Wednesday, November 26, 2014

ကော့သောင်းမြို့ သမိုင်းအကျဉ်း


ကော့သောင်းမြို့ သမိုင်းအကျဉ်း (ဖတ်မိသလောက်) ကော့သောင်းမြို့နယ်သည် အတိတ် ကာလကမြိတ်ခရိုင်အုပ်ချုပ်ရေးအောက်တွင်တည်ရှိခဲ့ပြီး ၁၇၅၀ ခုနှစ်ဝန်းကျင်တွင် မြန်မာပိုင်နယ်မြေဖြစ်လိုက်၊ ယိုးဒယားပိုင် နယ်မြေဖြစ်လိုက်နှင့်တည်ရှိခဲ့ရာမှ ၁၇၅၉ ခုနှစ် တွင်အလောင်းဘုရားဦးဆောင်သည့် မြန်မာစစ်တပ်များမှသိမ်းပိုက်ခဲ့ပြီး (၆၅)နှစ် တိုင်တိုင်ကွပ်ကဲအုပ်ချုပ်ခဲ့ပါသည်။ ၁၈၆၅ ခုနှစ်တွင် မလေးရှာ မာလာယု ကျွန်စွယ်သားများဖြစ်သည့် မသျှူးလူမျိုး “နာဟူဒါအာမတ်”ဦးဆောင်သော(၁၃)ဦးပါဆွေမျိုးများသည်မလေးရှားမှရွက်လှေဖြင့် ပင်လယ်ရေကြောင်းမြစ်ရိုးများတစ်လျှောက်(စတီခွံ၊ ကနုကမာ၊ မုတ်ခွံ၊ ပုလဲ)ရှာဖွေရန် ထွက်ခွါလာရာမှခရီးကျွံလာပြီးပါချန်မြစ်ဝသို့ဆိုက်ရောက်ခဲ့ကာမြစ်ဖျားတွင်ရွာရှိကြောင်းသိရသဖြင့်မလိဝမ်းကျေးရွာသို့ဝင်ရောက်ခဲ့ပြီးအပြန်လမ်းခရီးတွင်ပသျှူးလူမျိုးအချို့ ၀မ်းရောဂါဖြစ်ပွါးပြီးပါချန်မြစ်ဝ(ယခုရှင်ကြီးမော်အနီး)တွင်စခန်းချနေထိုင်ခဲ့ကြပါသည်
ဘ၀ါးကျွန်းနှင့် သောင်ရင်ကျွန်း(မြွှေကျွန်း) တို့အားအမှတ်သညှာပြုလျှက်ကျွန်းနှစ်လုံး ဟုအဓိပါယ်ရသော ပသျှူးဘာသာဖြ င့် “ပုလိုဒူးဝါး”( ပူလိ=ကျွန်း၊ ဒူးဝါး= နှစ်) ဟုခေါ်စ မှတ်ပြုခဲ့ကြပါသည်။ ၁၈၆၅ နောက်ပိုင်းတွင် ပသျှူးတို့အမှတ် သညှာပြုခဲ့သည့်ကျွန်းနှစ်လုံဟုအစိပါယ် ရသောယိုးဒယားဘာသာစကားဖြင့်“ ကော့စွန်း”(ကော့=ကျွန်း၊ စွန်း=နှစ် )ဟု ခ်ါစမှတ်ပြုခဲ့ရာမှ ကော့သောင်းဟု ယနေ့တိုင် ခေါ်ဆိုခဲ့ကြပါသည်။ - ၁၉၀၀-၁၉၁၁ ကော့သောင်းပထမဆုံးသူကြီး မူဆာဂျီ (ပသျှူးလူမျိုး) - ၁၉၁၂-၁၉၁၈ ဘဲအူမား( လူမျိုးမသိ) - ၁၉၁၉-၁၉၂၂ ဦးပြန် (မြန်မာ) - ၁၉၂၂-၁၉၄၂ ဦးဘဲမတ်(မြန်မာ/မွတ်စလင်) - ၁၉၀၈-၁၉၀၉ ခုနှစ်လောက်တွင် မြန်မာပြည်၏ ဒုတိယအကြီးဆုံးကြိုးမဲ့ကြေးနန်း . ဆက်သွယ်ရေးစခန်းအဖြစ်လည်ကောင်း - ၁၉၂၀ ပြည့်နှစ် ၂၄မိုင်အရှည် ကော့သောင်း-မလိဝမ်းကားလမ်းစတင်ဖောက်လုပ် - ၁၉၃၀ ပြည့်နှစ်တွင် မလိဝမ်းရာဘာခြံအား အင်္ဂလိပ်ကုမ္မဏီမှ စတင်တည်ထောင် - ၁၉၆၂ စစ်ပြီးကာလ ဦးဂျာဖွါး(မြန်မာ/မွတ်စလင်) - ၁၉၆၂ ခုနှစ်နောက်ပိုင်း နယ်ပိုင်ဝန်ထောက်များအဖြစ် ဦးမိုးမြင့်၊ ဦးတက်တိုး၊ဦးခင်စိန်၊ ဦးသိန်းသန်း၊ ဦးငွေညွန့်၊ ဦးအုန်းသန်း၊ ဦးကြည်၊ ဦးသာထင်၊ ဦးလှတင် တို့မှ အသီးအုပ်ချုပ်ခဲ့ကြပါသည်။ - ၁၉၇၂ ခုနှစ်တွင် ရွှေဟင်္သာ၊ အဏ္ဏ၀ါ၊ ဘုရင့်နောင်၊ အောင်သုခ၊ပိတောက်ရွှေဝါ ရပ်ကွက် (၅)ရပ်ကွက်ကျေးရွာအုပ်စု (၁၆)အုပ်စုစတင်ဖွဲ့ - ၁၉၉၈ ခုနှစ်မြို့မရပ်ကွက် ၁၀ ရပ်ကွက် ကျေးရွာအုပ်စု ၁၈ အုပ်စုဖွဲ့စည်းခဲ့။

No comments:

Post a Comment