တရားအားထုတ်ရာ၌ မျှတမှုသည် အလွန်တရာမှ အရေးကြီးလှပါသည်။
တရားအားထုတ်နေကြသော ယောဂီသူတော်စင်များမှာ အများအားဖြင့်
ထင်နေတတ်ကြသည်မှာ တရားအားထုတ်ရာ၌ ဘာဘာညာညာမလိုပါ၊
ကြိုးစားပြီး တရားကိုသာအားထုတ်ဖို့ လိုတာပါဟူ၍ ယူဆကြပြီး အားထုတ်
ကြပါသည်။ ကြိုးစားပြီးတော့ တရားအားထုတ်ရုံသက်သက်ဖြင့် တ၇ားမရနိုင်
ပါပေ။သပ္ပါယ မျှတမှသာလျှင် တရားရနိုင်သည်။ တရားအားထုတ်ရာမှာ
မျှတမှု၊ မမျှတမှုရဲ့ အကျိုးသက်ရောက်မှုက များစွာကွာခြားစေပါသည်။
အချို့မှာ သက်တမ်းကြာမြင့်စွာ တရားအားထုတ်ကြပါလျှက်နှင့် တရား
သဘောမပေါက်နိုင်ပဲ၊ ဘာဖြစ်လို့ ရက်အနည်းငယ်မျှသာ
တ၇ားအားထုတ်ပြီး တရားသဘောကို နားလည်သဘောပေါက်သွားကြရ
တာလဲဟု မှုလအရင်းခံအကြောင်းကို တိတိကျကျရှာရလျှင် ဤ သပ္ပါယ
မျှတမှု၊ မမျှတမှုသည် အရင်းခံမှုလ ပင်မအကြောင်းဖြစ်သည်။
နိကာယ်ငါးရပ်မှာ ဒိဃနိကာယ်၊ ပိဋိကတ်သုံးပုံမှာ သုတ္တန်ပိဋိကတ်ဖြစ်တဲ့
သုတ်မဟာဝါ အဋ္ဌသထာ သက္ကပဉ္ဇသုတ္တန် အဋ္ဌကထာမှာ သပ္ပါယလေးပါးကို
ပြထားပါတယ်။ လေးပါးမျှမှ တရားရနိုင်တယ်ဆိုသော အဓိပ္ပါယ်ဖြစ်သည်။
တရားပြ ဆရာတိုင်း၊ တရားအားထုတ်သူတိုင်း လက်ကိုင်ထားရသော ဝိသုဒ္ဓိမဂ်
အဋ္ဌကထာမှာလည်း သပ္ပါယ လေးပါး၊ (ရ)ပါးကို ပြဆိုထားကာ ဤသပ္ပါယ
လေးပါး၊ ခုနှစ်ပါး ညီညွတ်မျှတမှသာ တရားရနိုင်မည်ဆိုသောကြောင့် သပ္ပါယ
မျှတရန် လွန်စွာမှ အရေးကြီးလှပါသည်။
၁။ ဥတုသပ္ပါယ = အပူအအေးမျှတမှု
၂။ ပုဂ္ဂလ သပ္ပါယ = ပုဂ္ဂိုလ်မျှတမှု
၃။ ဘောဇန သပ္ပါယ = အစားအစာမျှတမှု
၎။ ဓမ္မဿဝန သပ္ပါယ = တရားနာ မျှတမှု (သုတ်မဟာဝါ အဋ္ဌကထာ)
ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှ လာသော သပ္ပါယ ခုနှစ်ပါးကတော့
၁။ အာဝါသ သပ္ပါယ =ကျောင်းအာဝါသ မျှတမှု
၂။ ဂေါစရ သပ္ပါယ = ဆွမ်းခံရွာ မျှတမှု
၃။ ဘဿ သပ္ပါယ = စကားပြော မျှတမှု
၎။ ပုဂ္ဂလ သပ္ပါယ = ပုဂ္ဂိုလ်အချင်းချင်း မျှတမှု
၅။ ဘောဇန သပ္ပါယ = အစားအသောက်မျှတမှု
၆။ ဥတု သပ္ပါယ = အပှုအအေးမျှတမှု
၇။ ဣရိယာပထ သပ္ပါယ = ဣရိယာပုတ် မျှတမှု
