ဘုရားအလောင်းနဲ့ယသော်ဓရာအလောင်းထက်
ပိုပြီးတော့ ပါရမီဖြည့်ဖက်ဘယ်သူမှမရှိကြဘူး။
လေးအသင်္ချေနဲ့ကမ္ဘာတစ်သိန်းကစပြီးတော့
ပါရမီဖြည့်လာခဲ့တာပဲ။ အတူတူမကြာခဏဖြစ်
လာခဲ့တယ်။ အဲဒါလောက်နှစ်နှစ်ကာကာရင်းရင်း
နှီးနှီးဖြစ်လာခဲ့တဲ့အလောင်းနှစ်ပါးဟာလေတစ်နေ
ရာသွားတွေ့တယ်ကိုး။ ကုသလဇာတ်မှာဘုရား
အလောင်းက ကုသမင်းတဲ့။ ယသော်ဓရာ
အလောင်းက ပဘာဝတီမိဖုရားတဲ့။ တကယ်
ဆိုတော့ ပါရမီဖြည့်ဖက်မဟုတ်လားနော်။
ဘုရားအလောင်းဘယ်လောက်အရုပ်ဆိုးတယ်
ဖြစ်ဖြစ်ပါရမီဖြည့်ဖက်ပဲ။ ကျေကျေနပ်နပ်နဲ့
မေတ္တာရှိရမယ်။ အခုမဟုတ်ဘူး။ ပါရမီဖြည့်
ဖက်ဆိုတဲ့ ပဘာဝတီကလေ အရုပ်ဆိုးလို့
တဲ့ ဘုန်းကြီးတို့အလောင်းတော်ကြီးကို
မချစ်မနှစ်သက်နိုင်ပါဘူးဆိုပြီးတော့ ပစ်
သွားလိုက်တာလေ။ ဘုန်းကြီးက အလကား
ပါ၊ ပါရမီဖြည့်ဖက်လည်းဟုတ်တာမဟုတ်
ဘူး။ အကယ်၍များဘုရားအလောင်း
ကုသမင်းက အဲဒီအချိန်မှာရုပ်ရေက
လှလှပပဆိုလို့ရှိရင်တော့ ပဘာဝတီက
ပါရမီဖြည့်ဖက်ဆိုတဲ့အနေမျိုးနဲ့နေရာကျ
မှာပေါ့။ အခုတော့ အရုပ်ဆိုးလိုက်တာနဲ့
ပဲ ပဘာဝတီကမုန်းတယ်တဲ့။
ဒါကြောင့် ပါရမီဖြည့်ဖက်လည်းမယုံရဘူး။
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းပါရမီဖြည့်ဖက်
ဖြစ်တဲ့အလောင်းတော်နှစ်ပါးတောင်မှ
အကြောင်းအားလျော်စွာမယုံရသေးတာ
ဖြစ်တော့၊ အို ၀တ္တရားအတိုင်းသာဆက်ဆံ
ကြ။ ၀တ္တရားအတိုင်းသာစောင့်ရှောက်ကြ။
ဟို ဘယ်သူဟာ ငါ့အပေါ်မှာတကတဲသူ့
ကိုယ်ထက်တောင်ချစ်သေးတယ်ဆိုတဲ့
ဥစ္စာ အရေးရှိရင်မဟုတ်ဘူး။ ဘုန်းကြီးက
ဒီဟာကိုကောက်ချက်ချထားတော့ ဘယ်သူ
ကတော့ ကျောင်းဒကာပဲ၊ ဘယ်သူက
ကျောင်းအမပဲ ငါ့ကိုအင်မတန်အရေးစိုက်
တာပဲလို့ဆိုပေမယ့် ဟုတ်ပါလိမ့်မယ်။
သူတို့ကိုယ်သူတို့အရေးစိုက်တာလောက်
မရောက်ပေမယ့် နည်းနည်းတော့အရေး
စိုက်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကိုယ်
