တစ်ခါက ဘုရင်ကြီးတစ်ပါးသည် ခံ့ညာ
လှပသော သိမ်းငှက်ကြီးနှစ်ကောင်ကိုလက်ခံရရှိ
သည်။ ထိုသိမ်းငှက်ကြီးများသည် အမဲလိုက်
သိမ်းငှက်ကြီးများဖြစ်ပြီး သူမြင်ဖူးသမျှတွင်အလှ
ဆုံး သိမ်းငှက်ကြီးများဖြစ်သည်။ သူကသိမ်းငှက်
လေ့ကျင့်ပေးသူ အကြီးအမှူးထံ ထိုသိမ်းငှက်ကြီး
များကို လေ့ကျင့်ပေးရန် အပ်ထားလိုက်သည်။
လပေါင်းများစွာကုန်လွန်သွားသည်။ တစ်နေ့တွင်
သိမ်းငှက်လေ့ကျင့်ပေးသူအကြီးအမှူးသည်
သိမ်းငှက်တစ်ကောင်ကောင်းကင်ယံတွင်ဝဲပျံ
ပြီး လှပထည်ဝါစွာ ပျံသန်းနေပြီဖြစ်ကြောင်း
အခြားတစ်ကောင်ကမူ ရောက်ရှိလာသည့်
နေ့ကတည်းက ၄င်း၏သစ်ကိုင်းမှနေရာမရွေ့
ကြောင်း ဘုရင်ကြီးထံလျှောက်တင်သည်။
၎င်းသိမ်းငှက်ကိုစောင့်ရှောက်ကုသပေးရန်
နိုင်ငံတစ်ဝန်းရှိ ဆေးဆရာများနှင့် မှော်ဆရာ
များကို ဘုရင်ကြီးကဆင့်ခေါ်လိုက်သည်။
သို့သော် မည်သူကမျှထိုငှက်ကို ပျံသန်း
အောင် မလုပ်နိုင်ပေ။
ဘုရင်ကြီးက ထိုတာဝန်ကို မှူးမတ်များအား
ပေးအပ်လိုက်သည်။ သို့သော်နောက်တစ်နေ့
ဘုရင်ကြီးက နန်းတော်ပြတင်းမှကြည့်လိုက်
သောအခါ၌လည်း သိမ်းငှက်ကြီးသည်၎င်း၏
သစ်ကိုင်းမှ နေရာမရွေ့ဘဲရှိဆဲပင်။
အခြားနည်းလိမ်းစုံလင်စွာစမ်းသပ်ပြီးနောက်
တွင် ဘုရင်ကြီးက
ဒီပြဿနာရဲ့သဘာဝကို နားလည်ဖို့ကျေး
လက်ဒေသနဲ့ ပိုပြီးအကျွမ်းတ၀င်ရှိမယ့်သူ
လိုအပ်မှာပဲဟု တွေးမိသည်။ ထို့ကြောင့်
သူက မှူးမတ်များကို ပြောသည်။
ကျေးလက်က လယ်သမားတစ်ယောက်ကို
ခေါ်လာခဲ့ပါ။
တစ်နေ့သောနံနက်ခင်းတွင် နန်းတော်ဥယျာဉ်
၏အပေါ်၌ သိမ်းငှက်ကြီးအမြင့်တွင်ဝဲပျံနေသည်
ကို ဘုရင်ကြီးတွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှား
သွားသည်။ ဒီအံ့သြဖွယ်ရာကို လုပ်နိုင်တဲ့သူ
ကိုယ်တော့်ဆီကိုခေါ်ခဲ့ပါဟု သူက မှူးမတ်များ
ကို ပြောလိုက်သည်။
မှူးမတ်များက လယ်သမားကိုအလျင်အမြန်
ခေါ်လာသည်။ ဘုရင်ကြီး၏ ရှေ့တော်မှောက်
သို့ ရောက်သောအခါ ဘုရင်ကြီးကသူ့ကိုမေး
သည်။
ဒီသိမ်းငှက်ကြီးပျံနိုင်အောင် မောင်မင်းဘယ်လို
လုပ်လိုက်တာလဲ။
လယ်သမားက ဦးညွှတ်ပြီးဘုရင်ကြီးကိုအဖြေ
ပေးသည်။
ဒါက သိပ်လွယ်ပါတယ် အရှင်၊ ကျွန်တော်ဒီ
သိမ်းငှက်နားနေတဲ့သစ်ကိုင်းကိုဖြတ်ချလိုက်
ရုံပါ။
တစ်ခါတစ်ရံတွင် ကျွန်တော်တို့သည်လည်း
မိမိနှင့်အကျွမ်းတ၀င်ရှိသည့်အရာများကို
ဆုပ်ကိုင်ရင်း ကျွန်တော်တို့၏ သစ်ကိုင်းများ
ပေါ်တွင် ထိုင်နေမိတတ်ပါသည်။ ဖြစ်လာနိုင်
ချေရှိသည့် အရာများမှာ အဆုံးမရှိပါ။
သို့သော် ကျွန်တော်တို့သည် ထိုအရာများကို
ရှာဖွေနိုင်ခြင်းမရှိဘဲဖြစ်နေပါသည်။ ကျွန်တော်
တို့သည် မိမိနှင့်အကျွမ်းတ၀င်ရှိသည့်အပြင်
သက်တောင့်သက်သာရှိသော အခြေအနေ
တွင် အစဉ်အလာနေမြဲအတိုင်း နေတတ်ကြ
သည်။ ထို့ကြောင့်ပင် ကျွန်တော်တို့၏ဘဝ
များသည် စိတ်လှုပ်ရှားဖွယ်၊ ရင်ဖိုဖွယ်၊ စိတ်
ချမ်းသာဖွယ် ရှိရမည့်အစားသာမန်မျှသာဖြစ်
ရပါသည်။ ကျွန်တော်တို့ဆုပ်ကိုင်ထားသော
စိုးရိမ်ကြောင့်ကြခြင်းသစ်ကိုင်းကို ချိုးဖျက်
နိုင်ရန်၊ သင်ယူပြီးပျံသန်းနိုင်သည့် ဂုဏ်ကျက်
သရေရရှိစေရန်အတွက်မိမိကိုယ်မိမိ လွတ်
လွတ်လပ်လပ် ထားတတ်ဖို့အရေးကြီးလှ
ပါသည်။
စည်သူထက်(မအူပင်တက္ကသိုလ်)
Ref : "The Falcon & The Branch"
"Author Unknown"
မင်္ဂလာမောင်မယ်
No comments:
Post a Comment