိုယောက်ျားမလာသဖြင့် ထိုမိန်းမသည်
ယောက်ျား၏လာရာကိုကြည့်ရှုလတ်သည်
ှရှိသော် ထိုယောက်ျားကိုမမြင်ရသဖြင့်ပျင်း
ရိလှသောကြောင့် ထိုမှဤမှ လှည့်လည်
လျက် ဥယျာဉ်သို့ဝင်လာကာ ထက်ဝယ်
ဖွဲ့ခွေထိုင်နေတော်မူသော မထေရ်ကိုမြင်
ရပြီးလျှင် ထိုမှဤမှ တစ်ပါးသောသူကို
ကြည့်ရှု့ရာ တစ်ပါးသောသူတစ်စုံတစ်
ယောက်မျှမမြင်ရခြင်းကြောင့် ဤရဟန်း
သည်လည်းယောက်ျားဖြစ်၏။ ဤသို့
လျှင်ထိုရဟန်းစိတ်ကိုတွေဝေအောင်
ပြုအံ့ဟု ကြံစည်လျက် ထိုရဟန်း၏
ရှေ့၌ရပ်၍ အဖန်တလဲလဲအ၀တ်ထဘီ
ကို တမင်ဖြေချွတ်ကာ ၀တ်လေ၏။
ဆံပင်တို့ကိုလည်း ဖြည်၍ထုံး၏။
လက်ခုပ်ကိုလည်း တီး၍ရယ်၏။
မထေရ်အား ထိတ်လန့်ခြင်းသံဝေဂ
ဉာဏ်ဖြစ်ပေါ်လာသောကြောင့်တစ်ကိုယ်
လုံးပီတိဖြင့် ပျံ့နှံ့လေရကားထိုရဟန်း
သည် ဤသည်ကားအဘယ်နည်းဟု
ဆင်ခြင်လေ၏။
ဘုရားရှင်သည်လည်း ငါဘုရား၏အထံ၌
ရဟန်းတရားကိုအားထုတ်အံ့ဟုသွားသော
ရဟန်းအား အကြောင်းဘယ်သို့ရှိသနည်း
ဟုဆင်ခြင်တော်မူလတ်သည်ရှိသော်
ထိုမိန်းမကိုမြင်ရလျှင်ထိုမိန်းမ၏မသင့်လျော်
သော အကျင့်အမူအရာကိုလည်းကောင်း၊
မထေရ်၏ထိတ်လန့်ခြင်းသို့ရောက်ခြင်းကို
လည်းကောင်း၊ သိမြင်တော်မူသဖြင့်ဂန္ဓကုဋိ
တိုက်၌ နေတော်မူလျက်သာလျှင်ထိုရဟန်း
နှင့်အတူတကွ ချစ်သားရဟန်း ကာမဂုဏ်
ကိုရှာကုန်သောသူတို့အာရုံပြုရာဌာနသည်
ရာဂကင်းကွာရဟန္တာတို့အား အာရုံပြုရာ
ဌာနမဟုတ်ဟု စကားကိုမိန့်ကြားပြောဆို
တော်မူလေ၏။ ဤသို့မိန့်ကြားပြောဆိုတော်
မူပြီးလျှင် ရောင်ခြည်တော်ကိုပျံ့နှံ့တော်မူစေ
လျက် ထိုရဟန်းအားတရားဟောလိုရကား
ဤဂါထာကိုမိန့်တော်မူလေ၏။
ရာမဏီယာနိ အရညာနိ၊ ယတ္ထ န ရမတီ ဇနော။
ဝီတရာဂါ ရမိဿန္တိ၊ န တေ ကာမဂဝေသိနော။
အရညာနိ၊ တောတို့သည်။ ရမဏီယာနိ၊ မွေ့လျော်
ဖွယ်ရှိကြကုန်၏။ ယတ္ထ၊ ယင်းတောတို့၌။ န ရမတိ၊
မမွေ့လျော်။ ၀ိတရာဂါ၊ တပ်ခြင်းကင်းသောရဟန္တာ
တို့သည်။ ရမိဿန္တိ၊ မွေ့လျော်ကုန်လတ္တံ့။ ကသ္မာ၊
အဘယ်ကြောင့်နည်းဟူမူကား။ တေ၊ ထိုရဟန္တာ
တို့သည်။ ကာမဂဝေသိနော၊ ကာမဂုဏ်ကိုရှာမှီး
ကြကုန်သည်။ န ဟောန္တိ၊ မဟုတ်ကုန်။
ဒေသနာတော်၏အဆုံး၌ မထေရ်သည်နေထိုင်
လျက်ပင်လျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ
ရဟန္တာအဖြစ်သို့ရောက်သဖြင့် ကောင်းကင်ခရီး
ဖြင့်ကြွလာတော်မူ၍ ချီးမွန်းခြင်းကိုပြုလျက်
ဘုရားရှင်၏ ခြေတော်တို့ကိုရှိခိုပြီးမှပြန်သွား
တော်မူလေသတည်း။
ပုံတော်စုံဓမ္မပဒ၀တ္ထုတော်ကြီး

No comments:

Post a Comment