ဣရိယာပထ သပ္ပါယ(ဣရိယာပုတ် မျှတမှု) အကြောင်း
တရားအားထုတ်တဲ့ ကိစ္စနှင့်ပတ်သတ်လာရင် ဒီဣရိယာပုတ် အကြောင်း
က မပြောလို့ မပြီးပါဘူး။ အင်မတန် အရေးကြီးလှပါတယ်။ တရားအားထုတ်
သူတော်တော်များများဟာ ဒီဣရိယာပုတ်နဲ့ပတ်သတ်ပြီး တရားလန်သွားကြ
ပါတယ်။ ဘုရားရှင်ရဲ့ တရားတော်ဟာ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ပါ။
လျှောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုတဲ့ လေးပါးဣရိယာ မျှတစွာ အားထုတ်ရမှာပါ။
ယောဂီတို့ဟာ ယနေ့ထိ အသက်ရှည်စွာတည်နေနိုင်တာဟာလ ည်း ဣရိယာပထ
သပ္ပါယမျှတလို့ပါ။ ခါတိုင်းလိုပဲ မျှတစွာနေပြီး တရားအားထုတ်ရတာပါ။
ခါတိုင်းနေတာက ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတပါး၊ ခေါင်း၊ ခါး ၊ခြေ၊ လက်
အမှတ်သညာ၊ ပညတ် အမှတ်သညာနဲ့ နေကြတာပါ။ ဣရိယာပုတ် ပြောင်းနေ
ကြတာပါ။ တရားအားထုတ်တဲ့ အခါမှာတော့ ရုပ်၊ နာမ် အမှတ်သညာနဲ့ နေကြ
တာပါ။ ရုပ်၊ နာမ် အမှတ်သညာနဲ့ ဣရိယာပုတ်ကို ပြောင်းကြရတာပါ။
ပြောင်းနိုင်ပါတယ်၊ ပြောင်းလို့ရပါတယ်။ တစ်နာရီမှာ ဘယ်နှစ်ခါပဲ ပြောင်းပြောင်း
ပြောင်းလို့ရပါတယ်။ ပြောင်းပြီး အားထုတ်ပါ။ ဣရိယာပုတ် တစ်ခုတည်းကို
အကြာကြီး အသုံးပြုအားထုတ်လျှင် ခဏတိုင်း ခဏတိုင်း ဒုက္ခဝေဒနာ ပြင်း
ထန်စွာ ဖြစ်လာမယ်လို့ စာမှာ အတိအကျ ဆိုပါတယ်။ပြီးတော့ ဣရိယာပုတ်ကို
ပြောင်းသင့်တယ်၊ ပြောင်းပေးမယ်ဆိုရင် ဒုက္ခဝေဒနာ မဖြစ်ပါဘူးလို့ စာမှာ အတိ
အကျ ဆိုပါတယ်။ ဒုက္ခဝေဒနာပြင်းထန်စွာ ဖြစ်ပါက တည်ကြည်မှု သမာဓိ
မရဘူးလို့ဆိုပြီး ဒုက္ခဝေဒနာ မဖြစ်က တည်ကြည်မှု သမာဓိ ရပါတယ်လို့
ဆိုပါတယ်။ တည်ကြည်မှု သမာဓိမရပါက မိမိရဲ့ မှုလကမ္မဋ္ဌာန်း ပျက်သွားပါတယ်လို့
ဆိုထားပြီး တည်ကြည်မှု သမာဓိရပါက မှုလကမ္မဋ္ဌာန်း တိုးပွားပါတယ်လို့ ဆိုထား
ပါတယ်။
တရားအားထုတ်တဲ့ ရည်ရွယ်ချက်က တရားအထူးရဖို့ အားထုတ်ကြတာပါ။
ကြာကြာထိုင်နိုင်ဖို့ အားထုတ်ကြတာ မဟုတ်ပါဘူး။ ကြာကြာမထိုင်နိုင်ပဲနဲ့
ပေပြီးထိုင်ကာ အားထုတ်သော်လည်း ဒုက္ခဖြစ်၊ သမာဓိ မရ၊ မှုလ ကမ္မဋ္ဌာန်းပျက်
