ခန္ဓာငါးပါးသည် အစဉ်အပြတ်ကြီးပြတ်ခဲ့သော်
ပုဂ္ဂိုလ်သတ္တ၀ါသည်လည်း အပြတ်ကြီးပြတ်
တော့သည် မဟုတ်ပါလားဟု မေးရန်ရှိ၏။
အဖြေကား ဤလူ့ပြည်မှ စုတေ၍ အထက်
နတ်ပြည် ဗြဟ္မာပြည်တို့၌ဖြစ်ရသည်ဟုသော
စကား၊ ဤလူ့ပြည်မှစုတေ၍ အောက်ငရဲပြည်
တို့၌ဖြစ်ရသည်ဟူသောစကားများမှာလည်း
စုတေရာဌာနနှင့်ဖြစ်ရာဌာနများသည်အလွန်
ဝေးစွာကွာခြားလျက်ရှိသောကြောင့် ဌာနေ
ဒေသအားဖြင့် လွန်စွာကွာခြားလျက်ရှိသော်
လည်း ခဏကာလအလိုအားဖြင့် အစဉ်မပြတ်
သည်သာဖြစ်၏။
ပုဂ္ဂိုလ်သတ္တ၀ါသည်လည်း အပြတ်ကြီးပြတ်
တော့သည် မဟုတ်ပါလားဟု မေးရန်ရှိ၏။
အဖြေကား ဤလူ့ပြည်မှ စုတေ၍ အထက်
နတ်ပြည် ဗြဟ္မာပြည်တို့၌ဖြစ်ရသည်ဟုသော
စကား၊ ဤလူ့ပြည်မှစုတေ၍ အောက်ငရဲပြည်
တို့၌ဖြစ်ရသည်ဟူသောစကားများမှာလည်း
စုတေရာဌာနနှင့်ဖြစ်ရာဌာနများသည်အလွန်
ဝေးစွာကွာခြားလျက်ရှိသောကြောင့် ဌာနေ
ဒေသအားဖြင့် လွန်စွာကွာခြားလျက်ရှိသော်
လည်း ခဏကာလအလိုအားဖြင့် အစဉ်မပြတ်
သည်သာဖြစ်၏။
မပြတ်ပုံကား
ဤလူ့ပြည်မှစုတေ၍ အထက်နတ်ပြည်
ဗြဟ္မာ့ပြည်တို့၌ဖြစ်ကြရသည်မှာလည်း
ဤလူ့ပြည်၌ စုတိစိတ်၏ဘင်ခဏနှင့်
နတ်ပြည်ဗြဟ္မာ့ပြည်တို့၌ ပဋိသန္ဓေစိတ်၏
ဥပါဒ်ခဏသည် မျက်တောင်တစ်ခတ်လျှပ်
တစ်ပြက်ခဏကာလ အစိတ်တစ်ထောင်
စိတ်သော်လည်း တစ်စိတ်စာမျှကွာခြား
ခြင်းမရှိ။ တစ်စဉ်တည်းတစ်ဆက်တည်း
ဆက်လျက်ရှိ၏။
နတ်ဗြဟ္မာတို့၏ နတ်မျက်စိ၊ အဘိညာဉ်
ရသော ရသေ့ရဟန်းတို့၏ အဘိညာဉ်
မျက်စိတို့ကို လူ့ပြည် နတ်ပြည် ဗြဟ္မာ့
ပြည် ငရဲပြည်တို့၌ အနှံ့အပြားဖြန့်ခင်း၍
ထိုလူ့ပြည်မှသေသောသူ၏အလား
အလာကို ကြည့်ရှု၍နေခဲ့သော် ဤသူ
သည် လူ့ပြည်မှစုတေ၍ အထက်ဘယ်
ဘုံဘယ်ဘ၀မှာဖြစ်လေသည်ဟူ၍
တစ်ဆက်တည်းတစ်စဉ်တည်းထင်နိုင်
ကြ မြင်နိုင်ကြသည်သာဖြစ်၏။
ဥပမာကား တိမ်တိုက်မှာလျှပ်ပြက်သည်
ကိုကြည့်ရှု၍ နေကြရာ၌ လျှပ်ပြက်ရာ
ဌာနနှင့်လျှပ်ရောင်ရောက်ရာမြေအပြင်
သည် အလွန်ကွာခြားလျက်ရှိသော်လည်း
တိမ်တိုက်၌လျှပ်ဖြစ်ပေါ်သောခဏနှင့်
မြေအပြင်၌လျှပ်ရောင်ကျရောက်သော
အခဏသည် တစ်ပြိုင်နက်တစ်ချက်တည်း
ကဲ့သို့ဆက်လျှက်ရှိသောကြောင့်တိမ်တိုက်
ကလျှပ်သည်ပင်လျှင် မြေအပြင်သို့ရောက်
လာသည်ဟု မျက်မြင်ဒိဋ္ဌမှတ်ယူနိုင်ကြ
သကဲ့သို့တည်း။
ဤစကား၌ နတ်မျက်စိ အဘိညာဉ်
