Sunday, November 23, 2014

စိတ်ဆင်ရိုင်း


တစ်ရံရောအခါက ဆင်ရိုင်းများကို လိမ္မာယဉ်ပါး
အောင် သွန်သင်ဆုံးမှု၌ အထူးကျွမ်းကျင်သော
ဆင်ဆရာ အိမ်ရှေ့မင်းသားတစ်ပါးရှိခဲ့ပါသည်။
တစ်နေ့သောအခါ သူဦးစီးအုပ်ချုပ်ရသော
ဆင်တပ်ကို ဆင်အင်အားဖြည့်တင်းရန်လိုအပ်
လာပါသည်။ ထိုအခါသူ၏ဆင်တပ်မှဆင်အတတ်
၌ကျွမ်းကျင်လိမ္မာလှသော ဆင်တပ်သားများနှင့်
အတူ ဆင်ဖမ်းရန်အတွက်ဆင်ရိုင်းများပျော်ပါး
ကျက်စားနေထိုင်ရာ တောကြီးထဲသို့သွားရောက်
ခဲ့ပါသည်။
တောထဲသို့ရောက်လျှင်ဆင်ဆရာမင်းသားသည်
ဆင်ရိုင်းကြီးကိုအလွန်လိမ္မာယဉ်ပါးလှသောဆင်
အောင်းမနှင့်တွဲ၍လွင်ပြင်သို့ထုတ်ယူခဲ့ပါသည်။
ထို့နောက်ဆင်ကို ကြိုးလွန်များနှင့်တုပ်နှောင်
ကာ ဆင်ချည်တိုင်၌ခိုင်မြဲစွာချည်နှောင်ပြီးလျှင်
လိမ္မာ ယဉ်ပါး၊ ကြိုးကျ၊ ငြိမ်သက်၊ တည်ကြည်
လာအောင်နည်းအမျိုးမျိုးဖြင့်ဆုံးမပါသည်။
ထိုသို့စိတ်တိုင်းကျ ဆုံးမပြီးသောအခါကျမှ
ဆင်ကို မင်းပွဲသဘင်နှင့်စစ်မြေပြင်သို့ထုတ်
ဆောင်၍ မင်းစီးဆင်၊ တိုက်ဆင်ပြုလုပ်ပါ
တော့သည်။ ထိုအချိန်မှစ၍ ဆင်ဆရာမင်း
သားသည် အထူးသိမ်မွေ့ယဉ်ပါးလှသော
ဆင်လိမ္မာကြီး၏အရှင်သခင်ဖြစ်သွားပါတော့
သည်။
ဥပမာ ဥပေမယ်ထင္ဟပ္ခ်က္မ်ား
၁။ လူ့ကာမဂုဏ်အစုစုတို့သည် ဆင်ပျော်
သောတောကြီးနှင့်တူသည်။
၂။ မြတ်စွာဘုရားသာသနာတော်သည်
မြို့ရွာလွင်ပြင်နှင့်တူသည်။
၃။ စိတ်သည်တောဆင်ရိုင်းနှင့်တူသည်။
၎။ သာသနာတရားဓမ္မတို့၌အလွန်ယုံကြည်
လှသော သဒ္ဓါနှင့်ဆန္ဒတို့သည်အလွန်လိမ္မာ
ယဉ်ပါးလှသော ဆင်အောင်းမနှင့်တူသည်။
၅။ အကျင့်သီလ၏စင်ကြယ်မှုဟုဆိုအပ်
သော သီလ၀ိသုဒ္ဓိသည်ဆင်ကျုံးကြီးနှင့်
တူသည်။
၆။ ထွက်သက်ဝင်သက်အစရှိသော မိမိ
ကိုယ်ခန္ဓာသည် ဆင်ချည်တိုင်ကြီးနှင့်တူ
သည်။
၇။ ထွက်သက်ဝင်သက်အစရှိသော
ရှုပကာယ၌ ခိုင်မြဲစွာတည်သည့်သတိ
ဟုဆိုအပ်သော ကာယာနုပဿနာသတိ
ပဋ္ဌာန်သည် ကြိုးလွန်နှင့်တူသည်။
၈။ သမထ ၀ိပဿနာတို့၏ရှေးဦးပြုအပ်
သော ပရိကံမှုအစုစုတို့သည် ဆင်ကို
လိမ္မာယဉ်ပါးအောင် ဆုံးမမှုတို့နှင့်တူ
သည်။
၉။ သမထ၊ ၀ိပဿနာမှုတို့သည်မင်းပွဲ
သဘင် စစ်မြေပြင်တို့နှင့်တူသည်။
၁၀။ မိမိစိတ်ကိုမိမိအစိုးရသောသူသည်
ဆင်လိမ္မာကြီး၏အရှင်သခင်မင်းသားနှင့်
တူသည်။
မြတ်ဗုဒ္ဓကဓမ္မပဒပါဠိတော်တွင်
ပါပသ္မိံရမတိမနော။ မနော၊ စိတ်သည်
ပါပသ္မိံ၊ မကောင်းမှု၌သာလျှင် မွေ့လျော်
၏ဟု ဟောကြားတော်မူခဲ့ပါသည်။
ရေမည်သည် အလွတ်သာထားခဲ့လျှင်
နိမ့်ရာသို့သာ စီးဆင်းမြဲဓမ္မတာဖြစ်သကဲ့သို့
စိတ်မည်သည်လည်း လွှတ်၍သာထားခဲ့
လျှင် မကောင်းရာ မကောင်းမှုတို့၌သာ
မွေ့လျော်ပျော်ပိုက်ပါသည်။
ထို့ကြောင့် တရားအားထုတ်ကြသော
ယောဂီများသည်လည်း ထွက်သက်
ဝင်သက်မှုနှင့်ဖြစ်စေ၊ ဣရိယာပထမှု
တို့နှင့်ဖြစ်စေ အရာရာတွင်သတိသမ္ပ
ဇဉ်ဉာဏ်ယှဉ်မှုနှင့်ဖြစ်စေ မိမိစိတ်ကို
အတတ်နိုင်ဆုံး ထားနိုင်ကြရလေ
အောင် နေ့နေ့ညည ကြိုးစားအားထုတ်
သင့်ကြပေတော့သည်။ ထိုသို့မိမိစိတ်ကို
မိမိကိုယ်၌ထားလိုသမျှ ထားနိုင်ကြလျှင်
စိတ်ကိုအစိုးရမှုရှိသောအခါ မင်းပွဲသဘင်
စစ်မြေပြင်တို့၌ လိမ္မာ ယဉ်ပါး ကြိုးကျ
ငြိမ်သက် တည်ကြည်ပြီးဖြစ်သော
ဆင်လိမ္မာတို့၏အရှင်သခင်နှင့်တူပေ
တော့မည်။
ပင်လုံခွန်
ကျမ်းကိုး
ဓမ္မပဒပါဠိတော်။

No comments:

Post a Comment