တရားအထူး မရဆိုတော့ မိမိရည်ရွယ်ချက် မကိုက်တော့ပါ။ ပြောင်းပြင်ပြီး
ဣရိယာပုတ်ချမ်းသာစွာဖြင့် အားထုတ်လျှင် ဒုက္ခဝေဒနာမဖြစ်၊ သမာဓိရမယ်၊
ရှုနေတဲ့ ကမ္မဋ္ဌာန်းတိုးမယ်၊ တရားရမယ်၊ အဲဒါ မိမိတို့ရဲ့ ရည်ရွယ်ချက် ပြည့်ပြီပေါ့။
ခြေတစ်လှမ်း သုံးချက် မှတ်ရှုလို့ရပါတယ်၊။ခြောက်ချ က် မှတ်ရှုလို့ ရပါတယ်
ဆိုရင် ဣရိယာပုတ်ပြင်ကာမှ မရဘူး၊ အားထုတ်မှု ပျက်တယ်ဆိုရင် မဖြစ်နိုင်၊
ဖြစ်နိုင် စဉ်းစားပါ။ ယုတ္တိ ရှိ၊ မရှိ စဉ်းစားပါ။ ပြီးတော့ ကိုယ်တိုင် စမ်းသပ်ကြည့်ပါ။
ပြင်ပြီး အားထုတ်ကြည့်ပါ၊ မပြင်ဘဲနဲ့ အားထုတ်ကြည့်ပါ။ ထူးခြားချက်ဘယ်လို
လဲ ဆိုတာ သိလာပါလိမ့်မယ်။ ဣရိယာပုတ် အချင်းချင်းလည်းမတူပါ။ အချို့
ယောဂီတွေက အထိုင် ဣရိယာပုတ်နှင့် တရားတက်ပြီး၊ အချို့မှာ
လျှောင်းဣရိယာပုတ်နှင့် တရားတတ်ပါတယ်။ အချို့မှာ မတ်တပ်ရပ်တဲ့ ဣရိယာပုတ်နဲ့
တရားတတ်ပါတယ်။ အချို့မှာ စကြံ င်္ ဣရိယာပုတ်နှင့် တရားတတ်ပါတယ်။
မိမိတရားတတ်တဲ့ ဣရိယာပုတ်ကိုမှတ်ပြီး အဲဒီ ဣရိယာပုတ်နှင့် အချိုန်များ
စွာကြိုးစားပြီး ကျန်တဲ့ ဣရိယာပုတ်သုံးပါးကို အညောင်းပြေ သဘောထားပြီး
ပြောင်းပြင်အားထုတ်ပါ။ တရားတတ်လာပါလိမ့်မယ်။ ဣရိယာပုတ် မျှတချမ်းသာ
လျှင် ကွေးတဲ့လက်ဆန့်၊ ဆန့်တဲ့လက် ကွေးသလောက်ပင် မကြာပါ ။ တ၇ားတတ်
နိုင်ပါတယ်။ အဓိကက တရားတိုးတတ်မှုပါ။
ဘယ်လောက်ပဲ ဣရိယာပုတ်တစ်ခုတည်း ပေတေပြီး အားထုတ်သော်လည်း
ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿ တန်းလန်းဖြင့် အားထုတ်လို့တော့
တရားအထူး မရနိုင်ပါလို့ ဘုရားရှင်ဟောထားချက် အတိအကျ ရှိပါတယ်။
ဣရိယာပုတ် ပြောင်းပြင်၍သော်လည်းကောင်း ၊ မပြောင်းမပြင်ဘဲသော်လည်းကော င်း
ကိုယ်ချမ်းသာမှု သုခ၊ စိတ်ချမ်းသာမှု သောမနဿနှင့် အားထုတ်ပါမှ တရား
အထူး ရနိုင်ပါတယ်လို့ ဘုရားရှင်ဟောကြားချက် အတိအကျ ၇ှိပါသည်.။
သပ္ပါယ မျှတစွာ တရားအားထုတ်ပါမှ တရားရနိုင်မယ်ဆိုတာကို သိပြီး၍
ကိုယ်တိုင် ကိုယ်ပိုင်ညဏ်နှင့် ချိန်ဆပြီး အစစအရာရာ မျှတစွာဖြင့် တရားထူး
ရအောင် အားထုတ်နိုင်ကြပါစေ........