မျက်စိတို့ဖြင့်ကြည့်ရှု၍နေသောသူတို့မှာ
စုတေသောသူ၏ ဘင်ခဏကိုမြင်နိုင်
မည်မဟုတ်။ ထိုသတ္တ၀ါသည်ပင်လျှင်
ထိုခန္ဓာမှထွက်၍ ဘယ်ဘုံဘယ်ဘဝ
မှာဖြစ်လေ၏ဟု တစ်ဆက်တည်းဆက်
လျက်ထင်မြင်ရလေ၏။
အကြား၌မှုကား အလွန်သိမ်မွေ့လှ
အလွန်လျင်မြန်လှသောကြောင့်ရှေးဘဝ
စုတိနှင့်နောက်ဘ၀ ပဋိသန္ဓေကြား၌
ကူးပြောင်း၍သွားသည်ကိုမူကား မထင်
နိုင်ကြ မမြင်နိုင်ကြရှိ၏ဟုမှတ်ယူကြကုန်
၏။
ဤသို့လျှင် လူ့ပြည်စုတေ၍နတ်ပြည်
ဗြဟ္မာ့ပြည် ငရဲပြည်တို့မှာဖြစ်ကြရာ၌
လည်း ခန္ဓာအစဉ်သည်မပြတ်သည်သာ
ဖြစ်၏။ ခန္ဓာအစဉ်မပြတ်ခဲ့သော် ထို
သတ္တ၀ါပညတ်သည်လည်းမပြတ်လေ
တော့သည်သာလျှင်တည်း။
အချို့အချို့သောသူတို့သည် စုတိနှင့်
ပဋိသန္ဓေသည် ခဏကာလအားဖြင့်
တစ်ဆက်တည်းဆက်လျက်ရှိနေသည်
ကို မကြံမိမူ၍ ဌာနအားဖြင့်အလွန်ဝေး
စွာ ကွာခြားချက်ကိုသာထင်မြင်၍နေ
ကြသဖြင့် ရှေးဘ၀နှင့်နောက်ဘဝ
ဆက်လက်နိုင်ရန်မရှိဟု ယောင်ဝါး
ကြီးဖြစ်၍နေကြ၏။
ရှင်းလှပါတကား။ ယခုလိုသိပ္ပံခေတ်
ကြီးထဲတွင် ဘယ်လောက်ပင်နေရာ
ဌာနအားဖြင့် ဝေးကွာခြားနားစေကာမူ
အလင်းစွမ်းအင် လျှပ်စစ်သံလိုက်စွမ်း
အင်၊ လျှပ်စစ်သံလိုက်စွမ်းအင်စသည်
တို့သည် တစ်စက္ကန့်လျှင်မိုင်ပေါင်း
၁၈၆၀၀၀အလျင်နှုန်းဖြင့်အာကာသ
အတွင်း ပျံ့နှံ့နိုင်၏။ ထို့ကြောင့် အ၀ှမ်း
မိုင် ၁၈၆၀၀၀ အတွင်းကျရောက်သော
အရပ်တွင် ထိုစွမ်းအင်များသက်ရောက်
မှုသည် တစ်စက္ကန့်မျှမကြာချေ။
ထိုအချက်ကို ယနေ့ခေတ်စားလျက်ရှိ
သော ရေဒီယို တယ်လီဗေးရှင်းများအရ
သိသာထင်ရှားလှပေသည်။
ဆန်းလွင်
ရတနာသုံးပါးကိုကိုးကွယ်တည်းကပ်လာသူ
တစ်ယောက်အကြောင်း
ဤလူ့ပြည်မှစုတေ၍ အထက်နတ်ပြည်
ဗြဟ္မာ့ပြည်တို့၌ဖြစ်ကြရသည်မှာလည်း
ဤလူ့ပြည်၌ စုတိစိတ်၏ဘင်ခဏနှင့်
နတ်ပြည်ဗြဟ္မာ့ပြည်တို့၌ ပဋိသန္ဓေစိတ်၏
ဥပါဒ်ခဏသည် မျက်တောင်တစ်ခတ်လျှပ်
တစ်ပြက်ခဏကာလ အစိတ်တစ်ထောင်
စိတ်သော်လည်း တစ်စိတ်စာမျှကွာခြား
ခြင်းမရှိ။ တစ်စဉ်တည်းတစ်ဆက်တည်း
ဆက်လျက်ရှိ၏။
နတ်ဗြဟ္မာတို့၏ နတ်မျက်စိ၊ အဘိညာဉ်
ရသော ရသေ့ရဟန်းတို့၏ အဘိညာဉ်
မျက်စိတို့ကို လူ့ပြည် နတ်ပြည် ဗြဟ္မာ့
ပြည် ငရဲပြည်တို့၌ အနှံ့အပြားဖြန့်ခင်း၍
ထိုလူ့ပြည်မှသေသောသူ၏အလား
အလာကို ကြည့်ရှု၍နေခဲ့သော် ဤသူ
သည် လူ့ပြည်မှစုတေ၍ အထက်ဘယ်
