Sunday, November 23, 2014

သံဃာ့ဂုဏ်တော်(၉)ပါး


၁။ သုပ္ပဋိပန္နော = လောဘ၊ ဒေါသ၊ မောဟကင်းကြောင်း
သီလ သမာဓိ ပညာအကျင့်ကောင်းကို ကောင်းစွာကျင့်
တော်မူသော သံဃာတော်မြတ်ပါပေတကား။
၂။ ဥဇုပ္ပဋိပန္နော = ကိုယ်နှုတ်စိတ်ထား အကောက်သုံးပါး
ကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော်မြတ်
ပါပေတကား။
၃။ ဉာယပ္ပဋိပန္နော = ဆင်းရဲကင်းရန်နိဗ္ဗာန်အလို့ငှါ
သင့်လျော်စွာကျင့်တော်မူသော သံဃာတော်မြတ်ပါ
ပေတကား။
၎။ သာမိစ္စိပ္ပဋိပန္နော = သူများကပြုသည့်ရိုသေမှုနှင့်
သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော
သံဃာတော်မြတ်ပါပေတကား။
၅။ အာဟုနေယျာ = အရပ်ဝေးမှသော်လည်းဆောင်
လာ၍ ပေးလှူပူဇော်ထိုက် ပေးလှူသည်ကိုခံယူထိုက်
သော သံဃာတော်မြတ်ပါပေတကား။
၆။ ပါဟုနေယျော = ချစ်ခင်မြတ်နိုးအပ်သည့် ဧည့်
သည်များအတွက် အထူးပြုပြင်ထားသည့် စား
ကောင်းသောက်ဖွယ်ကိုသော်လည်း ပေးလှူပူဇော်
ထိုက်သော သံဃာတော်မြတ်ပါပေတကား။
၇။ ဒက္ခိဏေယျော = နောင်တမလွန်လောက၌
ကောင်းကျိုးရမည်ဟုယုံကြည်၍ ပေးလှူသည်
ကို ခံယူတော်မူထိုက်သော သံဃာတော်မြတ်ပါ
ပေတကား။
၈။ အဉ္စလီကရဏီယျော = ကောင်းကျိုးချမ်းသာ
မှန်စွာရမည်ဟု ယုံကြည်မျှော်ကိုးလျှက် လက်အုပ်
မိုး၍ ရှိခိုးထိုက်သော သံဃာတော်မြတ်ပါပေတ
ကား။
၉။ အနုတ္တရံ ပုညခေတ္တံလောကဿ = ကောင်းမှု
မျိုးကို စိုက်ပျိုးရန်အလို့ငှါ သတ္တ၀ါအပေါင်း၏
အကောင်းဆုံးလယ်ယာ ဖြစ်တော်မူသော
သံဃာတော်မြတ်ပါပေတကား။
သုပ္ပဋိပန္နအစရှိသော ဤ(၉)ပါးသော ဂုဏ်တော်
တို့နှင့်ပြည့်စုံတော်မူသော မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်လေးပါး
ဖလဋ္ဌာန်ပုဂ္ဂိုလ်လေးပါးအားဖြင့် ရှစ်ပါးသော
အရိယာပုဂ္ဂိုလ်ပေါင်းသံဃာတော်မြတ်ကိုဘုရား
တပည့်တော်သည် ရိုသေမြတ်နိုးလက်အုပ်မိုး၍
ရှိခိုးပူဇော်ဖူးမြောမာန်လျော့ ကန်တော့ပါ၏
မြတ်စွာဘုရား

No comments:

Post a Comment