ဓမ္မဒူတ အရှင်ပညာဇောတ၏ မျှတမှ တရားရ စာအုပ်မှ
တရားအားထုတ်နေကြသော ယောဂီသူတော်စင်များမှာ အများအားဖြင့်
ထင်နေတတ်ကြသည်မှာ တရားအားထုတ်ရာ၌ ဘာဘာညာညာမလိုပါ၊
ကြိုးစားပြီး တရားကိုသာအားထုတ်ဖို့ လိုတာပါဟူ၍ ယူဆကြပြီး အားထုတ်
ကြပါသည်။ ကြိုးစားပြီးတော့ တရားအားထုတ်ရုံသက်သက်ဖြင့် တ၇ားမရနိုင်
ပါပေ။သပ္ပါယ မျှတမှသာလျှင် တရားရနိုင်သည်။ တရားအားထုတ်ရာမှာ
မျှတမှု၊ မမျှတမှုရဲ့ အကျိုးသက်ရောက်မှုက များစွာကွာခြားစေပါသည်။
အချို့မှာ သက်တမ်းကြာမြင့်စွာ တရားအားထုတ်ကြပါလျှက်နှင့် တရား
သဘောမပေါက်နိုင်ပဲ၊ ဘာဖြစ်လို့ ရက်အနည်းငယ်မျှသာ
တ၇ားအားထုတ်ပြီး တရားသဘောကို နားလည်သဘောပေါက်သွားကြရ
တာလဲဟု မှုလအရင်းခံအကြောင်းကို တိတိကျကျရှာရလျှင် ဤ သပ္ပါယ
မျှတမှု၊ မမျှတမှုသည် အရင်းခံမှုလ ပင်မအကြောင်းဖြစ်သည်။
နိကာယ်ငါးရပ်မှာ ဒိဃနိကာယ်၊ ပိဋိကတ်သုံးပုံမှာ သုတ္တန်ပိဋိကတ်ဖြစ်တဲ့
သုတ်မဟာဝါ အဋ္ဌသထာ သက္ကပဉ္ဇသုတ္တန် အဋ္ဌကထာမှာ သပ္ပါယလေးပါးကို
ပြထားပါတယ်။ လေးပါးမျှမှ တရားရနိုင်တယ်ဆိုသော အဓိပ္ပါယ်ဖြစ်သည်။
တရားပြ ဆရာတိုင်း၊ တရားအားထုတ်သူတိုင်း လက်ကိုင်ထားရသော ဝိသုဒ္ဓိမဂ်
အဋ္ဌကထာမှာလည်း သပ္ပါယ လေးပါး၊ (ရ)ပါးကို ပြဆိုထားကာ ဤသပ္ပါယ
လေးပါး၊ ခုနှစ်ပါး ညီညွတ်မျှတမှသာ တရားရနိုင်မည်ဆိုသောကြောင့်
မျှတရန် လွန်စွာမှ အရေးကြီးလှပါသည်။
၁။ ဥတုသပ္ပါယ = အပူအအေးမျှတမှု
၂။ ပုဂ္ဂလ သပ္ပါယ = ပုဂ္ဂိုလ်မျှတမှု
၃။ ဘောဇန သပ္ပါယ = အစားအစာမျှတမှု
၎။ ဓမ္မဿဝန သပ္ပါယ = တရားနာ မျှတမှု (သုတ်မဟာဝါ အဋ္ဌကထာ)
ဝိသုဒ္ဓိမဂ်အဋ္ဌကထာမှ လာသော သပ္ပါယ ခုနှစ်ပါးကတော့
၁။ အာဝါသ သပ္ပါယ =ကျောင်းအာဝါသ မျှတမှု
၂။ ဂေါစရ သပ္ပါယ = ဆွမ်းခံရွာ မျှတမှု
၃။ ဘဿ သပ္ပါယ = စကားပြော မျှတမှု
၎။ ပုဂ္ဂလ သပ္ပါယ = ပုဂ္ဂိုလ်အချင်းချင်း မျှတမှု
၅။ ဘောဇန သပ္ပါယ = အစားအသောက်မျှတမှု
၆။ ဥတု သပ္ပါယ = အပှုအအေးမျှတမှု
၇။ ဣရိယာပထ သပ္ပါယ = ဣရိယာပုတ် မျှတမှု
ဣရိယာပထ သပ္ပါယ(ဣရိယာပုတ် မျှတမှု) အကြောင်း