သူတို့အရေးအစိုက်ဆုံးနေမှာပါ။
ဒါကြောင့်ကိုယ့်ကိုယ်ကိုလေ ဘယ်တော့မှ
လွန်လွန် မင်းမင်း အနစ်နာမခံလေနဲ့လို့
ဘုန်းကြီးက အမြဲတမ်းသတိထားတယ်ကိုး။
အတ္ထာနံ၊ ဘ၀ဖန်ခါသံသရာက၊ ငါဟုစွဲဆို
မိမိကိုယ်ကို။ ပိယံ၊ အရင်းစစ်လျှင် ပြစ်
မတင်ဖို့၊ နှစ်စဉ်မမုန်း အချစ်ဆုံးဟူ၍
ဘယ်တော့မှကိုယ့်ကိုယ်ကို အပြစ်မတင်
ဘူး။ ဒါဖြင့် အရှင်ဘုရား တစ်ခါတစ်လေ
များ အလွဲတွေမပါဘူးလား။ အို ငါလွဲလို့
ကော ငါ့ဘာသာလွဲတဲ့ဥစ္စာဘာဆိုင်တုန်း
ဆိုပြီးတော့ ကိုယ့်ကိုယ်ကို ကျေနပ်တယ်
ညှာလိုက်တယ်လေ။ ကိုယ့်ကိုယ်ကိုတော့
အဲဒီနေရာများမှာ ကိုယ်တော်လေသံဃာ
တွေကို တကတဲ့စိတ်ဆိုးမာန်ဆိုးနဲ့မငေါက်
သင့်ဘူး။ အရှင်ဘုရားအဲဒါလွဲတာပဲလို့
ဆိုရင် အို ငါဘာလွဲရမှာလဲ။ သူတို့ကိုက
မတော်လွန်းလို့ငေါက်ရတာ။ မငေါက်လို့
ရှိရင်သူတို့က ကန်းတက်လာမှာပေါ့ဆို
ပြီးတော့လေ ကိုယ့်ကိုယ်ကိုယ်အမြင်
မတော်အောင်စိတ်တွေဘာတွေဆိုးလဲ
ပဲ ကိုယ့်ကိုယ်ကိုယ်တော့ညှာတယ်
သိလား။
ပိယံ အရင်းစစ်လျှင် ပြစ်မတင်ဖို့ နှစ်စဉ်
မမုန်း၊ အချစ်ဆုံးဟူ၍၊ စေ ဇညာ၊ အခါခါ
အရာရာဝယ်၊ စာနာထောက်ထားအကယ်
၍နားလည်ငြားအံ့။ ထောက်ကြည့်ပါ။
ဘယ်နေရာမျိုးမဆိုထောက်ကြည့်ပါတဲ့။
သားကလေးချစ်တယ်။ ကိုယ့်စကားနား
ထောင်နေလို့ သားကလေးကကိုယ့်ကို
ဂုဏ်ရှိအောင်လုပ်နေလို့ ဟာ ... ကျွန်
တော့သားပဲ။ ကျွန်တော့သားပဲ။ သား
ကလေးက ဂုဏ်ရှိနေတော့လေ။ ကျွန်
တော့သားပဲနဲံ့ အဲဒီသားကလေးက
မတော်မတရားနဲ့ နာမည်ပျက်သွားပြီ
ဆိုရင် ဟာ ဘာမသား၊ ညာမသားနဲ့
အမျိုးကိုက ဘယ့်နှယ့်အမျိုးလား။
ကျုပ်ကလေ ဒီကောင့်လား နဂိုက
ကိုယ့်သားမို့လို့သာ နည်းနည်းလေး
အရေးစိုက်ရတာ။ မထင်ပါဘူး။ ဒင်းတို့
အမေဖက်ကိုက မဟန်ပါဘူး။ ဘာညာ
နဲ့ဒီသားကိုမုန်းပစ်လိုက်တာသိလား။
တစ်ခါ သမီးကော ဟာ အင်မတန်
လိမ္မာတဲ့သမီး၊ ကျုပ်သမီး။ ဒါကျုပ်
သမီး။ အင်မတန်လိမ္မာ၊ အင်မတန်