ဘုံဘယ်ဘ၀မှာဖြစ်လေသည်ဟူ၍
တစ်ဆက်တည်းတစ်စဉ်တည်းထင်နိုင်
ကြ မြင်နိုင်ကြသည်သာဖြစ်၏။
ဥပမာကား တိမ်တိုက်မှာလျှပ်ပြက်သည်
ကိုကြည့်ရှု၍ နေကြရာ၌ လျှပ်ပြက်ရာ
ဌာနနှင့်လျှပ်ရောင်ရောက်ရာမြေအပြင်
သည် အလွန်ကွာခြားလျက်ရှိသော်လည်း
တိမ်တိုက်၌လျှပ်ဖြစ်ပေါ်သောခဏနှင့်
မြေအပြင်၌လျှပ်ရောင်ကျရောက်သော
အခဏသည် တစ်ပြိုင်နက်တစ်ချက်တည်း
ကဲ့သို့ဆက်လျှက်ရှိသောကြောင့်တိမ်တိုက်
ကလျှပ်သည်ပင်လျှင် မြေအပြင်သို့ရောက်
လာသည်ဟု မျက်မြင်ဒိဋ္ဌမှတ်ယူနိုင်ကြ
သကဲ့သို့တည်း။
ဤစကား၌ နတ်မျက်စိ အဘိညာဉ်
မျက်စိတို့ဖြင့်ကြည့်ရှု၍နေသောသူတို့မှာ
စုတေသောသူ၏ ဘင်ခဏကိုမြင်နိုင်
မည်မဟုတ်။ ထိုသတ္တ၀ါသည်ပင်လျှင်
ထိုခန္ဓာမှထွက်၍ ဘယ်ဘုံဘယ်ဘဝ
မှာဖြစ်လေ၏ဟု တစ်ဆက်တည်းဆက်
လျက်ထင်မြင်ရလေ၏။
အကြား၌မှုကား အလွန်သိမ်မွေ့လှ
အလွန်လျင်မြန်လှသောကြောင့်ရှေးဘဝ
စုတိနှင့်နောက်ဘ၀ ပဋိသန္ဓေကြား၌
ကူးပြောင်း၍သွားသည်ကိုမူကား မထင်
နိုင်ကြ မမြင်နိုင်ကြရှိ၏ဟုမှတ်ယူကြကုန်
၏။
ဤသို့လျှင် လူ့ပြည်စုတေ၍နတ်ပြည်
ဗြဟ္မာ့ပြည် ငရဲပြည်တို့မှာဖြစ်ကြရာ၌
လည်း ခန္ဓာအစဉ်သည်မပြတ်သည်သာ
ဖြစ်၏။ ခန္ဓာအစဉ်မပြတ်ခဲ့သော် ထို
သတ္တ၀ါပညတ်သည်လည်းမပြတ်လေ
တော့သည်သာလျှင်တည်း။
အချို့အချို့သောသူတို့သည် စုတိနှင့်
ပဋိသန္ဓေသည် ခဏကာလအားဖြင့်
တစ်ဆက်တည်းဆက်လျက်ရှိနေသည်
ကို မကြံမိမူ၍ ဌာနအားဖြင့်အလွန်ဝေး
စွာ ကွာခြားချက်ကိုသာထင်မြင်၍နေ
ကြသဖြင့် ရှေးဘ၀နှင့်နောက်ဘဝ
ဆက်လက်နိုင်ရန်မရှိဟု ယောင်ဝါး
ကြီးဖြစ်၍နေကြ၏။
ရှင်းလှပါတကား။ ယခုလိုသိပ္ပံခေတ်
ကြီးထဲတွင် ဘယ်လောက်ပင်နေရာ
ဌာနအားဖြင့် ဝေးကွာခြားနားစေကာမူ
အလင်းစွမ်းအင် လျှပ်စစ်သံလိုက်စွမ်း
အင်၊ လျှပ်စစ်သံလိုက်စွမ်းအင်စသည်
တို့သည် တစ်စက္ကန့်လျှင်မိုင်ပေါင်း
၁၈၆၀၀၀အလျင်နှုန်းဖြင့်အာကာသ
အတွင်း ပျံ့နှံ့နိုင်၏။ ထို့ကြောင့် အ၀ှမ်း
မိုင် ၁၈၆၀၀၀ အတွင်းကျရောက်သော
အရပ်တွင် ထိုစွမ်းအင်များသက်ရောက်
မှုသည် တစ်စက္ကန့်မျှမကြာချေ။
ထိုအချက်ကို ယနေ့ခေတ်စားလျက်ရှိ
သော ရေဒီယို တယ်လီဗေးရှင်းများအရ
သိသာထင်ရှားလှပေသည်။
ဆန်းလွင်
ရတနာသုံးပါးကိုကိုးကွယ်တည်းကပ်လာသူ
တစ်ယောက်အကြောင်း
No comments:
Post a Comment