တရားအားထုတ်တဲ့ ကိစ္စနှင့်ပတ်သတ်လာရင် ဒီဣရိယာပုတ် အကြောင်း
က မပြောလို့ မပြီးပါဘူး။ အင်မတန် အရေးကြီးလှပါတယ်။ တရားအားထုတ်
သူတော်တော်များများဟာ ဒီဣရိယာပုတ်နဲ့ပတ်သတ်ပြီး တရားလန်သွားကြ
ပါတယ်။ ဘုရားရှင်ရဲ့ တရားတော်ဟာ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ပါ။
လျှောင်း၊ ထိုင်၊ ရပ်၊ သွား ဆိုတဲ့ လေးပါးဣရိယာ မျှတစွာ အားထုတ်ရမှာပါ။
ယောဂီတို့ဟာ ယနေ့ထိ အသက်ရှည်စွာတည်နေနိုင်တာဟာလ
သပ္ပါယမျှတလို့ပါ။ ခါတိုင်းလိုပဲ မျှတစွာနေပြီး တရားအားထုတ်ရတာပါ။
ခါတိုင်းနေတာက ပုဂ္ဂိုလ်၊ သတ္တဝါ၊ ငါ၊ သူတပါး၊ ခေါင်း၊ ခါး ၊ခြေ၊ လက်
အမှတ်သညာ၊ ပညတ် အမှတ်သညာနဲ့ နေကြတာပါ။ ဣရိယာပုတ် ပြောင်းနေ
ကြတာပါ။ တရားအားထုတ်တဲ့ အခါမှာတော့ ရုပ်၊ နာမ် အမှတ်သညာနဲ့ နေကြ
တာပါ။ ရုပ်၊ နာမ် အမှတ်သညာနဲ့ ဣရိယာပုတ်ကို ပြောင်းကြရတာပါ။
ပြောင်းနိုင်ပါတယ်၊ ပြောင်းလို့ရပါတယ်။ တစ်နာရီမှာ ဘယ်နှစ်ခါပဲ ပြောင်းပြောင်း
ပြောင်းလို့ရပါတယ်။ ပြောင်းပြီး အားထုတ်ပါ။ ဣရိယာပုတ် တစ်ခုတည်းကို
အကြာကြီး အသုံးပြုအားထုတ်လျှင် ခဏတိုင်း ခဏတိုင်း ဒုက္ခဝေဒနာ ပြင်း
ထန်စွာ ဖြစ်လာမယ်လို့ စာမှာ အတိအကျ ဆိုပါတယ်။ပြီးတော့ ဣရိယာပုတ်ကို
ပြောင်းသင့်တယ်၊ ပြောင်းပေးမယ်ဆိုရင် ဒုက္ခဝေဒနာ မဖြစ်ပါဘူးလို့ စာမှာ အတိ
အကျ ဆိုပါတယ်။ ဒုက္ခဝေဒနာပြင်းထန်စွာ ဖြစ်ပါက တည်ကြည်မှု သမာဓိ
မရဘူးလို့ဆိုပြီး ဒုက္ခဝေဒနာ မဖြစ်က တည်ကြည်မှု သမာဓိ ရပါတယ်လို့
ဆိုပါတယ်။ တည်ကြည်မှု သမာဓိမရပါက မိမိရဲ့ မှုလကမ္မဋ္ဌာန်း ပျက်သွားပါတယ်လို့
ဆိုထားပြီး တည်ကြည်မှု သမာဓိရပါက မှုလကမ္မဋ္ဌာန်း တိုးပွားပါတယ်လို့ ဆိုထား
ပါတယ်။
တရားအားထုတ်တဲ့ ရည်ရွယ်ချက်က တရားအထူးရဖို့ အားထုတ်ကြတာပါ။
ကြာကြာထိုင်နိုင်ဖို့ အားထုတ်ကြတာ မဟုတ်ပါဘူး။ ကြာကြာမထိုင်နိုင်ပဲနဲ့
ပေပြီးထိုင်ကာ အားထုတ်သော်လည်း ဒုက္ခဖြစ်၊ သမာဓိ မရ၊ မှုလ ကမ္မဋ္ဌာန်းပျက်
တရားအထူး မရဆိုတော့ မိမိရည်ရွယ်ချက် မကိုက်တော့ပါ။ ပြောင်းပြင်ပြီး