လိမ္မာ၊ ဟို အိမ်ရေးကိစ္စတွေဘာတွေ
ဆိုတဲ့ဥစ္စာ ကျုပ်သမီးကိုအကုန်လွှဲရ
တာပါပဲစသည်အားဖြင့် ပြောလို့သူ့
ဂုဏ်ရှိအောင် လုပ်ပေးနေတုန်းမှာ
သူအင်မတန်ချစ်တယ်၊ အမှန်လဲချစ်
တယ်။ ပရိယာယ်ပြောတာမဟုတ်ပါ
ဘူး။ သူ့ဂုဏ်ရှိအောင်လုပ်ပေးနေတဲ့
အချိန်မှာ ဒီသမီးကိုအင်မတန်ချစ်
တယ်။
တော်တော်ကြာတော့ သမီးကလေး
သူသဘောမတူတဲ့ သူနဲ့လိုက်ပြေးပါ
ရောတဲ့။ အမွေပြတ် ဒီကောင်မ၊
ဒီကောင်မ အမွေပြတ်၊ ငါ့သမီးတစ်ပြား
မှမပေးဘူး။ အကုန်လုံးငါသုံးပစ်မယ်
သိလား။ လှူပစ်မယ်သိလား။ တစ်ပြား
မှမပေးဘူး။ ကဲ မုန်းလိုက်တာ။ ကိုယ့်
များပေါ့လေ တစ်စုံတစ်ခုမတော်မတရား
ဖြစ်မိတယ်ဆိုရင်ဖြင့် အောင်မယ်ငါစု
ထားတဲ့ပစ္စည်း ငါသုံးမှာပေါ့။ ငါမသုံး
ဘယ်သူသုံးမှာလဲ။ ငါ့ပစ္စည်းငါသုံးချင်
တာသုံးမယ်။ သူ့ကိုယ်သူတော့အပြစ်
မတင်ဘူး။
ဟော အချစ်ဆုံးဖြစ်တဲ့သား အပြစ်
တင်နိုင်တယ်။ အချစ်ဆုံးဖြစ်တဲ့သမီး
အပြစ်တင်နိုင်တယ်။ သူ့ကိုနာမည်
ပျက်အောင်လုပ်တယ်ဆိုလို့ရှိရင်သူ
စိတ်ညစ်အောင်လုပ်တယ်ဆိုလို့ရှိ
ရင် မုန်းနိုင်တယ်။ ဒါကြောင့်အရာရာ
ကို ထောက်ကြည့်ပါ။ ကိုယ့်ကိုယ်ကို
သာ အချစ်ဆုံးပဲ။
အတ္ထာနံ၊ ဘ၀ဖန်ခါ သံသရာက၊ ငါဟု
စွဲဆို မိမိကိုယ်ကို၊ ပိယံ၊ အရင်းစစ်လျှင်
ပြစ်မတင်ဖို့ နှစ်စဉ်မမုန်း အချစ်ဆုံးဟူ
၍၊ စေ ဇညာ၊ အခါအခါ အရာရာဝယ်၊
စာနာထောက်ထား၊ အကယ်၍နားလည်
ငြားအံ့။ ဧ၀ံသတိ၊ ကိုယ့်ကိုယ်သာလျှင်
အခင်မင်ဆုံး၊ လုံးလုံးခွဲခြား၊ နားလည်
ထားသည်ရှိသော်၊ နံ အတ္တာနံ၊ ခုလည်း
ကိုယ့်ကို၊ နောင်ကိုယ့်ကိုဟု၊ သို့ကလို
သိရှိ၊ ထိုမိမိကို၊ သုရက္ခိတံ၊ တရား
အကြောင်းအရာ မစောင်းပါဘဲ၊ ကောင်း
စွာမပြတ်၊ စောင့်ရှောက်အပ်သည်မည်
လောက်အောင်၊ ရက္ခေယျ၊ သတိတရား
လက်ကိုင်ထား၍၊ မခြားပုံသေ၊ စောင့်
ရှောက်လေရာ၏တဲ့။
အရှင်ဇနကာဘိဝံသ
သာသနာပြုသြ၀ါဒများ
No comments:
Post a Comment