Sunday, November 23, 2014

ဈေးသည်မလေးယောက်


ရှေးတုန်းက ရာဇဂြိုလ်ပြည်မှာ ဈေးသည်ဒကာမ
လေးယောက်ဈေးရောင်းပြီးတော့ အသက်မွေး
ကြတယ်။ ဈေးရောင်းပြီးအသက်မွေးတုန်းက
လည်း သားသမီးတွေနဲ့မိမိခင်ပွန်းသည်များကို
ချမ်းသာအောင်ပြုစုကြတယ်။ ယုယကြတယ်။
နောက်တော့ အချိန်အရွယ်ကောင်းတုန်းမှာ
မိန်းမသားလေးယောက်ဟာ ဆုံးသွားကြတယ်။
ဆုံးသွားတော့ သူတို့ရဲ့စွဲလမ်းမှု၊ သူတို့ရဲ့ရောင်း
ဝယ်တဲ့အချိန်အခါတုန်းက မတရားမှုလေးတွေ
က မကောင်းကျိုးပေးတာဖြစ်တော့ အဲဒီ
ရာဇဂြိုလ်ပြည်ရဲ့အနီးအပါးမှာ ပြိတ္တာတွေ
သွားဖြစ်ကြတယ်။

စောစောတုန်းက သူတို့လူ့ဘ၀တုန်းကတော့
ငါ့ကိုယ်ငါလဲချစ်ပါတယ်။ ငါ့ရဲ့အိမ်သားကိုလဲ
ချစ်ပါတယ်နဲ့ ဒီလိုအနေမျိုးနဲ့မိမိအိမ်သား
ချမ်းသာရင်ပြီးရောပေါ့ဆိုတဲ့ အနေမျိုးနဲ့
တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ
စီးပွားရှာကြတယ်။ ပြိတ္တာဖြစ်သွားတာ ဘယ်သူ
လိုက်ကယ်နိုင်သလဲ။ မိမိအိမ်သားကလိုက်ပြီး
တော့ကယ်နိုင်သလား။ မိမိဆွေမျိုးသားချင်း
က လိုက်ပြီးတော့ကယ်နိုင်သလား။ မကယ်
နိုင်ဘူး။ အကုသိုလ်ကံကြောင့်ပြိတ္တာဖြစ်ရိုး
ဖြစ်စဉ်ကထားဦး။ ကျန်ရစ်တဲ့ယောက်ျား
တွေက နောက်အိမ်ထောင်ပြုပြီးတော့သူ
တို့စုဆောင်းထားခဲ့တဲ့ ပစ္စည်းတွေကိုစား
ကြ သုံးကြ ဖြုန်းကြတာတွေကိုမြင်တော့
ပြိတ္တာမတွေက သိပ်မခံချင်တာဘဲတဲ့။
ဒီတော့ သူတို့က မြို့ရိုးပေါ်တက်ပြီး
မယံ ဘောဂံ သံဟရိမှ၊ သမေန ၀ိသမေန စ၊
ကေ အညေ ပရိဘုဉ္ဖန္တိ၊ မယှံ ဒုက္ခဿ ဘာဂိနီ။
ပြိတ္တာဖြစ်၍နေကြရသော ငါတို့မှာတော့
လူ့ဘ၀တုန်းက စည်းစိမ်ဥစ္စာတို့ကိုတရားနှင့်
ညီသဖြင့်လည်းကောင်း၊ တရားနှင့်မညီသဖြင့်
လည်းကောင်း စုဆောင်းခဲ့ကြကုန်ပြီ။ ထိုငါတို့
စုဆောင်း၍ထားခဲ့သော ငါတို့စည်းစိမ်တို့ကို
ငါတို့နောက်မှပေါ်လာကြတဲ့နောက်သား
နောက်မယားတို့က အပင်းတယ်၍နေကြ
လေကုန်၏။ ငါတို့သည်ကား ပြိတ္တာဒုက္ခ၏
အဖို့ကိုသာ ရရှိခံစားနေကြရကုန်သည်
ဖြစ်ကြပါကုန်တော့သည်တကားလို့
ပြိတ္တာဘ၀ကနေပြီးတော့ မြို့ရိုးပေါ်တက်
ပြီးအော်ကြတယ်။ တို့တော့ဟယ် စီးပွား
တွေရှာပြီးတော့ ပြိတ္တာဖြစ်ကြရတယ်တဲ့။
တို့ပြိတ္တာဖြစ်တော့ တို့ကိုချစ်ပါတယ်ဆို
တဲ့ ယောက်ျားတွေကနောက်မိန်းမယူပြီး
တော့ကာ သူတို့ရဲ့နောက်မယားတွေကို
ကျွေးမွေးပြီးတော့ နောက်မယားတွေက
တို့စည်းစိမ်တွေကိုခံစားရစ်ကြတယ်လို့
ဆိုပြီးတော့ ၀မ်းပန်းနည်းစွာနဲ့အော်ကြ
ရတယ်တဲ့။
ဒီတော့ ဘုန်းကြီးကကောက်ချက်ချရ
တယ်။ မိန်းမတွေက ၀တ္တရားအတိုင်း
တော့ရောင်းဝယ်ပြီးကျွေးတဲ့အထဲက
မတရားပြုလိုက်လို့ရှိရင်တော့ တို့ဟာ
ခုနက ပြိတ္တာမတို့ရဲ့သွားလမ်းသွားရ
လိမ့်မယ်။ တို့ယောက်ျားတွေကလည်း
ကောင်းတာမဟုတ်ဘူး။ တို့မျက်နှာ
လွှဲသွားလို့ရှိရင်သူတို့လဲသူတို့ဘာသာ
ခံစားပြီးတော့နေရစ်မှာပဲ။ ဒီတော့ငါ
လေ စီးပွားရှာရင်အမှားမခံဘူးဟဲ့လို့
ဟောဒါလေးဟာလေ ကောက်ချက်
ယူထားဖို့တယ်ကောင်းတယ်။
အရှင်ဇနကာဘိဝံသ
သာသနာပြုသြ၀ါဒတရားတော်များ

No comments:

Post a Comment