Tuesday, November 25, 2014

ရထားထိန်းအစစ်


အမျက်ဒေါသကို ထိန်းသိမ်းပယ်ရှားနိုင်တဲ့
ပုဂ္ဂိုလ် လောကမှာစိတ်ဆိုးလို့ပြဿနာတက်
တာအများကြီးပဲလေ။ မိသားစုထဲမှာ အိမ်
ထောင်စုပြိုကွဲသွားတာတို့၊ သားသမီးမိဘ
မိသားစုအချင်းချင်း ပြိုကွဲသွားတာအတော်
များများဟာ ဒေါသကြောင့်ဖြစ်တာ။

ဒေါသက တော်တော်များများလောကကို
ဒုက္ခပေးနေတယ်။ ဒါသေချာတယ်။ ကံကြီး
တွေထိုက်အောင် လုပ်တာပဲကြည့်လေ။
ဒေါသကြောင့်ဖြစ်တာပဲ။ မာတုဃာတက
အမိကိုသတ်တဲ့ကံ၊ ပိတုဃာတက အဖကို
သတ်တဲ့ကံ၊ အရဟန္တဃာတက၊ ရဟန္တာ
သတ်တဲ့ကံ၊ လောဟိတုပ္ပါဒက၊ ဘုရားသွေး
စိမ်းတည်အောင်လုပ်တဲ့ကံ ဒါတွေက ဒေါသ
အခြေခံပြီးတော့ဖြစ်တာ။
အဲဒီဒေါသကိုမထိန်းနိုင်ဘူး။ မဖယ်ရှားနိုင်
ဘူးဆိုရင် လောကကြီးမှာပြဿနာတွေ
များစွာတက်တတ်တယ်။ ဒါကြောင့်မို့ကိုယ့်
ဒေါသကို ကိုယ်ထိန်းနိုင်တဲ့ပုဂ္ဂိုလ်ဟာလူ
တော်လူကောင်းတစ်ယောက်ပဲ။
ရဟန်းတော်တွေ သစ်ပင်မခုတ်ရဆိုတဲ့
ပညတ်ချက်နဲ့ပတ်သတ်ပြီးတော့ ရုက္ခစိုး
နတ်တစ်ဦးရဲ့ဒေါသထိန်းနိုင်ပုံကိုမြတ်စွာ
ဘုရားက ဟောထားတာရှိတယ်။
အေး မြင်းရထားမောင်းတဲ့ပုဂ္ဂိုလ်ဟာ
မြင်းရဲ့ဇက်ကို နိုင်အောင်ထိန်းနိုင်ပေ
မယ့် တကယ့်ရထားထိန်းလို့မခေါ်နိုင်
ဘူးတဲ့။ ကိုယ့်ဒေါသကိုယ်ထိန်းနိုင်တဲ့
ပုဂ္ဂိုလ်မှ တကယ့်ရထားထိန်းလို့ခေါ်
နိုင်တယ်လို့ မြတ်စွာဘုရားကဟော
ထားတာရှိတယ်။
ရဟန်းတော်တစ်ပါးကကျောင်းဆောက်
ရန်အတွက်ကြီးမားတဲ့သစ်ပင်ကြီးတစ်
ပင်ကို လှဲတယ်။ လှဲတဲ့အခါမှာ အဲဒီ
သစ်ပင်ရဲ့ဘုံဗိမာန်မှာရှိတဲ့ ရုက္ခစိုးနတ်
က အရှင်ဘုရား၊ ကိုယ့်အတွက်အ
ဆောက်အအုံလုပ်ချင်တာနဲ့တပည့်
တော်ရဲ့အဆောက်အအုံကိုမဖျက်စီး
ပါနဲ့တဲ့ ပြောတော့ ဟိုကိုယ်တော်က
နားမထောင်ဘူး။
အဲဒီတော့ ရုက္ခစိုးဘာလုပ်တုန်းလို့ဆို
ရင် ခုတ်မည့်နေရာကို သူ့ရဲ့သားငယ်
လေးရှေ့ကထားလိုက်ရင်ဒီကိုယ်တော်
ခုတ်မှာမဟုတ်ဘူးလို့ ခုတ်မည့်နေရာ
မှာ သူ့သားငယ်လေးကိုထားလိုက်
တယ်။ ဟိုကိုယ်တော်ကလည်းအားနဲ့
ခုတ်ချလိုက်တဲ့အချိန်မှာ မထိန်းနိုင်
တော့ဘဲနဲ့ ရုက္ခစိုးသားလေး လက်
မောင်းခုတ်မိသွားလို့ အရင်းကနေ
ပြတ်သွားတယ်။
ကဲစဉ်းစားကြည့် ကိုယ်ကိုယ်တိုင်ကြုံရင်
မခုတ်ပါနဲ့လည်းပြောတယ်။ ဒီကလေး
လေးမြင်ရက်သားနဲ့ခုတ်လိုက်တယ်ဆို
တော့ ဘယ်လောက်စိတ်ဆိုးမလဲ။
သို့သော် အဲဒီနတ်က သူ့ရဲ့တန်ခိုးပါဝါ
နဲ့ အဲဒီရဟန်းကိုအဲဒီနေရာမှာပဲသတ်
လိုက်တော့မလို့စိတ်ဖြစ်လိုက်တဲ့အချိန်
မှာ ဒေါသကိုပြန်ပြီးတော့ထိန်းလိုက်
တယ်။
ဘယ်လိုထိန်းလိုက်သလဲဆိုရင်
သြော် ဒီကိုယ်တော်မှာ ဆရာသမားရှိ
တယ်။ ဘုရားရှိတယ်။ ငါသတ်လိုက်
လို့ရှိရင်င့ါမှာ အကုသိုလ်တွေဖြစ်မယ်။
သူ့ရဲ့ဆရာဆီသွားပြီးတိုင်မယ်ဆိုပြီး
မြတ်စွာဘုရားထံသွားပြီးလျှောက်တယ်။
လျှောက်လိုက်တဲ့အခါမှာ မြတ်စွာဘုရား
က အေးကိုယ့်ဒေါသကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်
ကမှ တကယ့်ရထားထိန်းအစစ်ပဲတဲ့။
အရှိန်နဲ့ထွက်လာတဲ့ဒေါသကို သူထိန်း
လိုက်တယ်ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်
ဘူးဆိုပြီးမြတ်စွာဘုရားကချီးမွှန်းတယ်။
ကိုယ့်ဒေါသကိုယ် ထိန်းတာသိပ်ကောင်း
တာပဲလို့ မြတ်စွာဘုရားက တရားဟော
ပြီး ဇေတ၀န်ကျောင်းထဲမှာမကြာခင်က
ပဲ နတ်ကစုတေပြီးသွားလို့အားသွားတဲ့
ဘုံဗိမာန်တစ်ခုကိုညွှန်ပြီးတော့ အဲဒီမှာ
သူ့ကိုနေရာချပေးထားတယ်။
အော် ဒေါသကိုထိန်းတဲ့သူဟာသူတော်
ကောင်းပဲတဲ့။ ဒါတရားကျင့်တယ်ဆိုတာ
ဒီလိုလက်တွေ့ကျင့်တာကိုပြောတာနော်။
ဒါတာဝတိံသာနတ်တွေက သူတော်ကောင်း
လို့သတ်မှတ်တဲ့စံတွေကိုထုတ်ပြောတာ။
ဒေါက်တာနန္ဒမာလာဘိဝံသ
သူတော်ကောင်းတို့၏စိတ်နေသဘောထား

No comments:

Post a Comment