ဣရိယာပုတ်ချမ်းသာစွာဖြင့် အားထုတ်လျှင် ဒုက္ခဝေဒနာမဖြစ်၊ သမာဓိရမယ်၊
ရှုနေတဲ့ ကမ္မဋ္ဌာန်းတိုးမယ်၊ တရားရမယ်၊ အဲဒါ မိမိတို့ရဲ့ ရည်ရွယ်ချက် ပြည့်ပြီပေါ့။
ခြေတစ်လှမ်း သုံးချက် မှတ်ရှုလို့ရပါတယ်၊။ခြောက်ချ
ဆိုရင် ဣရိယာပုတ်ပြင်ကာမှ မရဘူး၊ အားထုတ်မှု ပျက်တယ်ဆိုရင် မဖြစ်နိုင်၊
ဖြစ်နိုင် စဉ်းစားပါ။ ယုတ္တိ ရှိ၊ မရှိ စဉ်းစားပါ။ ပြီးတော့ ကိုယ်တိုင် စမ်းသပ်ကြည့်ပါ။
ပြင်ပြီး အားထုတ်ကြည့်ပါ၊ မပြင်ဘဲနဲ့ အားထုတ်ကြည့်ပါ။ ထူးခြားချက်ဘယ်လို
လဲ ဆိုတာ သိလာပါလိမ့်မယ်။ ဣရိယာပုတ် အချင်းချင်းလည်းမတူပါ။ အချို့
ယောဂီတွေက အထိုင် ဣရိယာပုတ်နှင့် တရားတက်ပြီး၊ အချို့မှာ
လျှောင်းဣရိယာပုတ်နှင့် တရားတတ်ပါတယ်။ အချို့မှာ မတ်တပ်ရပ်တဲ့ ဣရိယာပုတ်နဲ့
တရားတတ်ပါတယ်။ အချို့မှာ စကြံ င်္ ဣရိယာပုတ်နှင့် တရားတတ်ပါတယ်။
မိမိတရားတတ်တဲ့ ဣရိယာပုတ်ကိုမှတ်ပြီး အဲဒီ ဣရိယာပုတ်နှင့် အချိုန်များ
စွာကြိုးစားပြီး ကျန်တဲ့ ဣရိယာပုတ်သုံးပါးကို အညောင်းပြေ သဘောထားပြီး
ပြောင်းပြင်အားထုတ်ပါ။ တရားတတ်လာပါလိမ့်မယ်။ ဣရိယာပုတ် မျှတချမ်းသာ
လျှင် ကွေးတဲ့လက်ဆန့်၊ ဆန့်တဲ့လက် ကွေးသလောက်ပင် မကြာပါ ။ တ၇ားတတ်
နိုင်ပါတယ်။ အဓိကက တရားတိုးတတ်မှုပါ။
ဘယ်လောက်ပဲ ဣရိယာပုတ်တစ်ခုတည်း ပေတေပြီး အားထုတ်သော်လည်း
ကိုယ်ဆင်းရဲမှု ဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿ တန်းလန်းဖြင့် အားထုတ်လို့တော့
တရားအထူး မရနိုင်ပါလို့ ဘုရားရှင်ဟောထားချက် အတိအကျ ရှိပါတယ်။
ဣရိယာပုတ် ပြောင်းပြင်၍သော်လည်းကောင်း
ကိုယ်ချမ်းသာမှု သုခ၊ စိတ်ချမ်းသာမှု သောမနဿနှင့် အားထုတ်ပါမှ တရား
အထူး ရနိုင်ပါတယ်လို့ ဘုရားရှင်ဟောကြားချက် အတိအကျ ၇ှိပါသည်.။
သပ္ပါယ မျှတစွာ တရားအားထုတ်ပါမှ တရားရနိုင်မယ်ဆိုတာကို သိပြီး၍
ကိုယ်တိုင် ကိုယ်ပိုင်ညဏ်နှင့် ချိန်ဆပြီး အစစအရာရာ မျှတစွာဖြင့် တရားထူး
ရအောင် အားထုတ်နိုင်ကြပါစေ........
ဓမ္မဒူတ အရှင်ပညာဇောတ၏ မျှတမှ တရားရ စာအုပ်မှ
No comments:
Post a Comment