Sunday, November 23, 2014

နာနာဘာဝ ၀ိနာဘာဝဆိုတာဟာ တစ္ဆေ သရဲတွေလား


ဒကာ။ ။ လောကမှာ လူတွေရဲ့ဆိုရိုးစကား
မှာ နာနာဘာဝတစ္ဆေ၊ ၀ိနာဘာဝဘီလူးသရဲ
တွေဖြစ်ကုန်ပြီဟု ပြောဆိုနေကြပါသည်။
တချို့ကလည်း နာနာဘာဝ ၀ိနာဘာဝ
ဆိုတာ တစ္ဆေသရဲကိုခေါ်တာမဟုတ်ပါဘူး
ဟု ပြောဆိုကြပါတယ်။ အဲဒီ အဘိဓါန်နှစ်
ပုဒ်ရဲ့အနက်အဓိပ္ပါယ်ကို ရှင်းပြပေးပါဦး
ဆရာတော်။ စာပေကျမ်းဂန်ကဘယ်လို
ဆိုပါသလဲဘုရား။

ဆရာတော်။ ။ နာနာဘာဝဆိုတာက
ချစ်ခင်မြတ်နိုး ကြည်ညိုလေးစားအားထား
ရသော သူအားလုံးတို့နဲ့ မြို့ရွာမြေ၊ ရေခြား
ရှင်ကွဲကွဲကွာကာနေရခြင်းမျိုးကိုဆိုတယ်။
ဝိနာဘာဝဆိုတာက သေကွဲကွဲသွားရခြင်း
ကို ဆိုလိုတယ်။ တစ္ဆေသရဲကိုဆိုလိုတာ
မဟုတ်ဘူး။ ရှင်ကွဲက နာနာဘာဝ၊ သေကွဲ
က ၀ိနာဘာဝတဲ့။ အဲဒါမုချတွေ့ကြရမှာဖြစ်
တယ်။
စာပေကျမ်းဂန်မှာ လာတာကတော့ မြတ်စွာ
ဘုရားပရိနိဗ္ဗာန်စံမည့်အကြောင်းကိုသိသော
ညီတော်အာနန္ဒာက ဆင်းရဲပင်ပန်းစွာငိုကြွေး
သောအခါ ချစ်သားအာနန္ဒာ ချစ်ခင်နှစ်သက်
မြတ်နိုးသော သူတို့နဲ့ကွဲကွာကြရမည့်နာနာ
ဘာဝ၊ သေကွဲကွဲကွာကြရမည့် ၀ိနာဘာဝ
တရားတို့ကို ရှေးမဆွမီကပင် ကြိုတင်၍
ငါဘုရားဟောကြားအပ်ခဲ့ပြီ မဟုတ်ပါလော
တဲ့။ ကဲ အဲဒါဟာ ကျမ်းဂန်မှာလာတဲ့အနက်
အဓိပ္ပါယ်ပဲ။
သုတေသနသရုပ်ပြအဘိဓါန်ကျမ်းပြုဆရာတော်
အရှင်သြဘာသာဘိဝံ

No comments:

Post a Comment